Connect with us

Videos

ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုအစိတ်အပိုင်းကမ္ဘာ့အကြီးဆုံးပန်ဒါပုံသဏ္ဍာန်ဆိုလာဥယျာဉ်

ရှန်ရှီး၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးဒေသတွင် ကမ္ဘာ့အကြီးဆုံးပန်ဒါပုံသဏ္ဍာန်ဆိုလာဥယျာဉ်တစ်ခုကို ပြုလုပ်ထားကြောင်းသိရသည်။ ၎င်းမှာ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးကမ္ဘာ့အကြီးဆုံး ဆိုလာပြားများနှင့် ပုံဖော်ထားသည့် ဥယျာဉ်တစ်ခုဖြစ်သည်။ ၁ဝဝ မက်ဂါဝပ် စွမ်းအင်ထုတ်လုပ်ပေးနိုင်သည့် အဆိုပါဆိုလာဥယျာဉ်သည် ရှန်ရှီးပြည်နယ် ဒါ့တန်းမြို့ရှိ တောင်စောင်းများပေါ်တွင်ပြုလုပ်ထားခြင်းဖြစ်သည်။ မြေဧကပေါင်း ၂၄၈ ဧက ပေါ်တွင် တည်ဆောက်ထားသည့်အ ဆိုပါ ဥယျာဉ်မှလက်ရှိတွင်လျှပ်စစ်မက်ဂါဝပ်ပေါင်း ၅ဝ ကို ထုတ်လုပ်ပေးနေပြီဖြစ်သည်။ UNDP နှင့် အကျိုးတူပူးပေါင်းပြုလုပ်သည့် အဆိုပါ ဆိုလာဥယျာဉ်စီမံကိန်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ၁ဝဝ မက်ဂါဝပ် စွမ်းအင် သည် နှစ်ပေါင်း၂၅ နှစ် အတွက် လျှပ်စစ်ဓါတ်အား ၃.၂ ဘီလီယံ ကီလိုဝပ် ထုတ်လုပ်ပေးမည်ဖြစ်ပြီး ၎င်းမှာ ကျောက်မီးသွေး တန်ချိန်ပေါင်း ၁.၀၅၆ မီလီယံ အသုံးပြုကာ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည်နှင့် ညီမျှ သောကြောင့် ကာဗွန်ထုတ်လွှတ်မှု တန်ပေါင်း ၂.၇၄ မီလီယံ လျှော့ချပေးပြီးသားဖြစ်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.