Connect with us

Videos

တရုတ်နိုင်ငံ ၏ ပထမဦးဆုံး 3D နည်းပညာဖြင့် ထုတ်လုပ်သောလမုန့်

ရိုးရာလမုန့် သည် တရုတ်နိုင်ငံ၏ လူကြိုက်များသောသွားရေစာမုန့်တစ်မျိုးဖြစ်သည်။ ၎င်းကို 3D နည်းပညာဖြင့် ရေးသားလိုသောစာသားအား မုန့်ပေါ်တွင် လွယ်ကူစွာ ရိုက်နှိပ်ပြီး ပိုမိုဈေးသက်သာစွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါသည်။ အဆိုပါနည်းပညာဖြင့် လမုန့်ပုံစံအမျိုးမျိုးကိုလည်းထုတ်နိုင်နိုင်မည်ဖြစ်သည်။ ပုံစံသစ် အား နဂိုထုတ်လုပ်သည့်ပုံစံအစိတ်အပိုင်းပေါ်တွင်ထပ်မံဆန်းသစ်ပြီးထုတ်လုပ်မည်ဖြစ်သည်။ ထိုသို့ ဖြင့် သမားရိုးကျပုံစံမဟုတ်ဘဲ အဆန်းထွင် ၍ လည်းထုတ်လုပ်နိုင်သည်။ ယခု ထုတ်လုပ်တဲ့ လမုန့်တွေဟာ ဈေးသက်သာပြီး ဖောက်သည်တွေလိုချင်တဲ့ မုန့် ပုံစံကို ၁ နာရီအတွင်းမှာ ထုတ်လုပ်ပေးနိုင်ပါတယ်။ အဆိုပါကုမ္ပဏီသည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျဲကျန်းဒေသတွင်တည်ရှိသော Hangzhou Printing Technology Co., Ltd ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဆုံး 3D နည်းပညာဖြင့် မုန့်ထုတ်လုပ်သောလုပ်ငန်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.