နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၏ သဘောတူညီချက်များနှင့် ရပ်တန့်မနေဘဲ ပင်လုံညီလာခံ၌ ဆက်လက်ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။...
နေပြည်တော် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးအား ယနေ့ဇူလိုင် ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၌ ကျင်းပခဲ့သည်။ ညီလာခံ ပထမနေ့...
ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်း လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်ကတည်းက ပိတ်မိနေခဲ့သော လူငယ်ဘောလုံးအသင်း ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတစ်ဦးတို့အနက် ၈ ဦးမြောက်အထိ ကယ်ဆယ်နိုင်ပြီး ဂူပြင်သို့ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းတွင် ကျင်းပလျက်ရှိသည့်နိုင်ငံတကာစက်ရုပ်များပြပွဲတွင် တရုတ်နိုင်ငံထုတ် မီးသတ်စက်ရုပ်ကိုလည်းပါဝင်ပြသထားကြောင်းသိရသည်။ ထိုမီးသတ်စက်ရုပ်တစ်ရုပ်တွင် မီးသတ်သမား ၁ဝ ဦး၏ မီးငြိမ်းသတ်စွမ်းရည်နှင့်ညီမျှသည့် မီးသတ်နိုင်စွမ်းရှိပြီး အကွာအဝေးမီတာ ၅ဝဝ သို့မဟုတ် ၁ ကီလိုမီတာခန့်မှ မီးများကိုငြှိမ်းသတ်နိုင်မည်ဟုသိရသည်။ ၎င်းတွင် အပူချိန်အာရုံခံစနစ်ကိုပါထည့်သွင်းထားပြီး မီးငြှိမ်းသတ်ရမည့်နေရာကို တိကျစွာခန့်မှန်းနိုင်သည့်အပြင် အချိန်တိုအတွင်း ထိရောက်စွာ...
ရှန်ရှီး၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးပြည်နယ်တွင် 5D နည်းပညာအသုံးပြုကာ ဖြတ်သန်းသွားလာနိုင်မည့် မှန်တံတားကြီးကို အများပြည်သူများလာရောက် လည်ပတ်နိုင်ရန်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အရှည် ၁၆၈ မီတာရှိပြီး ၂ မီတာအကျယ်ရှိကာ အောက်ခြေမှ အမြင့်ပေ ၁ဝ၈ မီတာ အထက်တွင် တည်ဆောက်ထားသောမှန်တံတားတစ်စင်းလည်းဖြစ်သည်။ အလေးချိန် ၆ တန်ကို ခံနိုင်ရည်ရှိပြီး...
ကန်းစု၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ယန်ကျင်းကော ဆိုသည့် အနုပညာရှင်တစ်ဦးသည် ဥခွံအမျိုးမျိုးပေါ်တွင် ပန်းချီဆွဲခြင်း ဥခွံများဖြင့် ပန်းပု အနုပညာ ထုလုပ်ခြင်းတို့ကို လက်ရာမြောက်စွာပြုလုပ်သူတစ်ဦးဖြစ်ပြီး ၎င်း၏ အနုပညာလက်ရာမြောက် ဖန်တီးထားသည့် ဥခွံများကို အမှတ်တရ စုဆောင်းသိမ်းဆည်းပြသထားကြောင်းသိရသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီး အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ခုနှစ်အတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ အာဇာနည်ပြတိုက်အတွင်း လွှတ်တော်ပြတိုက်၊ မြန်မာ့ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များနှင့် ပြခန်းများခင်းကျင်းပြသသွားမည်ဖြစ်ပြီး အပြင်ဘက်ဝန်းကို ပြည်သူများဝင်ရောက်နိုင်သော...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများအား အသိပေးခြင်းအား ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံ များမှာ အေဒီ...