Connect with us

Videos

တရုတ် ရိုးရာခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ရန်ကုန်မြို့စဉ့်အိုးတန်း(အထက်လမ်း)၌ ကျင်းပ

ရန်ကုန် ၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

၁၄ ကြိမ်မြောက်တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ကို ရန်ကုန်မြို့ လသာမြို့နယ်ရှိစဉ့်အိုးတန်း (အထက်လမ်း)၌ ဖေဖော်ဝါရီ ၆ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။ ယခုနှစ်တွင်ကျင်းပသော တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲတွင် ခြင်္သေ့ ပြိုင်ပွဲဝင် အသင်း ၁၆ သင်း နှင့် နဂါးရှည် ပြိုင်ပွဲဝင် အသင်း ၁၁ သင်းပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

၁၄ ကြိမ်မြောက် အဖြစ် တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဥက္ကဋ္ဌ ဦးကျော်ကျော် က ပြိုင်ပွဲ ကျင်းပရခြင်းသည် နှစ်ကူးအချိန်အခါတွင် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက မပပျောက်စေရေး နှင့် အချင်းချင်း စည်းလုံး ညီညွှတ်မှု ၊ ရိုင်းပင်း ကူညီမှုများ ရရှိစေပြီး မိဘပြည်သူများ ပျော်ရွှင် လန်းဆန်းစွာ နှစ်သစ်တွင် အပန်းဖြေ ကြည့်ရှုနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ခြင်္သေ့ ၊ နဂါး အကသည် တရုတ်လူမျိုးတို့၏ စိတ်ပိုင်းဆိုင်ရာ အားထားမှု တစ်ခု ဖြစ်ပြီး ဘေးအန္တရာယ်များကိုလည်း ကာကွယ် စောင့်ရှောက်သည့် ယုံကြည်ချက် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် ရိုးရာခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားအား ဖေဖော်ဝါရီ၉ ရက်တွင် ကျင်းပ သွားမည် ဖြစ်ပြီး အုပ်စု ပတ်လည် အမှတ် အများဆုံး ရရှိသည့် အသင်း ၆ သင်း နှင့်အတူ ယမန်နှစ်တွင် ချန်ပီယံဆု ရရှိထားသော Black Pearl အသင်း တို့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ နဂါးရှည် ပြိုင်ပွဲဝင် အသင်း ယှဉ်ပြိုင်မှုများအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။တရုတ် ရိုးရာခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည် ပြပွဲ ၊ ဖွင့်ပွဲ ၊ ပြိုင်ပွဲများအား မြန်မာနိုင်ငံ ခြသေ့ၤ နဂါး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.