Connect with us

Videos

ကမ္ဘာ့ပထမဆုံးဓာတ်အား ကီလိုဝပ် တစ်သန်းအထိထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်း ကို တရုတ်နိုင်ငံ၌ အကောင်အထည်ဖော်

စီချွမ်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိသည့် Baihetan ရေအား လျှပ်စစ်စီမံကိန်း သည် ကမ္ဘာ့ပထမဆုံး ဓာတ်အားကီလိုဝပ် တစ်သန်းအထိထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည်။ Baihetan စီမံကိန်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးကာလအတွင်းအခက်အခဲများ ၊ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ ရေအားလျှပ်စစ်စက်ရုံအတွင်း တပ်ဆင်ထားသော တာဘိုင်ကြီးမှာ အချင်းဝက် ၈.၆၂ မီတာ၊ အမြင့် ၃.၉၂ မီတာရှိပြီး ဒလက်ပေါင်း ၁၅ ခု နှင့် အလေးချိန် ၃၅၃ တန်ရှိသည်။ ၎င်းကိုတပ်ဆင်ရန် လျှပ်စစ်ကျွမ်းကျင်ပညာရှင်ပေါင်း ၁ဝဝ ကျော်က ၁၂ လကြာ အချိန်ယူဆောင်ရွက်ခဲ့ရသည်။ ထို့အပြင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရာတွင်အဓိကျသည့် စက်ပစ္စည်းများတပ်ဆင်ရန် တရုတ်နိုင်ငံရှိ သိပ္ပံပညာရှင်များက အချိန် ၁ဝနှစ်ကျော်ကြာ ကြိုးပမ်းခဲ့ရသည်။ Baihetan စီမံကိန်းတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည့် ဂျင်နရေတာပေါင်း ၁၆ လုံးအထိရှိမည်ဖြစ်ပြီး ၎င်းတို့မှ တစ်နှစ်လျှင်လျှပ်စစ်ဓါတ်အား ကီလိုဝပ် ဘီလီယံပေါင်း ၆ဝ ကျော် ထုတ်လုပ်နိုင်ရန်လျာထားသည်။ ၂ဝ၂၁ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားစတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂ဝ၂၂ နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဓါတ်အားစွမ်းအင်ကို အပြည့်အဝ ထုတ်လုပ်နိုင်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.