ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုနှစ် ဇွန်လနောက်ဆုံးအပတ်၌ သွားရောက်ခဲ့သည့် ရုရှားခရီးစဉ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ပြောကြားချက်မှာ မည်သည့်နိုင်ငံကိုမှ ရည်ညွှန်းထားခြင်းမဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။ ယင်းခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် Zvezda...
ထုန်းလျင်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ထုန်းလျင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလယ်တန်းကျောင်းတစ်ကျောင်း ရေလွှမ်းမိုးသွားခဲ့သည်။ အဆိုပါ ကျောင်းအတွင်း ကျောင်းသားများ ကျန်ရှိမနေစေရန် ယာဉ်ထိန်းရဲတစ်ဦးက တစ်မီတာအနက်ခန့် ဖုံးလွှမ်းလျက်ရှိသော ရေပြင်ကိုဖြတ်သန်းကူးခတ်ကာ သွားရောက်စစ်ဆေးခဲ့သည်ကို အောက်ပါဗီဒီယို၌ ကြည့်ရှုနိုင်ပါသည်။ တရုတ်နိုင်ငံတစ်ဝန်း မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့်...
ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက APSTAR-6D ဟု အမည်ပေးထားသည့် စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုတစ်စင်းအား နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၉ ရက်တွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ၎င်းစင်တာမှ သိရသည်။ APSTAR-6D ဆက်သွယ်ရေး ဂြိုဟ်တုအား...
အန်းဟွေး၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်တွင် ဇူလိုင် ၇ ရက်က ရေကြီးမှုကြောင့် ရှေးဟောင်းတံတားတစ်စင်း ပျက်ဆီးခဲ့သည်။ ပြိုကျခဲ့သော ကျန်းဟိုင်တံတားသည် မင်မင်းဆက်(၁၃၆၈-၁၆၄၄)တွင်တည်ဆောက်ခဲ့သော နှစ်ပေါင်း ၄၈၀ကျော် သက်တမ်းရှိသည့် တံတားဖြစ်သည်။ဇူလိုင် ၆ရက် ညနေပိုင်းမှစ၍ ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုကိုဖြစ်ပေါ်စေခဲ့သည်။ ...
ဗြိတိန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ၏ လေ့လာမှုအသစ်တစ်ခုအရ COVID-19 ကူးစက်ခံရသူများတွင် ဦးနှောက် အာရုံကြောထိခိုက်မှု ဖြစ်ပွားစေနိုင်သည်ကို တွေ့ရှိခဲ့ရသည်။ လန်ဒန် ကောလိပ် တက္ကသိုလ်မှ ကျွမ်းကျင်သူများက COVID-19 ကူးစက်ခံရပါက လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း နှင့် ဦးနှောက်ယောင်ယမ်းခြင်းအစရှိသည့် လက္ခဏာများဖြစ်ပေါနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ကြသည်။ ထိုရောဂါများမှာ ကူးစက်ခံရသူထံတွင်...
ဟောင်ကောင်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေအပေါ် ဟောင်ကောင်ပြည်သူများက ထောက်ခံကြကြောင်းသိရသည်။ အဆိုပါ ဥပဒေကို ဇွန် ၃၀ ရက်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုရေးအဖွဲ့က အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်ဒေသခံများ၏ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခြင်းအပေါ် ထားရှိသည့် အမြင်များကိုဆင်ဟွာသတင်းဋ္ဌာနမှာ မေးမြန်းရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု မှေးမှိန်လာသည့်ကြားမှ အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲကို ဇူလိုင် ၇ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ရှင်းကျန်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Kumtag သဲကန္တာရတွင် သဲ ကုထုံးမှာ ရေပန်းစားလျှက်ရှိသည်။ သဲများအကြားတွင် ခန္ဓာကိုယ်အနှံ့ကို နှစ်မြှုပ်ကာ ကျန်းမာရေးကောင်းမွန်စေရန်ပြုလုပ်ရသည့် ယင်းဓလေ့အား ခရီးသွားများလည်း အလွန်နှစ်ခြိုက်ကြသည်။ ထိုဒေသသို့ ဇွန်မှ စက်တင်ဘာအတွင်း ခရီးသွားအများဆုံးလာရောက်လည်ပတ်ကြပြီး ကန္တာရတွင်...
တိဘက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) စိမ်းလန်းစိုပြည်နေသည့် တောတောင်သဘာဝ အကြား သာယာလှပသော တိဘက်ဒေသ၏ အလှအပများကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
“ပိုးကောင်လေးတစ်ကောင်၏ ဘဝ” ဟူသည့် ရုပ်သံဇာတ်ကားကို Disney မှ ထုတ်လုပ်ပြီး လူကြိုက်များခဲ့သည်။ သတ္တဝါကောင်လေးများအကြောင်း ပုံဖော်ရိုက်ကူးထားသော အဆိုပါဇာတ်လမ်းသည် နောက်ထပ် ဆုဆွတ်ခူးရမှုများလည်း ရှိလာနိုင်ပါသည်။ ၎င်းရုပ်သံဇာတ်လမ်းကို ပြီးဆုံးသည်အထိ ကြည့်ရှုရင်း “လမ်းညွှန်ဆိုင်းဘုတ်များကို လစ်လျူမရှုသင့်ပါ”ဟူသည့် သင်ခန်းစာကို ရယူရန်မှာလည်းအလွန်အရေးကြီးကြောင်း တွေ့ရပေမည်။ အရုပ်အသံ စုံလင်စွာ ဖန်တီးထားသည့် Animation...