လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တွားသွားသတ္တဝါအမျိုးအစားအစုံကိုပြသသည့် ကမ္ဘာ့အကြီးဆုံး ပြပွဲတစ်ရပ်ကိုသြဂုတ်လ ဒုတိယရက်သတ္တပတ်အကုန်တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် တွားသွားသတ္တဝါချစ်သူထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြသည်။ လာရောက်ကြသူများမှာတွားသွားသတ္တဝါများကိုရောင်းချသူ၊ မွေးမြူသူများနှင့်တွေ့ဆုံနိုင်ပြီး အဆိုပါ တွားသွားသတ္တဝါများနှင့်လည်းတွေ့ထိ ကိုင်တွယ်နိုင်ကြသည်။ ပုတ်သင်ညိုများ၊ လိပ်များ၊ မြွေများနှင့် အခြားတွားသွားသတ္တဝါအမျိုးအစာ းအစုံကို လေ့လာနိုင်မည့်ပြပွဲတစ်ပွဲလည်းဖြစ်ကြောင်းသိရသည်။(Xinhua)
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာန၌ သြဂုတ် ၁၃ရက် ညနေ ၆နာရီ ၄၃မိနစ်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကင်ဆာရောဂါ ပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်ခုံ အပူလွန်ကဲရာမှ စတင်ပြီး မီးလောင်ကျွမ်းရာ...
ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ရှန်ဟိုင်းရန်ရှန်း ရေနက်ဆိပ်ကမ်း ရှိ ကမ္ဘာ့အကြီးဆုံး အလိုအလျောက် ကွန်တိန်နာဆိပ်ကမ်းကြီးမှာ အကျယ်အဝန်းအားဖြင့် ၂.၂၃ သန်း ရှိပြီး လက်ရှိအချိန်တွင် ကွန်တိန်နာအလုံးပေါင်း ၄သန်းခန့်ကို စီမံခန့်ခွဲနိုင်သည်။ထို ဆိပ်ကမ်းတွင် အလိုအလျောက် စီမံခန့်ခွဲသည့်စနစ်ကိုပါတွဲဘက်အသုံးပြုထားပြီး ၎င်းစနစ်တွင်လိုအပ်သည့် စက်ကိရိယာများအားလုံးကို တရုတ်ပြည်တွင်ထုတ်လုပ်ခြင်းဖြစ်သည်။...
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ရေဘေးသင့် ဒေသများရှိ အများပြည်သူ အတွက် လူမှု ဂရုဏာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ တစ်သိန်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ...
ပေကျင်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြဂုတ်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည့် နှစ် ၄ဝ ပြည့်အခမ်းအနားဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်သည့်အထိမ်းအမှတ်နေ့လည်းဖြစ်သည်။ အဆိုပါ စာချုပ်ကို စတင်လက်မှတ်ထိုးခဲ့သည့် ၁၉၇၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံအစိုးရအချင်းချင်းအပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။ လက်ရှိအချိန်တွင် တရုတ်နှင့်ဂျပန်နိုင်ငံတို့မှာ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများလည်းဖြစ်လာခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်မှုများကို...
ရန်ကုန် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်း ရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနား...
လာဆာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသ လာဆာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓမြတ်စွာဘုရား၏ ပုံတော်ကိုရေးဆွဲပူဇော်ထားသည့် ဧရာမပန်းချီကားကြီးကို Drepung ဘုန်းတော်ကြီးကျောင်း အနီးရှိ တောင်စောင်းပေါ်သို့ ဝိုင်းဝန်းသယ်ဆောင်ပူဇော်ခဲ့သည်။ နှစ်စဉ်ကျင်းပလျက်ရှိသည့် ရှိုတွန်ပွဲတော်ဖွင့်ပွဲတွင် ထိုသို့ပန်းချီကားပုံကို သယ်ဆောင်ပူဇော်ခြင်းဖြစ်သည်။ ရှိုတွန်ပွဲတော်မှာ တိဘက်လူမျိုးတို့၏ အလွန်အရေးပါသောပွဲတော်တစ်ခုဖြစ်ပြီး...
စီချွမ်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်လျန်ချမ်းဒေသတွင် နှစ်စဉ်နှစ်တိုင်းနွေရာသီရောက်ပါက ၃ရက်တာမျှ နေ့အချိန်တွင် ရိုးရာဝတ်စုံများကိုဆင်မြန်းကာ ညအချိန်၌ ကျင်းပမည့် မီးတုတ်ပွဲတော်ကိုကြိုဆိုလေ့ရှိကြသည်။ မီးတုတ်ပွဲတော်တွင် မီးတုတ်များကို ကိုင်ဆောင်ကာ သီဆိုကခုန်ကြပြီး ကောင်းမွန်စွာစိုက်ပျိုး ရိတ်သိမ်းနိုင်သည့်ရာသီဥတုဖြစ်စေရန် ဆုတောင်းမှုများပြုလုပ်ကြသည်။ ရှေးယခင်က မီးတုတ်ပွဲတော်ကျင်းပခဲ့သည့်အစဉ်အလာအတိုင်း ပြုလုပ်သည့်အပြင် ယနေ့ခေတ်နှင့် လိုက်ဖက်ညီသည့် ဖျော်ဖြေမှှုများ မီးရှူးမီးပန်းများကို...
ဂျကာတာ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ် ၅ ရက် က အင်အား ၇.၀ ပမာဏရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် Blue Leopard rescue team ဟုအမည်ရသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ...
ဝူဟန်၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်ဇီမြစ်ကူးတံတားစီမံကိန်းကိုဆောက်လုပ်လျက်ရှိရာ အဓိကအပိုင်းမှာပြီးစီးပြီဖြစ်သည်။ ၇၅၄၈ မီတာ အရှည်ဆောက်လုပ်မည်ဖြစ်သည့် ကျင်းရှန်ယန်ဇီမြစ်ကူးတံတားမှာ ယန်ဇီမြစ်ကို ဖြတ်သန်းဆောက်လုပ်သည့် ၁၁ စင်းမြောက်တံတားလည်းဖြစ်သည်။တည်ဆောက်ပြီးစီးပါက မြစ်ကြောင်းဖြတ်ကူးသွားလာရသည့် အခက်အခဲများကို ပြေလည်စေမည့် တံတားတစ်စင်းလည်းဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနိုင်မည်ဟုသိရသည်။(Xinhua)