Connect with us

Media

အမေရိကန်နိုင်ငံက လိမ်ညာမှုများအားထိပ်တန်းဖန်တီးသူဖြစ်ကြောင်း တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ဆို

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် လိမ်ညာမှုများအားထိပ်တန်းဖန်တီးသူဖြစ်ပြီး တရုတ်နိုင်ငံက အမြဲတစေ ၎င်းတို့၏ သတင်းမှားလုပ်ကြံမှုကမ်ပိန်း၌ သားကောင်ဖြစ်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျောက်လိကျန်း ကဆိုသည်။

“တရုတ်နိုင်ငံက ရုရှားနိုင်ငံကို ကူညီတယ်ဆိုတဲ့ သတင်းမှားတွေဟာ သူတို့ရဲ့ သတင်းမှားဖော်ပြထားတဲ့ ပြဌာန်းစာအုပ်ထဲမှာဖော်ပြထားပါတယ်။ အမေရိကန်က ဖန်တီးထားတဲ့ ဆောင်းပါးကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာထိပ်တန်းလိမ်ညာတတ်သူဆိုတာကို နောက်တစ်ကြိမ် သက်သေပြနေပြန်ပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ သတင်းမှားဖန်တီးမှု ကမ်ပိန်းမှာ အမြဲတမ်းသားကောင်ဖြစ်နေပါတယ်၊ လူမျိုးတုံးသတ်ဖြတ်မှုတို့၊ “ဝူဟန့်ဗိုင်းရပ်စ်” တို့လိုမျိုး အမည်တွေတပ်ပြီး ဆိုက်ဘာအကြမ်းဖက်တိုက်ခိုက်မှုတွေ နဲ့ ပြည်ပ စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေစတဲ့ စွပ်စွဲမှုတွေကိုလုပ်ဆောင်ပြီး အမေရိကန်ဟာ တရုတ်နိုင်ငံအပေါ် အပြစ်လွှဲချမှုတွေကို ကြိမ်ဖန်များစွာလုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းမှာ ပဋိပက္ခစတင်ကတည်းက အမေရိကန်ဟာ တရုတ်နိုင်ငံကို တိုက်ခိုက်တဲ့ သတင်းမှားတွေနဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်နေတာပါ၊ အမေရိကန်နိုင်ငံ လုံခြုံရေးကောင်စီက အဆင့်မြင့်အရာရှိတစ်ဦး က မီဒီယာကို “ တရုတ်နိုင်ငံက ရုရှားနိုင်ငံရဲ့ အထူးစစ်ရေးလှုပ်ရှားမှုအပေါ်ကို ကြိုတင်သိရှိနေတယ်” လို့  ပြောကြားခဲ့မှုကို ခင်ဗျားတို့အားလုံးလည်းမှတ်မိနေကြဦးမယ်လို့ထင်ပါတယ်၊

နောက်ထပ် အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက လည်း ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံထံမှ လက်နက်တွေကိရိယာတွေအပါအဝင် အထောက်အပံ့တွေ အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်၊ အဲဒီလိုအမည်ခံထုတ်ပြန်ချက်ရဲ့ မသင့်လျော်တဲ့စွပ်စွဲမှုတွေကို

အဖြစ်မှန်အချက်အလက်တွေနဲ့ ပယ်ချနိုင်ခဲ့ပါတယ်” ဟု ကျောက်ကပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(English Version)

GLOBALink | U.S. is top creator of lies, says Chinese FM spokesperson

BEIJING, May 5 (Xinhua) — The U.S. is the top creator of lies, and China has always been a victim of the U.S. disinformation campaign, said Chinese Foreign Ministry spokesperson Zhao Lijian.

Accusing China of helping Russia spread disinformation is in itself textbook disinformation. The article made up by the US once again proves that the US deserves to be the top creator of lies.

China has always been a victim of the US disinformation campaign. From the labels of so-called genocide and the “Wuhan virus”, to the allegations of cyber attacks and overseas military bases, the US has thrown dirty water on China for too many times. Since the start of the conflict in Ukraine, the US has waged disinformation offense against China non-stop. You may still remember that a senior official from the US Security Council fed media the so-called information that China has prior knowledge of Russia’s special military operation. Then another senior official, on condition of anonymity, alleged that Russia requested assistance including weapons and equipment from China. These so-called revelations, though with verbally graphic accounts, have all been debunked by facts.

Produced by Xinhua Global Service