Connect with us

Media

မြန်မာနိုင်ငံ တောင်ပိုင်း၌ ရေကြီးမှုရေလျှံမှု ကြောင့် လူထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ပြောင်းရွှေ့

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ခဲ့ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ထောင်နှင့်ချီသောလူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လူပေါင်း ၆,၂၉၈ ဦးကို ကယ်ဆယ်ရေးစခန်း ၂၅ ခုသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်က ဆင်ဟွာသို့ပြောသည်။

ဘီလင်းမြို့နယ်တွင် ရပ်ကွက် ၅ ခုနှင့် ကျေးရွာတစ်ချို့မှ ရေဘေးသင့် အိမ်ထောင်စု ၁,၃၀၅ စု ရှိ အမျိုးသား ၂,၉၇၈ ဦး၊ အမျိုးသမီး ၃,၃၂၀ ဦးရှိကြောင်း ၎င်းကဆိုသည်။
မြဝတီမြို့တွင် အိမ်ထောင်စု ၁၇၆ စုမှ အမျိုးသား ၃၇၆ ဦးနှင့် အမျိုးသမီး ၄၁၆ ဦး စုစုပေါင်း ၇၉၂ ဦးနှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ လူဦးရေ ၃၀၀ ကျော်တို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ် သထုံမြို့နယ်ရှိ လူ ၂၀၀ နီးပါးကိုလည်း ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့၊ မွန်ပြည်နယ် ဘီးလင်းမြို့၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ် ၅ ရက် နေ့လည် ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117