Connect with us

Videos

ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် သမ္မတရှီကျင့်ဖိန် တိုက်တွန်းပြောကြား

စီယက်တယ် စက်တင်ဘာ ၂၃
အမေရိကန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော တရုတ် နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဗုဒ္ဓဟူးနေ့တွင် ဘိုးရင်းလေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသို့သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များပိုမိုးတိုးမြှင့်ရန်တိုက်တွန်းပြောကြားခဲ့သည်။
ဝါရှင်တန်မြို့ Everett ဒေသတွင် တည်ရှိသော ဘိုးရင်း လေယာဉ်စက်ရုံသို့သွားရောက်စဉ်တွင် သမ္မတရှီမှ ဘိုးရင်းကုမ္ပဏီသည် တရုတ်နိုင်ငံနှင့် ယခင်ကတည်း လက်တွဲခဲ့ကြပြီးကောင်းမွန်တဲ့ အကျိုးရလဒ်များကို ရရှိခဲ့သောကြောင့် ချီးကျူးပါကြောင်း၊ ဘိုးရင်း ကုမ္ပဏီ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု အတွက် အဓိက ကျပြီး နှစ်ဘက်စလုံးအကျိုးရှိ သောကြောင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ထို့အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်ကုမ္ပဏီများ အတွက် အခွင့်အလမ်းများစွာ ပိုမို ဖန်တီးပေး နိုင်မည်ဖြစ်သလို တရုတ်-အမေရိကန် စီးပွားရေးလုပ်ငန်းများ အကြား တွင် အပြန်အလှန် အကျိုးရှိ စေမည့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ကို ဖြစ်ပေါ်စေကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပါက နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ရှင်များ အတွက် အကျိုးအမြတ် ပိုမိုကောင်းမွန် လာစေနိုင်ကြောင်း စသဖြင့်ပြောကြားခဲ့သည်။
ထို့နောက် သမ္မတရှီသည် ဘိုးရင်းလေယာဉ်ထုတ်လုပ်ငန်းမှ ဥက္ကဋ္ဌ နှင့် CEO ဖြစ်သူ Ray Conner နှင့်အတူ ဘိုးရင်းထုတ်လုပ်ငန်း စက်ရုံအတွင်းလှည့်လည်ပြီး လေယာဉ်ဖန်တီးသူတို့ အား စွမ်းအင်ခြွေတာဖန်တီးသည့်အခြေအနေများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချရေး အနာဂတ်တွင်ဆောင်ရွက်မည့် ဒီဇိုင်းဆိုင်ရာ အကြံဉာဏ်များကို မေးမြန်းခဲ့ကြသည်။
China Aviation Supplies Holding Company, ICBC Financial Leasing Co., Ltd., နှင့့် China Development Bank Leasing တို့ ပါဝင်သော တရုတ် ကုမ္ပဏီများ အုပ်စုသည် အမေရိကန် ဘိုးရင်း လေယာဉ်ပျံ ထုတ်လုပ်ရေးကုမ္ပဏီမှ ဘိုးရင်း လေယာဉ် အစီး (၃၀၀) ဝယ်ယူရန် စာချုပ်တစ်ရပ်ကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် စတင်သည့် အင်္ဂါနေ့၌ စီယက်တယ်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.