မြန်မာ သမ္မတ ဦးသိန်းစိန် ဦးဆောင်ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားရေးရာ ခေါင်းဆောင် (၄၈) ဦးပါဝင်တဲ့ နိုင်ငံရေးထိပ်သီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၅၀) ကျော် အတွင်း ပထမဆုံး ပြန်လည်ကျင်းပသော ဗိုလ်ရှုခံ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာပြည်မှာကျင်းပတဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်ဟာ သောကြာနေ့ ညနေပိုင်း မှာ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
တရုတ်နိုင်ငံဟာ အရှေ့အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရုံသာမက အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ပြောဆိုလိုက်ပါတယ်။ အရှေ့အာရှနိုင်ငံတွေ အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ ဒေသ ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို တွန်းအားပေး...
အာဆီယံနဲ့ တရုတ်နိုင်ငံကြား ACFTA လို့ခေါ်တဲ့ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ညှိနှိုင်းဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။Aug 28, 2014 CNCNEWS ASEAN, China upgrade FTA talks
လေးရက်ကြာကျင်းပတဲ့ အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး (AEM) မှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုအတွက် စုပေါင်းကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
အမေရိကန်ဒေါ်လာ (၉၈,၀၀၀) တန်ဘိုးရှိတဲ့ ဆန်တန်ချိန် (၁၂၃) တန်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း က လှူဒါန်းခဲ့ပါတယ်။
မြန်မာပြည်မှာ ကျင်းပတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ရတဲ့အတွက် နှစ်သက်ကျေနပ် ခဲ့ရတယ်လို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu Yandong က ပြောဆိုလိုက်ပါတယ်။