Connect with us

Videos

အီတလီ ငလျင်ကြောင့် သေဆုံးသူ ဦးရေ မြင့်တက်လျက်ရှိ

အမ်းထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သြဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းအထိ ရရှိထားသော သတင်းများအရ သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ အနည်းဆုံး ၃၆၈ ဦးရှိကြောင်း အီတလီနိုင်ငံ မြို့ပြ ကာကွယ်ရေး ဋ္ဌာနက ပြောကြားထားပြီး လူ အချို့အား ရှာဖွေနေဆဲ ဖြစ်သောကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် မြင့်တက်နိုင်သေးကြောင်း သတိ ပေးထားသည်။
Rieti ပြည်နယ်တွင် သြဂုတ်လ ၂၄ ရက် နံနက် ၃း၃၆ နာရီက Rieti မြို့အနီး၌ အနက် ၄.၂ ကီလိုမီတာတွင် ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ယင်း ငလျင်ကြောင့် Rieti ပြည်နယ်၏ မြို့ငယ် နှစ်မြို့ဖြစ်သည့် Amatrice နှင့် Accumuli မြို့များက အဆိုးဝါး ဆုံး ထိခိုက်ခဲ့ကြောင်း သိရသည်။
ကနဦး ငလျင် လှုပ်ခတ်ပြီး နောက် ၁၂ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၅၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
အမ်းထရစ္စမြို့သည် ဒေသခံများနှင့် နွေရာသီ အားလပ်ရက် အပန်းဖြေလာသူများကြောင့် လူဦးရေများပြား နေလေ့ရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း သိရသည်။
ငလျင်ကြောင့် ဒေသဆိုင်ရာ ဆေးရုံလည်း ပျက်စီးကာ ပြောင်းရွှေ့ခဲ့ရကြောင်း ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဆင်ဟွာသို့ ပြောသည်။
အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi သည် သြဂုတ်လ ၂၄ ရက် အစောပိုင်းတွင် ငလျင်ဇုန်သို့ သွားရောက် ခဲ့ပြီး ငလျင်ဒဏ်သင့်မှုများအား ကူညီခြင်းနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ငလျင် ဒဏ်သင့်ဒေသများအား ကူညီ ထောက်ပံ့မှု ပေးနိုင်ရန်အတွက် အီတလီ အစိုးရအဖွဲ့က လည်း တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.