Connect with us

Videos

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ဖွဲ့အားမတရားအသင်းအဖြစ်အကျူံးမဝင်ကြောင်း ကြေညာချက်ထုတ်

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA)ကို လက်မှတ် ထိုးမည့် အထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့သည် မတရားအသင်းအဖြစ်မှ လည်းကောင်း ၊ အကြမ်းဖက်သူများ အဖြစ်မှ လည်းကောင်း အကျူံးမဝင်ကြောင်းအောက်တိုဘာလ (၁၃) ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင်တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ် ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် မတရားအသင်း အက်ဥပဒေ အရ မတရားအသင်း အဖြစ် ကြေညာထားခြင်းကို ပယ်ဖျက်ပေး လိုက်ကြောင်း ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ကြေညာစာအရ သိရသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (RCSS/SSA-S) တို့ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ဖြင့် မတရား အသင်းအဖြစ်မှ ပယ်ဖျက် ပေးခဲ့ ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) ကို ယခုလ ၁၅ ရက်တွင် နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ က လက်မှတ် ရေးထိုးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.