Connect with us

Videos

သမ္မတရှီက ဒေသတွင်း ငြိမ်းချမ်းရေးနှင့်ကြွယ်ဝမှုအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရန် တိုက်တွန်း

ဗလာဒီဗော့စ်တော့ ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အရှေ့မြောက်အာရှနိုင်ငံများတွင် သမိုင်းဝင် အခွင့်အလမ်းများ နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သောဒေသတစ်ခုအတွက် အရှေ့ဖျား နှင့် အရှေ့မြောက်အာရှ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် အချိန်ကျရောက်နေပြီး ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ အရှေ့ဖျား ဗလာဒီဗော့စ်တောမြို့၌ ကျင်းပသည့် ၄ ကြိမ်မြောက်အရှေ့ပိုင်းစီးပွားရေးဖိုရမ်(EEF) ညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးတွင် “ အခြေအနေသစ်တွေရဲ့ အောက်မှာ ဒေသတွင်း ဖွံ့ဖြိုးရေး နဲ့ချမ်းသာကြွယ်ဝရေး ၊ တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို ကျွန်တော်တို့အနေနဲ့လက်ချင်းချိတ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သွားသင့်ပါတယ်” ဟု မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါဖိုရမ်သို့ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် ၊ မွန်ဂိုလီယားနိုင်ငံသမ္မတ ခတ္တမာ ဘတ္တုဂါ(Khaltmaa Battulga) ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တောင်ကိုရီးယားနိုင်ငံဝန်ကြီးချုပ် Lee Nak-yon တို့တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.