နယူးယောက်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုတွင် ပျံ့နှံ့မှုနှုန်းမြင့်မားသော Delta ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှုများပြားလာခြင်းကြောင့် အရေးပေါ်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်တွင် နေရာပြတ်လတ်မှုများဖြစ်ပွားနေသည်။ ဆေးရုံများတွင် ဆရာဝန်များနှင့်သူနာပြုများလည်း ရှားပါးလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် အင်္ဂါနေ့အထိ ကူးစက်ပျံ့နှံ့မှုနှုန်းမြန်ဆန်သည့် Delta ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကြောင့် ကူးစက်ခံရသူဦးရေမှာ...
နာလ်ဆူတန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံအရှေ့ပိုင်းတွင် စွမ်းအင်ပြတ်လတ်မှုအားကာမိစေရန် တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် Turgusun ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်လ လယ်မှ စတင်ကာ အပြည့်အဝ စတင်လည်ပတ်ကာ လျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်ပေးလျက်ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံ မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်း ၏ လက်အောက်ခံ လုပ်ငန်းဖြစ်သည့်တရုတ်နိုင်ငံတကာ ရေအားနှင့် လျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်းမှ တည်ဆောက်ထားသည့်...
ရှန်ဟိုင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းမြို့ Baoshan ခရိုင်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးခေါက်နိုင်ဖြန့်နိုင်သော 3D နည်းပညာဖြင့်ထုတ်လုပ်တည်ဆောက်ထားသည့်တံတားကြီးအားထုတ်ဖော်ပြသခဲ့သည်။ ခေါက်နိုင်ဖြန့်နိုင်သည့်ဆက်ကြောင်း ၉ ခုပါဝင်သည့်တံတားသည်အရှည် ၉.၃၄ မီတာရှိပြီး အကျယ် ၁.၅ မီတာ နှင့် အမြင့် ၁.၁ မီတာ ရှိသည်။ အလေးချိန်...
နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ် ၄ ခုတွင် တွေ့ရသည့် အဖြူရောင်အမြီးရှိသော ဒရယ် ၄၀ရာခိုင်နှုန်း ခန့် ၏ သွေးရည်ကြည်များတွင် ကိုရိုနာဗိုင်းရပ်စ် အား ကာကွယ်နိုင်သည့် ပဋိပစ္စည်း များရှိနေသည်ကို တွေ့ရှိရကြောင်း မကြာသေးမီက အမေရိကန်ဖယ်ဒရယ် စစ်တမ်းကောက်ယူမှုများအရသိသည်။...
ရှန်ဟိုင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) “Pioneer I” ဟုအမည်ပေးထားသည့် တရုတ်နိုင်ငံ၏ ရေနက်ပိုင်းသတ္တု တူးဖော်ရေးယာဉ်သည် မကြာသေးမီက တောင်တရုတ်ပင်လယ်ပြင် Xisha ဒေသ၌ ရေအောက်အနက် မီတာပေါင်း ၁,၃၀၀ အထိဆင်းသက်၍ စမ်းသပ်တူးဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်အား ရှန်ဟိုင်းကျားထုံ တက္ကသိုလ် အဏ္ဏဝါဗေဒအင်ဂျင်နီယာအဖွဲ့က ထုတ်လုပ်ခဲ့ပြီး ပင်လယ်ကြမ်းပြင်၌...
ယန်ကျိုး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် မြို့တော် ယန်ကျိုးတွင် မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးမှုတိုးမြှင့်နိုင်ရန်ရည်ရွယ်ကာ ယန်ကျိုးနိုင်ငံတကာ ပြပွဲ စင်တာ၌ လေပူဖောင်း စစ်ဆေးရေးဓါတ်ခွဲခန်းနှစ်ခုအားအမြန်တည်ဆောက်ခဲ့ကြောင်းသိရသည်။
ဟယ်လ်ဆင်ကီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် အသစ်စက်စက် လျှပ်စစ်ဘတ်စ်ကားများကို ဖင်လန်နိုင်ငံ ဟယ်လင်ဆင်ကီးမြို့တွင် လာမည့် သီတင်းပတ်မှစတင်ကာ တရားဝင်စတင်ပြေးဆွဲတော့မည်ဟုသိရသည်။
အေသင်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဂရိနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် ပြီးခဲ့သည့်တနင်္လာနေ့တွင် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် တောမီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။ ဂရိနိုင်ငံအလယ်ပိုင်း ဖော်ကီဒါ ဒေသတွင် တောမီးလောင်ကျွမ်းမှုအနီး မြေတူးစက်မောင်းနှင်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆေးရုံမှထုတ်ပြန်သည်။ အသက် ၇၀နှစ်အရွယ် ရှိ အဆိုပါအမျိုးသားသည် ထိုဒေသတွင်မီးအတားအဆီးများကို မြေတူးစက်ဖြင့်...
ထျန်းကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတရုတ်နိုင်ငံအတွက် ရွှေတံဆိပ်ဆုများဆွတ်ခူးပေးခဲ့ကြသည့် အားကစားသမားများအားဂုဏ်ပြုသောအားဖြင့် ထျန်းကျင်းမြို့၌ ဒရုန်းအစင်းရေပေါင်း ၁,၀၀၀ ကျော်ဖြင့် ပျံဝဲပုံဖော်ကာဂုဏ်ပြုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံက တိုကျိုမြို့သို့ အဖွဲ့ဝင် ၇၇၇ ဦးပါဝင်သည့် အားကစားအဖွဲ့ကို စေလွှတ်ခဲ့ပြီး ယင်းမှာ နိုင်ငံရပ်ခြားအားကစားပြိုင်ပွဲများသို့ အားကစားသမားအများဆုံး စေလွှတ်ခြင်းလည်းဖြစ်သည်။...
ဖူးကျိုး၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်အတွင်း ဖူကျိုးမြို့နှင့်ရှမန်မြို့တို့အား ချိတ်ဆက်ပြေးဆွဲမည့် ပင်လယ်ကူး မြန်နှုန်းမြင့်ရထားလမ်းပိုင်းရှိ အဓိက တံတားကြီး ၏ အခြမ်းနှစ်ခြမ်းအား ပြီးခဲ့သည့်သောကြာနေ့က ချိတ်ဆက်ပြီးစီးခဲ့ကြောင်းသိရသည်။ Quanzhou ပင်လယ်အော် ဖြတ်ကူး တံတားကြီးသည် ၂၇၇ ကီလိုမီတာအရှည်ရှိ ဖူကျိုး-ရှမန် အမြန်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။...