Connect with us

Videos

CES2019 ပြပွဲတွင် တရုတ်နိုင်ငံထုတ် ရေငုပ်ကိရိယာ က တီထွင်ဆန်းသစ်မှုဆုဆွတ်ခူး

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် ကျင်းပသည့် Consumer Electronic Show တွင် တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့သည့် ရေငုပ်ကိရိယာ (underwater scooter sublue Seabow) က SES2019 တီထွင်ဆန်းသစ်မှုဆုကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ကိရိယာကို နည်းပညာမြင့် ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော တရုတ်နိုင်ငံ Sublue ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကိရိယာသည် ၁စက္ကန့်လျင် ၁.၈ မီတာနှုန်းဖြင့် ၄၅ မိနစ်ခန့် ထိ ရေထဲတွင် သွားလာနိုင်ပြီး ရေအောက်၌ အခက်အခဲကြုံနေရသည့် လူတစ်ဦးကို ဆွဲယူကယ်ဆယ်နိုင်အောင် ပုံစံထုတ်လုပ်ထားသည်။ ထို့အပြင် ရေအောက်တွင် ဓာတ်ပုံ နှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည့် sublue white nano ကိရိယာကို လည်း အဆိုပါ ပွဲတွင်မိတ်ဆက်ပြသခဲ့သည်။ sublue white nano တွင် AI နည်းပညာကို အသုံးပြုထားပြီး ရေထဲတွင် မည်သည့်အကွာအဝေးမဆို ပုံရိပ်များကိုရိုက်ကူးနိုင် ကြောင်းသိရ သည်။ Consumer Electronic Show သည် တစ်ကမ္ဘာလုံးရှိ နောက်ဆုံးပေါ်တီထွင်ထုတ်လုပ်ထားသည့် နည်းပညာမြင့်ပစ္စည်းများ၊ ထုတ်ကုန်များကို လာရောက်ပြသသည့် ပြပွဲတစ်ခုဖြစ်ပြီး အဆိုပါပြပွဲမှ တစ်ဆင့် ထုတ်လုပ်သူများ၊ ရောင်းချသူများ၊ ဝယ်ယူသူများကို ဆုံတွေ့စေသည့် ပွဲတစ်ပွဲဟုလည်း လူသိများသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.