Connect with us

Media

China Railway Qinghai-Xizang Group က နွေဦးပွဲတော် ခရီးသွားကာလအတွင်း ပို့ဆောင်ပေးခဲ့သော ခရီးသည်အရေအတွက် မြင့်တက်

လားဆ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

China Railway Qinghai-Xizang Group ကုမ္ပဏီလီမိတက်သည် မကြာသေးမီက ကုန်ဆုံးခဲ့သော ၂၀၂၄ ခုနှစ် နွေဦးပွဲတော် ခရီးသွားကာလအတွင်း ခရီးသည်အရေအတွက် ၁.၉၅ သန်းကျော် ပို့ဆောင်နိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၈၀.၃၇ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါ ကာလအတွင်း ထိုကုမ္ပဏီမှ ပို့ဆောင်ခဲ့သော ခရီးသည်အရေအတွက်မှာ စုစုပေါင်းပမာဏရော နေ့စဉ်ပျမ်းမျှအရေအတွက်ပါ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ခရီးသွားကာလအတွင်း နေ့စဉ်ရထားလမ်းဝန်ဆောင်မှုမှတစ်ဆင့် ပျမ်းမျှ ခရီးသည် ၄၈,၉၀၀ ဦး ခရီးသွားလာခဲ့ကြကြောင်း၊ နေ့စဉ်ခရီးသည်အရေအတွက်မှာမူ ၆၅,၀၀၀ အထိ ရှိခဲ့ရာ နောက်ထပ်စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် အဓိကအားဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်နှင့် နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရထားလမ်းကြောင်းများ၌ တာဝန်ယူပြေးဆွဲလျက်ရှိသည်။

၂၀၂၄ ခုနှစ် နွေဦးပွဲတော် ခရီးသွားကာလသည် ဇန်နဝါရီ ၂၆ ရက်တွင် စတင်ကာ မတ် ၅ ရက်တွင် ပြီးဆုံးခဲ့သည်။ အဆိုပါကာလအတွင်း ရထားလုပ်ငန်းအနေဖြင့် ခရီးသွားများပြားခြင်းနှင့် ကိုက်ညီမှုရှိစေရန် ယာယီရထား ၁၈၄ စင်းဖြည့်စွက်ခဲ့ကာ ထပ်တိုးရထားတွဲ ၆၉၀ ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
China Railway Qinghai-Xizang Group transports soaring passengers in Spring Festival rush
LHASA, March 10 (Xinhua) — China Railway Qinghai-Xizang Group Co., Ltd. handled a total of over 1.95 million passengers, up 80.37 percent year on year, during the recently-concluded 2024 Spring Festival travel rush, said the group.
The group transported a record number of passengers during the period, both in terms of the total number and the daily average number. An average of 48,900 passengers traveled via its railway services daily during the 2024 travel rush, while the daily peak number of passengers topped 65,000 — another new high.
The group is mainly in charge of railway routes in northwest China’s Qinghai Province and southwest China’s Xizang Autonomous Region.
The 2024 Spring Festival travel rush began on Jan. 26 and ended on March 5. During the rush, the railway operator added 184 temporary trains and attached 690 additional carriages to meet the soaring travel demand.