Connect with us

Media

တရုတ်နိုင်ငံ၌ ကပ်ရောဂါ ကာလ၌ပင် စီးပွားရေးတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိ

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တရုတ်နိုင်ငံ၌ COVID-19 တစ်ဖန်ပြန်လည်ဖြစ်ပွားမှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေလင့်ကစား စီးပွားရေးကဏ္ဍမှာမူ တည်ငြိမ်စွာပင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ကျွမ်းကျင်သူအချို့က တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များကို ပြောကြားခဲ့သည်။

ဥဇဘက်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် TULANBAY KURBANOV က“နိုင်ငံတကာမျက်နှာစာမှာ ရှုပ်ထွေးတဲ့အခင်းအကျင်းမြောက်များစွာ ရှိနေလင့်ကစား တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ဒီနှစ်ရဲ့ ပထမသုံးလပတ်မှာ ခန့်မှန်းချက်ထက်ပိုမို တိုးတက်လာပါတယ် ၊ ရာစုနှစ်တစ်ခုမှာ တစ်ခါမှမကြုံဖူးတဲ့ကပ်ရောဂါကို ရင်ဆိုင်တဲ့နေရာမှာလည်း တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာ ဦးဆောင်နိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ပြန်လည်စတင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အနုတ်လက္ခဏာကနေ အပြုသဘောဆောင်သည်အထိပြောင်းလဲနေပါတယ်” ဟုဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံရှိ တရုတ်ရေးရာလေ့လာရေးစင်တာမှညွှန်ကြားရေးမှူးဖြစ်သူ Charles Onunaiju က “ပြည်တွင်းဈေးကွက်အုတ်မြစ်ကို အလွန်ခိုင်ခံ့အောင်လုပ်ဆောင်နိုင်တဲ့ အရေးပါတဲ့အခြေခံအချက်တွေကို ခိုင်မာမြဲမြံအောင်လုပ်နိုင်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့အဆိုးဝါးဆုံး ထိတ်လန့်မှုတွေ ဖြစ်မလာအောင်တားဆီးနိုင်ခဲ့ပါတယ်၊ တရုတ်နိုင်ငံဟာ ကပ်ရောဂါထိန်းချုပ်ရေးနဲ့အတူ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ဟန်ချက်ညီအောင်ထိန်းထားနိုင်တဲ့အတွက်စီးပွားရေးဟာ စဉ်ဆက်မပြတ်နာလန်ထူမှုနဲ့အတူ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လာနေပါပြီ ” ဟု ဆိုသည်။

နိုင်ငံတစ်ဝန်း ရောဂါများတစ်ဖန်ပြန်လည်ပေါ်ပေါက်နေသည့်ကြားမှ ယခုနှစ် ပထမသုံးပတ်ကာလ၌ နိုင်ငံရဲ့စီးပွားရေးသည် တစ်နှစ်ထက်တစ်နှစ် ၄.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

“တရုတ်နိုင်ငံ မှာ အကြားအလပ်မရှိတဲ့ မူဝါဒတွေရှိတာကြောင့် စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ကျွန်မတို့ထင်ပါတယ်” ဟု IMF မှ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Kristalina Georgieva က IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ ၂၀၂၂ ခုနှစ် နွေဦးအစည်းအဝေးများ ကျင်းပစဉ်၌ ရုပ်သံလင့်ခ်မှတစ်ဆင့် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလ၌ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ် ၄.၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်းဆိုသည်။
ဆင်ဟွာသတင်းထောက်များက ဝါရှင်တန်မှသတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)
………………………………….
(English Version)
GLOBALink | Experts interpret China’s stable economic performance amid pandemic
BEIJING, May 5 (Xinhua) — China’s economy got off to a steady and robust start in 2022 in the face of global challenges and a resurgence of COVID-19 cases. Some experts have given their interpretations of China’s economic performance.
TULANBAY KURBANOV, Uzbek expert
China’s economy grew in the first quarter of this year, exceeding expectations despite a series of complicated issues in the international arena. Facing a pandemic unseen in a century, China is taking the lead in controlling the virus, resuming production and reversing economic performance from negative to positive growth.
“This measure of strengthening the key fundamentals of the local market has been a very solid foundation through which China has fended off the worst of shocks, The economy posted a stable performance with continued recovery as China struck a balance between epidemic control and economic and social development.” said Charles Onunaiju, director of the Center for China Studies in Nigeria.
The economy grew by 4.8 percent year on year in the first quarter of this year despite resurgences of the epidemic raging across the country.
“We see China capable of boosting the economy because it has ample policy space,” IMF Managing Director Kristalina Georgieva told a virtual press conference during the 2022 Spring Meetings of the IMF and the World Bank.
According to data from the National Bureau of Statistics, in the first quarter of 2022, China’s GDP increased by 4.8 percent year on year.
Xinhua News Agency correspondents reporting from Tashkent/Abuja/Washington D.C.

Produced by Xinhua Global Service