Connect with us

Videos

လာအိုနိုင်ငံ၌ တရုတ်-လာအို နှစ်နိုင်ငံက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဗီယင်ကျန်း ၊ မေ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာအိုနိုင်ငံရှိ လာအိုပြည်သူ့တပ်မတော် (LPAF) ရှိ Kommadam Academy ၌ မေ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံစစ်တပ်များ၏ စွမ်းဆောင်ရည်များ မြှင့်တင်ရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။“တရုတ်-လာအို Friendship Shield-2023 စစ်ရေး လေ့ကျင့် မှုက နှစ်နိုင်ငံ တပ်မတော် အတွင်း အတွေ့အကြုံ ဖလှယ်ဖို့ စင်မြင့် တစ်ခု အနေနဲ့ဆောင်ရွက်ခဲ့တာဖြစ်သလို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက်ခိုင်မာတဲ့ ဆောင်ရွက်ချက်တစ်ခုတစ်ခုလည်း ဖြစ်ပါတယ်’’ ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တောင်ပိုင်း ဒေသ စစ်ဌာနချုပ် တပ်မ ၇၅ ၏ ဒုတိယတပ်ရင်းမှူး Yang Wenlin က ပြောသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောတောင်များတွင် အခြေစိုက်သည့် နိုင်ငံဖြတ်ကျော် လက်နက်ကိုင်ရာဇ၀တ်ဂိုဏ်းများကို ပူးပေါင်းတိုက်ခိုက်သည့် သရုပ်ပြလေ့ကျင့်ကြခြင်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုအတွင်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရန် ဘတ်စကတ်ဘောပြိုင်ပွဲများ၊ လွန်ဆွဲပွဲများနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပူးတွဲလေ့ကျင့်မှုသည် တရုတ်-လာအို ကံကြမ္မာအကျိုးတူအသိုက်အဝန်းတည်ဆောက်ရေးအတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ပူးတွဲထုတ်ပြန်ချက်အရ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ (Xinhua)
#China #Laos #MilitaryDrill #တရုတ်နိုင်ငံ #လာအိုနိုင်ငံ #စစ်ရေးလေ့ကျင့်မှု

China, Laos hold joint military drill in Laos
China and Laos launched a joint military exercise on Thursday at the Kommadam Academy of the Lao People’s Armed Forces (LPAF) in Laos, aimed at enhancing capabilities of the two militaries to combat terrorism.
Major-General Yang Wenlin, deputy commander of the 75th Group Army of the Chinese People’s Liberation Army (PLA) Southern Theater Command, said the China-Laos Friendship Shield-2023 joint exercise serves as a platform for exchanging experiences between the two militaries, as well as a concrete measure to deepen friendship and boost cooperation between the two countries.
The joint drill is held on the scenario of joint attacks on transnational armed criminal groups based in jungle mountains.
During the exercise, events such as basketball match, tug-of-war and cultural performances will be held by the participating soldiers to cement friendship between the two militaries.
The joint drill is launched to strengthen defense cooperation between China and Laos under a joint statement signed by the two sides on building a China-Laos community with a shared future.■
Xinhua News Agency correspondents reporting from Vientiane.
(XHTV)