Connect with us

Media

အစ္စရေးနိုင်ငံတွင် တရုတ်နိုင်ငံမှ တည်ဆောက်သည့် ပင်လယ်ရေမျက်နှာပြင်အနိမ့်ဆုံးပိုင်းရှိ လျှပ်စစ် ဓါတ်အားပေး စက်ရုံ ပြီးစီးလုပြီဖြစ်

ဂျေရုဆလင်၊ မေ ၂၇ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ မြေအောက်ရေစုပ်ယူသည့်နည်းပညာဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးမည့် Kokhav Hayarden လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်မှုသည် မေလ ၂၅ ရက်တွင် နောက်ဆုံးအဆင့်သို့ရောက်ရှိပြီဖြစ်ပြီး စက်ရုံ၏ ပထမဆုံးလျှပ်စစ်ထုတ်လွှတ်ရေးယူနစ်ရှိ တန် ၂၀၀ အလေးချိန်ရှိ ဒလက်ကြီးကို အောင်မြင်စွာလွှင့်တင်တပ်ဆင်ခဲ့သည်။

အဆိုပါဒလက်ကြီးသည် ပါဝါ လည်ပတ်ရေးယူနစ်၏ ပင်မ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းတပ်ဆင်ပြီးစီးမှုသည် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးတွင် အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာသည်။

စွမ်းအင် ၃၄၄ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ်စက်ရုံသည် အစ္စရေးနိုင်ငံတွင် တရုတ်နိုင်ငံ Power Construction Corporation of China (PCCC) မှတည်ဆောက်ခဲ့သည့် အကြီးဆုံးစက်ရုံတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းတွင် စတင်လည်ပတ်နိုင်ရန်ရည်ရွယ်ထားသည်။

စက်ရုံတွင် ရေတန်ချိန် ကုဗမီတာပေါင်း၃.၁ သန်းစီ ဝင်ဆံ့သည့်ရေလှောင်ကန်နှစ်ခု၊ မီတာ ၅၀၀ ဝန်းကျင်ရှိသည့် ရေခေါင်းတစ်ခု ၊ မြေအောက်လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ပါဝါထုတ်လွှတ်ရေးယူနစ် နှစ်ခုနှင့် အစ္စရေးဓါတ်အားပေးလိုင်းနှင့် ချိတ်ဆက်သည့် ၁၆၁ ကီလိုဗို့အား ရေအဖွင့်အပိတ်လုပ်ဆောင်သည့်စခန်းတစ်ခုတို့ ပါဝင်သည်။

ထိုရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံသည် ကမ္ဘာပေါ်တွင် မျက်နှာပြင်အနိမ့်ဆုံး မြေအောက်ရေစုပ်ယူသည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၂၇၅ မီတာတွင် တည်ရှိသည်။

မြေအောက်ရေစုပ်ယူသည့် ရေအားလျှပ်စစ်စီမံကိန်း ကို တစ်ကမ္ဘာလုံးတွင် စွမ်းအင်သိုလှောင်သည့် နည်းလမ်းအဖြစ် ကျယ်ပြန့်စွာသုံးစွဲလေ့ရှိကြောင်း စီမံကိန်းမန်နေဂျာ Han Hongwei က ဆင်ဟွာသို့ပြောကြားခဲ့သည်။

စက်ရုံစတင်လည်ပတ်ပါက စီမံကိန်း သည် အစ္စရေးနိုင်ငံ၏ အရန်လျှပ်စစ်ဓာတ်အားကို လိုက်လျောညီထွေဖြစ်စေရန် နှင့် တည်ငြိမ်မှုစေရန်အထောက်အကူဖြစ်စေမည်ဖြစ်သည်။  (Xinhua)

………………………………………

(English Version)

GLOBALink | Chinese-built lowest-altitude power plant in Israel enters final construction stage

JERUSALEM, May 26 (Xinhua) — Construction of the Kokhav Hayarden pumped storage power plant in northeastern Israel entered the final stage on Wednesday as the 200-ton rotor of the first generating unit was successfully hoisted and installed.

The rotor is a core component of the power generating unit, the installation of which makes an important milestone in the construction.

The 344-megawatts hydropower plant, the largest of its kind in Israel, is built by the Chinese firm Power Construction Corporation of China (PCCC) and is expected to operate in early 2023.

It has two reservoirs, 3.1 million cubic meters each, with a waterhead of about 500 meters, a two-generating unit underground powerhouse cavern, and a 161 kV switching station connected to the Israeli grid.

It is also the lowest pumped storage power plant in the world, whose powerhouse lies 275 meters below sea level.

The pumped storage power plant is a widely used energy storing method globally, project manager Han Hongwei told Xinhua.

After being put into use, the project would provide flexible backup power and stability to the grid of Israel.

Produced by Xinhua Global Service