Connect with us

Videos

တရုတ်နိုင်ငံ၏ အကြီးဆုံး စိန်ထုတ်လုပ်ရေးလုပ်ငန်းတွင်အပါအဝင်ဖြစ်သည့် Sino Crystal

ဟဲနန်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင်တည်ရှိသည့် အကြီးဆုံး စိန်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Sino Crystal ကို ဆင်ဟွာ သတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့သည်။ သဘာဝ စိန်များမှာ တန်ဖိုးကြီးမားပြီး ရှားပါးလှသောကြောင့် ယနေ့ခေတ် တရုတ်နိုင်ငံတွင် ဓါတ်ခွဲခန်း၌ ပြုလုပ်သည့် စိန်ထုတ်လုပ်ခြင်းကို အများစု အားထားလာကြသည်။ စိန်ထုတ်လုပ်သည့်ဓါတ်ခွဲခန်းမှ သဘာဝစိန်အလား ထင်မှတ်မှားနိုင်သည်အထိ နှစ်သက်ရာ ဒီဇိုင်းပုံစံကို ပုံဖော်ထုတ်လုပ်နိုင်သည်။

သဘာဝ စိန်များနှင့် ဓါတ်ခွဲခန်းမှ ထုတ်လုပ်သည့် စိန်များမှာ ဒြပ်သဘောအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ထပ်တူကျသော်လည်း ဓါတ်ခွဲခန်းမှ ထုတ်လုပ်သည့်စိန်များမှာ ဈေးနှုန်းအားဖြင့် သဘာဝစိန်များ ထက်လျော့နည်း သောကြောင့် လူအများ၏ ရွေးချယ်မှုခံရခြင်းဖြစ်သည်။ Sino Crystal မှ နှစ်စဉ် စိန်ပွင့်အရေအတွက်ပေါင်း ၂ သန်းမှ ၃ သန်းကြားထုတ်လုပ်ပြီး ထိုအထဲတွင် တစ်ဝက်ကျော်မှာ အရည်အသွေးမြင့် ကျောက်မျက်စာရင်းဝင်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.