Connect with us

Media

ခြေတစ်ဖက်တည်းဖြင့် စက်ဘီးစီးနင်းသူက ၎င်း၏စွမ်းရည်ကို တရုတ်နိုင်ငံ၏ အရှည်ဆုံးအဝေးပြေးလမ်းပေါ်တွင် စမ်းသပ်နေ

လားဆ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်မှ ခြေတစ်ဖက်တည်းဖြင့် အပျော်တမ်း စက်ဘီးစီးနင်းသူက နိုင်ငံ၏ အရှည်လျားဆုံး နှင့် အမြင့်ဆုံး အဝေးပြေးလမ်းမတစ်လျှောက် ၎င်း၏ စက်ဘီးစွမ်းရည်ကို စမ်းသပ်လျက် ရှိကြောင်း သိရသည်။

“ကျွန်တော် အသက်က ၃၄ နှစ် ရှိပါပြီ ။ ၂၀၀၉ ခုနှစ်က မတော်တဆဖြစ်စဉ်တစ်ခုမှာ ကျွန်တော်ရဲ့ ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ စက်ဘီးစီးနင်းခဲ့ပြီးတော့ ဒီအားကစားကို စိတ်ဝင်စားလာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ နှစ်တိုင်း စက်ဘီးနဲ့ ခရီးသွားခဲ့ပါတယ်။တစ်ခါတစ်လေမှာ ခရီးရှည် စီးနင်းခဲ့ပါတယ်”ဟု စက်ဘီးစီးသမား SUN YOUZHI က ပြောကြားခဲ့သည်။
စက်ဘီးစီးသမား SUN YOUZHI သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် G219 အဝေးပြေးလမ်းမတစ်လျှောက် စက်ဘီး စတင်စီးနင်းခဲ့ပြီး ဇွန်လလယ်တွင် ကီလိုမီတာ ၁၀,၀၀၀ ကျော်ရှိသော ခရီး ပြီးမြောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

SUN YOUZHI သည် ယခုအခါတွင် သမီးနှစ်ယောက်၏ ဖခင် ဖြစ်ပြီး ၎င်း၏ဇနီးသည်နှင့်အတူ မွေးရပ်ဇာတိမြေတွင် တည်းခိုဆောင် ဖွင့်လှစ်ထားသည်။ အနာဂတ်တွင် တစ်မိသားစုလုံး ကမ္ဘာအနှံ့ ခရီးသွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
One-legged cyclist challenges China’s longest national highway
With only one leg, an amateur rider from central China’s Henan Province is on his bicycle challenge along the country’s longest and highest national highway.
SOUNDBITE 1 (Chinese): SUN YOUZHI, Cyclist
“I’m 34 years old. I lost my left leg in an accident in 2009. I took up cycling in 2013, and became interested in this sport. Since then, I have traveled by bike every year, sometimes for a long journey.”
Sun started to ride along the G219 highway on Feb. 20, and is expected to complete the over 10,000-km journey in mid-June.
Now, Sun is a father of two daughters and runs a hostel in his hometown with his wife. In the future, he plans to take the entire family on trips around the world.
Xinhua News Agency correspondents reporting from Lhasa, China.
(XHTV)