ရန်ကုန်၊ဧပြီ၁၄ရက်(ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၂၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားခဲ့သည်။...
ရန်ကုန်၊ ဧပြီ ၁၂ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတအိမ်တော် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသြင်္ကန်ပွဲတော်အခမ်းအနားအား ယနေ့သြင်္ကန်အကြိုနေ့ နံနက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သြင်္ကန်အကြိုနေ့ နံနက် ၇နာရီခွဲအချိန်တွင် ပြည်သူပြည်သားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းစကားပြောကြားပြီးနောက် ရန်ကုန်မြို့တော်မဟာသြင်္ကန်ဗဟိုမဏ္ဍပ်ကိုဖွင့်လှစ်ခဲ့သည်။ ဦးဖြိုးမင်းသိန်းက “မြန်မာ့ရိုးရာယဉ်ကျေးမှုကိုစောင့်ရှောက်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရမည့်တာဝန်လည်း ရှိလာပါတယ်။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ယခုနှစ်အတာသြင်္ကန်သည် မြန်မာ့ရိုးရာ အမျိုးသားရေးစိတ်ဓာတ် ပေါ်လွင်နိုင်ရေး...
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)ယနေ့ ကျရောက်သည့် မြန်မာအတာသြင်္ကန်ပွဲတော်တွင် မဏ္ဍပ်များ၌ နံနက် ၈နာရီမှ စတင်၍ ရေကစားသူများ၊ ရေပက်ခံသူများ ဖြင့်စည်ကားလျက်ရှိသည်။ မြူးကြွသော တေးဂီတသံစဉ်များနှင့် အတူ မဏ္ဍပ်ပေါ်တွင် အဆိုတော်များ တေးသီချင်း သီဆို နေကြတာကို စင်အောက်မှ ပရိတ်သတ်များက ဂီတသံစဉ်နှင့် အတူ...
မက္ကဆီကို စီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) စက်ဘီးစီးသူပေါင်း ၅ထောင်ကျော် က ဧပြီ လ ၁ဝ ရက်နေ့တွင် မက္ကဆီကို စီးတီးတွင် စက်ဘီးများမောင်းနှင်ပြီး စက်ဘီးပုံဖော်ခဲ့သည်။ စရိတ်သက်သာသည့် သွားလာရေးစနစ်နှင့် လေထုညစ်ညမ်းမှုတို့ကို လျှော့ချနိုင်မည့် ကြိုးပမ်းအားထုတ်မှုအဖြစ် ထို သို့စီစဉ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ကျင်းပခြင်းသည် ကမ္ဘာ့စက်ဘီးနေ့အထိမ်းအမှတ်အခမ်းအနား...
ဇီကာတီကတ်ဇ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းဒေသ ဇီကာတီကတ်ဇ်တွင် အော်တဇင်ရောဂါ ဝေဒနာ ခံစားနေရသော ကလေးငယ်များအတွက် ခွေလိမ်မာများကို ကူညီကုသစေလျက်ရှိသည်။ golden retrievers အမျိုးအစား ခွေးလေးများသည် သင်ကြားရလွယ်ကူပြီး ၅ လခန့်သာလေ့ လေ့ကျင့်ပေးခဲ့ရသည်။ ခွေးကလေးများသည် ကလေးငယ်များအား ပုံမှန်အသိဉာဏ်ပြန်ရစေရန်၊ လူအများနှင့်...
ရန်ကုန်၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိပြည်သူများ အထူးသဖြင့် လူငယ်များက အင်္ဂါနေ့ မှ စတင်ကာ ၅ ရက်တာ ကျရောက်မည့် ရေသဘင်ပွဲတော်ကို တက်ကြွစွာဆင်နွှဲရန်အတွက် ပြင်ဆင်လျက်ရှိသည်။ လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်အချို့က လည်း အပြင်အဆင် ဒီဇိုင်းများ သူ့ထက်ငါ လှပစွာ ဖန်တီးထားကြတာ ကိုလည်းမြင်တွေ့နိုင်မည်ဖြစ်သည်။...
ဆန်းရှ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံတောင်ပိုင်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများအတွက် ရေကြောင်း အန္တရာယ်မှ ကင်းဝေးစေမည့် သင်ရိုးများစတင်သင်ကြားပေးခဲ့သည်။ အဆိုပါ သင်ရိုးတွင် ရေလမ်းကြောင်းသွားလာရာတွင် အန္တရာယ် ကင်းစွာသွားလာနိုင်ရန် မေးခွန်း၊ အဖြေများ နှင့် အသက်ကယ် အင်္ကျီဝတ်ဆင်ခြင်း ပြိုင်ပွဲများပါဝင်သည်။ ကျောင်းမှာ တောင်တရုတ် ပင်လယ်ပြင်၏ ရေပတ်လည်ဝန်းရံနေသည့် ယောင်ရှင်းကျွန်းစုရှိ...
ဂါဇာ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)အမျိုးအစားစုံလှသည့် ခိုများကို ပရိသတ်များမြင်တွေ့စေရန်နှင့် ၎င်းတို့၏ သွင်ပြင်လက္ခဏာများအား မိတ်ဆက်ပေးရန်အတွက် ကမ္ဘာ့ပထမဆုံး ခိုပြပွဲကို ဂါဇာတွင် ကျင်းပပြုလုပ်ခဲ့သည်။ပြပွဲကို ဧပြီလ ၇ ရက်နေ့က ဂါဇာ အနောက်ပိုင်းမြို့တော်တွင်ကျင်းပခဲ့သည်။ ခိုအရောင်အသွေးစုံတို့ကို သတ္တုလှောင်အိမ်ထဲထည့်ကာ ပြသထားခြင်းဖြစ်သည်။ အဆိုပါ ပြပွဲကို လူငယ်များအဖွဲ့ မှ...
ရန်ကုန်၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရ သူများကို ဧပြီ လ ၉ ရက်နေ့ တွင် အမှုများမှ ရုပ်သိမ်းပေးခဲ့ကြောင်းသိရသည်။ နောက်ဆုံးရရှိထားသည့် သတင်းများအရ ပဲခူး၊ မကွေး၊ ရန်ကုန် နှင့် မန္တလေးတိုင်းဒေသတို့ရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ...