Connect with us

Media

ပါကစ္စတန်နိုင်ငံ မီးရထားလမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံး ၊ ၅၀ ကျော် ထိခိုက်ဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၇ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Sanghar ခရိုင်၌ ဩဂုတ် ၆ ရက်တွင် ခရီးသည်တင်ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့ပြီးနောက် လူ ၂၂ ဦးထက်မနည်း သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Hazara အမြန်ရထားက Sanghar ခရိုင် Shahdadpur ဒေသရှိ Sarhari မြို့အနီး တူးမြောင်းတံတားအား ဖြတ်သန်းစဉ် အဆိုပါရထား၏ တွဲ ၁၀ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ ဒုတိယစစ်ဆေးရေးမှူး Muhammad Younis Chandio က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရထားလမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးအသင်းများသည် အခင်းဖြစ်နေရာသို့ အလျင်အမြန် သွားရောက်ခဲ့ပြီး ရထားတွဲများအတွင်း ပိတ်မိနေသော ဒဏ်ရာရခရီးသည်များကို ကယ်ဆယ်ခဲ့ကာ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
At least 22 killed, over 50 injured in Pakistan’s train accident
At least 22 people were killed and over 50 others injured on Sunday after a passenger train derailed in the Sanghar district of Pakistan’s southern Sindh province, local police said.
The accident took place when 10 coaches of the Hazara Express train derailed when it was crossing a canal bridge near Sarhari town in the Shahdadpur area of the district, Muhammad Younis Chandio, deputy inspector general of police of the region, told the media.
Following the accident, police and rescue teams rushed to the site, rescued injured passengers stuck in the derailed coaches and shifted them to nearby hospitals.
Xinhua News Agency correspondents reporting from Islamabad.(XHTV)