အဒါနာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တူရကီငလျင်ကပ်ဘေးတွင် ၈ ထပ်တိုက်အဆောက်အဦ၏အပျက်အစီးများကြား ပိတ်မိနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား တရုတ်နှင့်တူရကီကယ်ဆယ်ရေးသမားများ အတူတကွ ကယ်ဆယ်ခဲ့ကြသည်။ (Xinhua) ————————— GLOBALink | Chinese team helps rescue survivor in quake-hit Hatay...
ဆန်းရ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ပထမဆုံး ခရီးသည်တင်လေယာဉ်ကြီးဖြစ်သော C919 သည် စမ်းသပ်ပျံသန်းမှုလုပ်ငန်းစဉ်များပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ Phoenix အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) အကြီးအကျယ် ပျက်စီးခဲ့သည့် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားပြီးနောက် တရုတ်အရပ်ဘက် ကယ်ဆယ်ရေး အဖွဲ့အများအပြားသည် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများဖြင့် ကူညီရန် တူရကီနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
နန်ကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ဝူရှီးမြို့တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရန် အလုပ်သမားများက ဖေဖော်ဝါရီ ၈ ရက်၌ အမြင့် ၃၅၀ မီတာပေါ်သို့ တက်ရောက်ခဲ့ကြသည်။
အန်ကာရာ ၊ ဒမတ်စကတ်စ် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ နှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) မူဘောင်အောက်ရှိ Thar Coal Block-I Coal Electricity Integration စီမံကိန်း၏ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဖေဖော်ဝါရီ ၅ ရက်က တရားဝင်စတင်လည်ပတ်ပြီဖြစ်ကြောင်း သိရသည်။
အဒါနာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦး ပါဝင်သော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် လေယာဉ်စင်းလုံးဖြင့် ကီလိုမီတာ ၈,၀၀၀ ကျော်ကို ခရီးနှင်ကာ တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့သည်။
ကန်းစု၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း လဘရန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော “ဘုရား နေရောင်ခြည်ပြပွဲ” တိဗက်ဗုဒ္ဓဘာသာ အခမ်းအနားပွဲကြီးသို့ ဘာသာရေးယုံကြည်ကိုးကွယ်သူများနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၇၆,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
တူရကီနိုင်ငံ တောင်ပိုင်း၌ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ အဆက်မပြတ် မြင့်တက်လျက်ရှိသည်။ ယင်းငလျင်ဒဏ်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့သလို လူပေါင်း ၁၄,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua) —————————– GLOBALink | Death toll keeps rising,...
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း များပြားသော တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း အရေအတွက်မျိုးစုံသည် အီရတ်ဈေးကွက်အတွင်း ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝတွင် အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။တရုတ်ကုန်ပစ္စည်းများသည် ပြည်သူများ လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ကုန် ဈေးနှုန်းချိုသာမှု နှင့် အရည်အသွေးကောင်းမွန်မှုတို့ကြောင့် ဒေသခံပြည်သူများကို စိတ်ဝင်စား ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။