ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အန္တာတိကတိုက်တွင် သုတေသနပြုလုပ်လျက်ရှိသည့် တရုတ်နိုင်ငံသားသုတေသီများက တရုတ်လူမျိုးများအားလုံး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည့် video ဖိုင်ကို ဆင်ဟွာသတင်းဋ္ဌာနမှတင်ဆက်ခြင်းဖြစ်ပါသည်။ (Xinhua)
ချီကာဂို၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင် တရုတ်ရိုးရာနှစ်သစ်ကူး ဖျော်ဖြေပွဲအဖြစ် တရုတ်အမျိုးသားသံစုံတီးဝိုင်းက ရှေးဟောင်းတရုတ် တေးဂီတ တူရိယာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ Bianzhong ဟုအမည်ရသည့် တရုတ်ဂီတတူရိယာကို လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝဝဝ ကတည်းက ပေါ်ပေါက်ကာ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ဘီစီ ၄၃၃ ကတည်းက အသုံးပြုခဲ့သည့် တရုတ်ဂီတတူရိယာကို...
ကန်းစု၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် မြေအောက်အတွင်း သဘာဝမြေမျက်နှာပြင်အရ အိုးတစ်လုံးသဏ္ဍာန်တူသောကြောင့် Black pot ဟု အမည်ပေးထားသည့် လိုဏ်ဂူတစ်ခုတည်ရှိသည်။ အဆိုပါ လိုဏ်ဂူထဲတွင် နှစ်ပေါင်းများစွာကတည်းက ရေစီးသန်သည့် မြစ်တစ်ခုလည်းဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ဆောင်းရာသီတွင် လိုဏ်ဂူအတွင်း ရေခဲဆီးနှင်းများဖုံးလွှမ်းလျက်ရှိသောကြောင့် သဘာဝ မြေအောက် ရေခဲလိုဏ်ဂူ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်းနှင့်ကွမ်ကျိုးမြို့များတွင် နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်များကို ဂြိုဟ်တုမှ ရိုက်ကူး ဖမ်းယူထားသည့် ပုံရိပ်များကို ထုတ်ဖော်ပြသခဲ့သည်။ ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးမြို့များမှာ တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၃ မြို့ဖြစ်ပြီး တရုတ်နိုင်ငံအတွင်းလျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုရှိသည့် မြို့ကြီးများလည်းဖြစ်သည်။(Xinhua)
ယူနန်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) လျှပ်စစ်ဓါတ်အား ၅ဝဝ ကီလိုဗို့ မှာ သံသတ္တုများကိုပင် စက္ကန့်ပိုင်းအတွင်းအရည်ပျော်နိုင်လောက်သည့် လျှပ်စစ်ပမာဏဖြစ်သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဗို့အားမြင့် လျှပ်စစ် ဓါတ်အားလိုင်းများပေါ်သို့ လျှပ်စစ်ဝန်ထမ်းများက သက်စွန့်ဆံဖျားတက်ရောက်ကာ ပုံမှန် လျှပ်စစ် ပို့လွှတ်နိုင် ရန် ပုံမှန်စစ်ဆေးပြင်ဆင်ရသည်။ ဝန်ထမ်းများမှာ လျှပ်စစ်ဓါတ်အားများပို့လွှတ်နေသည့် လျှပ်စစ်စီးဝင်နေသည့်...
ချီကာဂို၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် နေရာအနှံ့ရေခဲများဖြင့်ဖုံးလွှမ်းလျက်ရှိသည့် မြင်ကွင်းပုံရိပ်ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ ချီကာဂိုတွင် အအေးဓါတ်လွန်ကဲလျက်ရှိပြီး မိုးစက်မိုးပေါက်များပါ ရေခဲသွားသည်အထိ အေးစက်လျက်ရှိပြီး မြစ်ချောင်းများမှာလည်း ရေခဲပြင်အတိဖြစ်သွားခဲ့သည်။ လမ်းမများပေါ်တွင်လည်းရေခဲများဖုံးလွှမ်းလျက်ရှိသောကြောင့် ရေခဲမြို့တော် ချီကာဂို ကို video ထဲတွင်ရှုစားနိုင်ကြပါသည်။(Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) မိုက်ခရိုဆော့ဖ် တည်ထောင်သူ နှင့် ဘီလ်နှင့် မယ်လင်ဒါ ဖောင်ဒေးရှင်း ပူးတွဲဥက္ကဋ္ဌ ဘီလျံနာ ဘီလ်ဂိတ်ကို ၂ဝ၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ရောဂါများ၊ ဆင်းရဲနွမ်းပါးမှုများကို တိုက်ဖျက်သည့် လုပ်ငန်းများတွင် တိုးတက်မှုအခြေအနေများ၊ အဆိုပါ ကဏ္ဍများတွင် အဓိက ထောက်ပံ့ပေးသည့် တရုတ်နိုင်ငံ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ထဲတွင် AI နည်းပညာသုံးစက်ရုပ်များဖြင့်ဝန်ဆောင်မှုပေးသည့် ဟော့ပေါ့ဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်ထားရာ အသစ်အဆန်းများကို နှစ်ခြိုက်ကြသည့် စာသုံးသူများစွာက လာရောက်စားသုံးခဲ့ကြသည်။ အဆိုပါ ဟော့ပေါ့ဆိုင်တွင် ဟင်းပွဲများကို ချပေးခြင်း၊ ဟင်းအမယ်ခွက်များကို ပြင်ဆင်တည်ခင်းခြင်းတို့ကို စက်ရုပ်များက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တစ်နေ့လျင် ဟင်းပွဲပေါင်း ရှစ်ထောင်ကျော်ကို ပြင်ဆင်ပေးနိုင်သည်ဟုသိရသည်။(Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ရှေးခေတ်က အသုံးများခဲ့သည့် ပန်းထိုး ရိုးရာအိတ်လေးများကို handmade ဖန်တီးထုတ်လုပ်သည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၏ ရိုးရာ ပန်းထိုး လုပ်ငန်းကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့ပါသည်။ တရုတ်ရိုးရာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ပန်းထိုးအနုပညာမှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်ကတည်းက...