ရီယိုဒီဂျနေရို၊ မေ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Sao Paulo မြို့လယ်ခေါင် ရှိ စွန့်ပစ်ထားသော ၂၆ထပ် ရုံးအဆောက်အအုံဟောင်း တစ်ခု တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိရရှိထားသော စာရင်းများအရ လူပေါင်း ၄၉ ဦးအထိ ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များကပြောကြားခဲ့သည်။...
ဟေလုံကျန်း၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းဟေလုံကျန်းဒေသတွင် ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် ARJ21 စတင်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ အဆိုပါဒေသမှာ အမြင့်ပိုင်းဒေသတွင်ကျရောက်သောကြောင့် ဆောင်းတွင်း၌ အပူချိန်မှာ အနုတ် ၃ဝ ဒီဂရီဆဲလ်စီးယပ်အောက်ကျသည်အထိ ရာသီဥတုပြင်းထန်သည်။ “ARJ21 လေယာဉ်က အရမ်းအေးတဲ့ ဒေသမှာ ပျံသန်းဖို့ စစ်ဆေးမှုတွေအောင်မြင်ထားပါတယ်။ လေယာဉ်လမ်းကြောင်းသစ် ပျံသန်းရာမှာ စိတ်ချရအောင်...
ရှီအန်း၊ မေ ၃ ရက်(ဆင်ဟွာ) ရှေးဟောင်းမြို့တော်ရှီအန်းတွင် ကောင်းကင်ပြင်၌ ဒရုန်းပေါင်း ၁၃၇၄ စင်းက ၁၃ မိနစ်ကြာ မီးအလှပြပျံသန်းကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ဒရုန်းပေါင်း ၁၃၇၄ စင်းမှာ ရှေးဟောင်းမြို့တော်ရှီအန်း ၏ နံရံအမြင့်ကို ကိုယ်စားပြုထားခြင်းဖြစ်ပြီး ၎င်းမှာ မောင်းသူမဲ့ယာဉ်ပျံများကောင်းကင်တွင် တစ်စုတစ်စည်းတည်းအများဆုံးစံပုံဖော်နိုင်သည့် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့သည်။ ရှီအန်းမြို့မှာ ရှေးခေတ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်ရာမြို့တစ်မြို့လည်း...
ရှန်ဟိုင်း၊ မေ ၂ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြေအောက်ရထားလမ်းပိုင်းသစ် ကို အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက်အသုံးပြုကာ ရထားလမ်းများမြန်ဆန်စွာဖောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။ အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက် တွင် တာရာ ၄စုံတပ်ဆင်ထားပြီး လမ်း၏မျက်နှာပြင်တိုင်းတွင် ထပ်ခင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ မြေအောက်ရထားလမ်းများကိုဖောက်လုပ်ရာတွင်လည်း ဥမင်လိုဏ်ခေါင်းအတွင်းအလွယ်တကူလှုပ်ရှား သွားလာနိုင်သည်။ ယခင်အသုံးပြုသည့်ထပ်ပိုးလွှာခင်းစက်မှာ တစ်ရက်လျင် ၃၃.၉ မီတာ အရှည်ခင်းနိုင်ပြီးယခု အသစ်မွမ်းမံထားသည့်စက်မှာ တစ်ရက်လျင်မီတာ ၅ဝ...
ဟန်ကျိုး၊ မေ ၂ ရက်(ဆင်ဟွာ) ၂ဝဝ၈ ခုနှစ်မေလ ၁ ရက်နေ့ ကစတင်ဖွင့်လှစ်ခဲ့သည့် အရှည် ၃၆ ကီလိုမီတာရှိသော ဟန်ကျိုးပင်လယ်ကူး တံတားကြီးမှာ ယခု ၁ဝ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ တံတားကြီးစတင်ဖွင့်လှစ်သည့် လွန်ခဲ့သည့် ၁ဝ နှစ်က ထိုတံတားကြီးမှာ ကမ္ဘာ့အကြီးဆုံးပင်လယ်ကူးတံတားကြီးတစ်စင်းလည်းဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာတိုင် ပြည်သူသန်း၁၅ဝကျော်၏ အိုးအိမ်စည်းစိမ်နှင့်...
ရှန်တုံ၊မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်တုံပြည်နယ် ကျိနန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပြိုင်ပွဲတစ်ရပ်ကိုကျင်းပခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးများဖြင့်တိုက်အမြင့်ကိုအမြန်ဆုံးတွယ်တက်ခြင်း၊ ဘားတန်းကို အချိန်ကြာမြင့်စွာခိုခြင်း၊ မီးသတ်လုပ်ငန်းသုံးလှေခါးအားထမ်းကာ အမြန်ဆုံးပြေးခြင်းများကို ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။ ထိုသို့ယှဉ်ပြိုင်စေခြင်းအားဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက လူအများကို ကယ်ဆယ်နိုင်စေရန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်များကိုသိရှိနိုင်စေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။(Xinhua)
ကျန်းကျိုး၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းဟီနန်ပြည်နယ် ကျန်းကျိုးလေကြောင်းပြပွဲတွင် ဗြိတိန်လေကြောင်းစတန့်အဖွဲ့ Wingwalkers က ဥရောပတိုက်၏ လူကြိုက်အများဆုံး ပျံသန်းနေသောအပျော်စီးလေယာဉ်များ၏တောင်ပံ ပေါ်တွင်လူလိုက်ပါကာစတန့်ပြသမှုများပြုလုပ်ခဲ့ရာ စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများပြားခဲ့သည်။ ကျန်းကျိုးလေကြောင်းပြပွဲကိုဧပြီ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ပြသပြီး ဆုချီးမြှင့်ပွဲကိုလည်း နှစ်စဉ်ကျင်းပမြဲအတိုင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။(Xinhua)
ချင်းတောင်၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ချင်းတောင်မြို့တွင် ခရုခွံ ကမာခွံများပေါများစွာထွက်ရှိသည်။ အသက် ၅၉ နှစ်အရွယ် Ji Zhoutong ဆိုသူက ၎င်း၏ ဇာတိမြို့၏အထင်ကရပုံစံငယ်များကိုနှစ်ပေါင်း ၃ဝကျော်ကြာ ခရုခွံ ကမာခွံများကိုအသုံးပြုကာ လက်မှုအနုပညာအလှဆင်သူတစ်ဦးဖြစ်သည်။ ခရုခွံ ကမာခွံများဖြင့် မြို့၏ အထင်ကရအဆောက်အဦများကို လက်ရာသေသပ်လှပစွာဖြင့် အနုစိတ်ဖန်တီးထားသောကြောင့်...
ပေကျင်း၊ ဧပြီ ၃ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ ဧပြီ ၂၇ ရက် နှင့် ၂၈ရက်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ နှင့် အလွတ်သဘောတွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ယုံကြည်မှုသည် အခြေခံတစ်ခုဖြစ်ကြောင်း...
ပန်မွန်ဂျုံ၊ဧပြီ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့က ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ကို ဘုံရည်မှန်းချက်အဖြစ်ထားရှိနိုင်ရန်သဘောတူညီမှုဆိုင်ရာပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံခေါင်းဆောင်များထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။ (Xinhua