Connect with us

Videos

မြန်မာနိုင်ငံက ဧပြီလတွင် အထည်ချုပ်ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၃၈၄ သန်းရရှိ

ရန်ကုန် ၊ မေ ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံက CMP စနစ်ဖြင့် ယခုနှစ် ဧပြီလအတွင်း အထည်ချုပ်လုပ်ငန်းထုတ်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ မေ ၁၀ ရက်တွင်ပြောသည်။မြန်မာနိုင်ငံမှ အဝတ်အထည်များကို နယ်စပ်မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၁၈၄ သန်းခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှချုပ်လုပ်ထားသော အဝတ်အထည်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ နှင့် ဂျပန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းမှ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-

Myanmar earns 384 mln USD from garment exports in April
Myanmar earned 384 million U.S. dollars from the exports of garments manufactured under the cut-make-pack (CMP) system in April this year, the state media citing the Myanmar Garment Manufacturers Association has reported.
The Southeast Asian country exported garments worth 200 million dollars through land borders, while it shipped goods worth 184 million dollars via sea routes, the report said.
Myanmar exported the garment to China, Thailand and European countries, it said.
The investment in Myanmar’s CMP garment sector comes from China, Thailand, South Korea and Japan. China is the largest foreign investor in Myanmar’s garment sector, the report said.
Myanmar’s garment industry has created more than 100,000 job opportunities for local people, it said.
Myanmar earned more than 1.5 billion U.S. dollars from the exports of CMP garments during the 2022-23 fiscal year, official figures showed.
Xinhua News Agency correspondents reporting from Yangon, Myanmar.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.