Connect with us

Videos

တရုတ် နိုင်ငံ သမ္မတ၏ ဇနီး ဖျိန်လိယွမ် ကုလသမဂ္ဂတွင် ပြောကြား ခဲ့သည့် မိန့်ခွန်း

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဇနီး ဖျိန်လိယွမ်သည် စက်တင်ဘာ ၂၆ ရက်နေ့ တွင် အမေရိကန် နိုင်ငံ နယူးယောက် ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် အမျိုးသမီး ၊ ကလေးသူငယ် ၊ လူငယ် ကျန်းမာရေး နှင့် ပတ်သက်သည့် ကမ္ဘာ့လုံးဆိုင်ရာ အဆင့်မြင့် မဟာဗျူဟာ ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြား ရာ၌ တရုတ် နိုင်ငံ အနေဖြင့် ဤမဟာဗျူဟာ အား အလုံးစုံ ထောက်ခံသွားမည် ဖြစ်ပြီး ကလေးတိုင်း ကောင်းမွန်သော ပညာရေး ရရှိရန် နှင့် အနာဂတ် ခေတ်အဆက်ဆက် လူငယ်များ အတွက် ပိုမို ကောင်းမွန်သည့် ကျန်းမာစွာ နေထိုင်နိုင်သည့် လူမှုဘဝ ဖြစ်ပေါ် လာရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဖျိန်လိယွမ် ပြောကြား ခဲ့သည့် မိန့်ခွန်းတွင် ရှေးဦးစွာ ကုလသမဂ္ဂ ၏ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် AIDS ရောဂါ ကာကွယ်ရေး အထူး သံတမန် အနေဖြင့် အစည်းအဝေး ကို တက်ရောက်ခွင့် ရရှိခဲ့ပြီး ကမ္ဘာ့လူထု ကျန်းမာရေး အတွက် အထောက်အကူ ပြုနိုင်သည့် အတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။ ၂၀၀၆ ခုနှစ် တွင် သူမသည် တရုတ် နိုင်ငံ AIDS ရောဂါ ကာကွယ်ရေး အထူး သံတမန် အနေဖြင့် ပထမ ဆုံးအကြိမ် ဆင်းရဲနွမ်းပါးသည့် ကျေးရွာများသို့သွားရောက်ခဲ့၍ တစ်မိသားစုလုံး AIDS ရောဂါ ဖြစ်ပွားခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့သည့် ငါးနှစ်သားအရွယ် ယောက်ျားလေး Gao Jun ကို တွေ့ရှိခဲ့ရကြောင်း ထိုစဉ်က လွန်စွာ ဝမ်းနည်းစွာ ခံစားခဲ့ရကြောင်း၊ နောက်ပိုင်းတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများမှ တဆင့် Gao Jun မှာ ကျန်းမာစွာ အရွယ်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖျိန်လိယွမ် မှ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း Gao Jun ကဲ့သို့ AIDS ရောဂါခံစားခဲ့ရသည့် ဝေဒနာရှင်များစွာ နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ကျန်းမာစွာ အသက်အရွယ်ရောက်လာသည်ကို မြင်တွေ့ရမှသာ ကျေနပ်မှု ခံစားခဲ့ရကြောင်း ၊ မကြာသေးသော ကာလတစ်ခုတွင် တရုတ်နိုင်ငံတွင် AIDS ရောဂါဝေဒနာ ခံစားနေရသည့် မိခင်တစ်ဦးအား သန္ဓေသားထံ ရောဂါ မကူးစက်စေရန် ဆောင်ရွက်နိုင်ခဲ့သည်ကြောင်း၊ တရုတ်နိုင်ငံ တက္ကသိုလ်များတွင် ကျောင်းသားများစွာမှာ AIDS ရောဂါ ကာကွယ်ရေး လုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း၊ AIDS ရောဂါအပြင် တီဘီရောဂါ ကာကွယ်ရေးနှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း၊ သူမအနေဖြင့် ကုလသမဂ္ဂမှ အမျိုးသမီး ကလေးငယ်နှင့် လူငယ်တို့၏ ကျန်းမာရေးနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံမှ အလုံးစုံ ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖျိန်လိယွမ် မှ တရုတ်နိုင်ငံသည် ဤမဟာဗျူဟာအား အင်အားရှိ ပူးပေါင်းသူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း ပြောကြားသကဲ့သို့ကျွနု်ပ်တို့၏ အနာဂတ် မျိုးဆက်သစ်များအတွက် အတူတကွ ပူးပေါင်း၍ ဤမဟာဗျူဟာ အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.