Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံရှိ ငလျင်ဘေးသင့်ပြည်သူများကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီပေးလျက်ရှိ

ဂျကာတာ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ် ၅ ရက် က အင်အား ၇.၀ ပမာဏရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် Blue Leopard rescue team ဟုအမည်ရသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီလျက်ရှိကြောင်းသိရသည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့မှာ ငလျင်ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက် ပေးသည့်အပြင် ဆေးဝါးများလည်း ကုသ ပေးခဲ့ပြီး ငလျင်ဒဏ်သင့်အဆောက်အဦများ၏ ကြံ့ခိုင်မှုများကိုပါ စစ်ဆေးပေးခဲ့သည်။

Blue Leopard rescue team ခေါင်းဆောင်ဖြစ်သူ Du Hailangက မိမိတို့အဖွဲ့အနေဖြင့် အဖွဲ့ခွဲ နှစ်ခုကို ခွဲခဲ့ကြောင်း ငလျင်ဒဏ်သင့်ဒေသတွင် ပျောက်ဆုံးလျက်ရှိသည့် ပြည်သူများကိုရှာဖွေရမည့် အဖွဲ့နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည့်အဖွဲ့ဟူ၍ ဖြစ်ကြောင်း၊ ငလျင်စတင်ဖြစ်ပွားပြီး နောက် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးလိုသောကြောင့် ယခုကဲ့သို့စီစဉ်ခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.