Connect with us

Videos

အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများရှိ

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
သြဂုတ်လ ၂၄ ရက်နေ့ ၁၇:ဝ၅ အချိန်၌ ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းအချိန်ထိ ရရှိထားသည့် သတင်းများအရ လူ ၃ ဦး သေဆုံး ကာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း နှင့် အခြားထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုများအား ဆက်လက် ကယ်ဆယ် ရှာဖွေလျက်ရှိကြောင်းလည်း သိရသည်။
ပျက်စီးဆုံးရှုံးမှု အခြေအနေများတွင် လက်ရှိအခြေအနေထိ စာရင်းဇယားများအရ ပုဂံညောင်ဦးရှိ ရှေးဟောင်းဘုရားစေတီ (၁၈၅)ဆူ အပါအဝင် တစ်နိုင်ငံလုံး ရှိဘုရာစေတီ များ ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ငလျင်လှုပ်ခတ်မှုကို နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ရပြီး ဘုရားစေတီများ ပျက်စီးခြင်း၊ အဆောက်အဦး ပြိုကျခြင်းများ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.