Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား အိမ်ဖြူတော်၌ ကြိုဆိုပွဲ အခမ်းအနား ဖြင့်ကြိုဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် ပြည်ထောင်စုသို့ တရားဝင် ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အမေရိကန် သမ္မတ ဘားရတ် အိုဘားမားမှ ကြိုဆိုသည့် အခမ်းအနား ကို ဝါရှင်တန် ဒီစီ ရှိ သမ္မတ အိမ်ဖြူတော်တွင် စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာ စံတော်ချိန် ည ၇ နာရီခွဲ၌ ကျင်းပခဲ့သည်။
ထို့နောက်သမ္မတရှီနှင့် သမ္မတအိုဘားမားတို့တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရေး မူဝါဒများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ အပေါ် အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ပြီး ပုံစံသစ် နိုင်ငံကြီး ဆက်ဆံရေးအား ဆက်လက် တိုးမြှင့် နိုင်ရန် ဆွေးနွေး ကြမည် ဖြစ်သည်။
ခေါင်းဆောင် နှစ်ဦး တွေ့ဆုံပွဲ အပြီးတွင် သမ္မတရှီသည် သမ္မတ အိုဘားမားနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး ညနေပိုင်းတွင် နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်မည်ဟု သိရသည်။ ယင်းနေ့တွင်ပင် ရှီသည် အမေရိကန် ပါလီမန် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘစ်ဒန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့ တည်ခင်း ဧည့်ခံသော နေ့လည်စာ စားပွဲသို့ တက်ရောက်မည် ဖြစ်သည်။
အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား ၏ ဖိတ်ကြားမှုအရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့သည် အမေရိကန်နိုင်ငံ သို့ ပထမဆုံး တရားဝင် ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် (State Visit) အဖြစ် အင်္ဂါနေ့တွင် ရောက်ရှိခဲ့ ပါသည်။
ထိုနေ့တွင် သမ္မတရှီကျင့်ဖိန် သည် (၃) ကြိမ်မြောက် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ် နှင့် Westin Seattle Hotel တွင်ကျင်းပခဲ့သော ကြိုဆိုပွဲအခမ်းအနားတို့ ကို တက်ရောက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်းသည့်မိန့်ခွန်းများပြောကြားခဲ့ပါသည်။
ထို့နောက် ဗုဒ္ဓဟူးနေ့တွင် ဘိုးရင်းလေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသို့သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များပိုမိုးတိုးမြှင့်ရန်တိုက်တွန်းပြောကြားခဲ့သည့်အပြင် ဘိုးရင်း ထုတ်လုပ်ငန်း စက်ရုံအတွင်း လှည့်လည်ပြီး လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများအကြောင်းမေးမြန်းခဲ့သည်။
ဆက်လက်ပြီး ဝါရှင်တန် ပြည်နယ်၊ ရက်မွန်းမြို့ရှိ မိုက်ခရို ဆော့စ်ရုံးချုပ်တွင် ပြုလုပ်သည့် တရုတ်-အမေရိကန် အင်တာနက် ဖိုရမ်တွင် သမ္မတရှီမှ လုံခြုံစိတ်ချရပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း မြင်သာမှု သဘောဆောင်သည့် ဆိုက်ဘာ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံ အားပေးပါကြောင်း၊ နိုင်ငံတိုင်း ၏ အင်တာနက် ပေါ်လစီကို သက်ဆိုင်ရာ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော မူဝါဒများကိုလဲ ချမှတ်သင့်ကြောင်းစသဖြင့် ပြောကြား ခဲ့သည်။
ထိုနေ့ညနေပိုင်း၌ သမ္မတရှီသည် လင်ကွန်းအထက်တန်းကျောင်းသို့ ဇနီး ဖျိန်လိယွမ်နှင့်အတူ သွားရောက်လည်ပတ်ခဲ့ ပြီး ကျောင်းသားကျောင်းသူလူငယ်များအား နှစ်နိုင်ငံ လူငယ်များ အနေဖြင့် ပိုမို ဖလှယ်မှု များပြုလုပ်၍ ချစ်ကြည်ရေး တိုးမြင့် အောင် ဆောင်ရွက်သွားရန် ၊ တရုတ် နိုင်ငံ အား ပိုမို သိရှိ နားလည် နိုင်ရန် အတွက် လူငယ်များအနေဖြင့် တရုတ် နိုင်ငံ သို့ လာရောက် လေ့လာကြရန် ဖိတ်ခေါ်ခဲ့သည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် သမ္မတရှီနှင့် ဇနီးတို့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် သို့ရောက်ရှိခဲ့ပြီး အမေရိကန်သမ္မတ ဘားရတ် အိုဘားမား တည်ခင်း ဧည့်ခံသည့် အိမ်ဖြူတော်ရှိ သီးသန့် ညစာ စားပွဲသို့ တက်ရောက်ခဲ့ ကာ အုပ်ချုပ်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ၃ နာရီကြာတွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ဖိတ်ကြားမှု အရ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်အတွင်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.