Connect with us

Videos

ဖူကျန့်ကုန်သည်ကြီးများအသင်း က ရေဘေးသင့် ပြည်သူများအား သွားရောက် ကူညီထောက်ပံ့

ရန်ကုန် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်း ရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနား ကို သြဂုတ်လ ၁၂ ရက် က ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့ ရုံး ၌ ကျင်းပ ပြုလုပ်ခဲ့ ရာ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝမ်ကျားယွီ(Wang Jiayu) နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ရေဘေးသင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ် ခဲ့သည်။ ဆက်လက်ပြီး တရုတ်နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ က ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာ သို့ သွားရောက် ခဲ့ကြပြီး ရေဘေးသင့် ပြည်သူများ ထံသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပေးအပ်ခဲ့ကြသည်။ လက်ပံကျွန်း သဲကုန်း ကျေးရွာ တွင် နေထိုင်သော အသက် ၄၉ နှစ်ရှိ ဒေါ်အေးသူ က ရေဘေးနှင့်ပတ်သက် ၍ အကူအညီထပ်မံ လိုအပ်နေသေးသည့် အကြောင်းအရာများနှင့်စပ်လျဉ်းပြီး ဆင်ဟွာ သတင်းဌာန သို့ယခုကဲ့သို့ ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝမ်ကျားယွီ က မြန်မာ နိုင်ငံ အတွင်း ရေဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသင်း အဖွဲ့ဝင် များမှလည်း တက်ကြွစွာ ပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း ၊ ယခု ကဲ့သို့ ကိုယ်တိုင် ကူညီထောက်ပံ့ရေး ပစ္စည်းများ လာရောက်ပေးအပ်သည့် အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ပိုမို နက်ရှိုင်းစေရန် အတွက် အထောက်အကူ ဖြစ်စေမည် ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မြန်မာ နိုင်ငံ အတွင်း ပရဟိတ လုပ်ငန်းများ မကြာခဏ ဆောင်ရွက်လေ့ရှိပြီး သဘာဝဘေး များ အတွက် လှူဒါန်းခြင်း ၊ စာသင်ကျောင်းများ တည်ဆောက်လှူဒါန်းခြင်း နှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်း စသည့် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် အသင်း တစ်ခု ဖြစ်ကြောင်း ၊ ယခု အကြိမ်တွင်လည်း ပေါင်မြို့နယ် အတွင်း ရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၅၅၀ အတွက် ကျပ် သိန်းတစ်ရာ ကျော် တန်ဖိုးရှိ ကူညီထောက်ပံ့ရေး ပစ္စည်းများ သွားရောက် လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.