Media
မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့ အလျင်အမြန် ရောက်ရှိလာ
ယူနန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်ယူနန် ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့သည် အသက်ရှင်သူများအား ဘက်စုံရှာဖွေနိုင်စွမ်းရှိသည့် ကိရိယာများ၊ ငလျင်ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင်ဂြိုဟ်တုများ၊ ဒရုန်းများ စသည့် အခြားအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်ကာ ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ် ၂၉ ရက် ည ၆ နာရီခန့်တွင် လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
မတ် ၂၈ ရက် ၁၄ နာရီ ၂၀ မိနစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၌ ပြင်းအား ၇.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ နေရာအများအပြားတွင် သေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ကပ်ဘေးဖြစ်ပွားပြီးနောက် ဗဟိုအစိုးရ၏ အလုံးစုံဖြန့်ကြက်စီမံမှု၊ ယူနန်ပြည်နယ်ပါတီကော်မတီနှင့် ပြည်နယ်အစိုးရ၏ ကွပ်ကဲညှိနှိုင်းမှုများအရ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးသည် ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးကော်မရှင်၊ China Eastern လေကြောင်းလိုင်းယူနန်ကုမ္ပဏီနှင့် အခြားဌာနဆိုင်ရာများက ထောက်ပံ့ရေးပစ္စည်းများကို ညတွင်းချင်း စုဆောင်းကာ မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီပေးရန် ကယ်ဆယ်ရေးဆေးအဖွဲ့များ စေလွှတ်ခဲ့သည်။
တရုတ်နိုင်ငံ၏ ယူနန်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာအဖွဲ့သည် “ငလျင်ကယ်ဆယ်ရေးနှင့် ဒဏ်ရာရသူများကို ကုသရာတွင် မြန်မာနိုင်ငံကို အစွမ်းကုန်အကူအညီပေးမည်” ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(Chinese Version)
中国云南救援医疗队赶赴缅甸震区
3月29日6时许,中国云南救援医疗队一行37人携带全功能生命探测仪、地震预警系统、便携式卫星、无人机等应急救援物资,从昆明长水国际机场乘飞机出发,赶赴缅甸地震灾区。
3月28日14时20分,缅甸中部发生7.9级地震,造成了缅甸多地重大人员伤亡及财产损失。灾情发生后,按照中央统筹部署,云南省委和省政府指挥协调,云南省外办会同省应急管理厅、省卫生健康委、东航云南公司等单位连夜调集物资、组派救援医疗队紧急驰援缅甸。
中国云南救援医疗队将发扬“全力协助缅甸做好抗震救灾和伤员救治工作。