Connect with us

Videos

စားနပ်ရိက္ခာဖူလုံစေရန် “တရုတ်နိုင်ငံထွက် သီးနှံမျိုးစေ့များ” ၏ အရေးပါမှု အခန်းကဏ္ဍအား ရှီအလေးထားမှာကြား

ဟိုင်နန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်တွင် ရှီကျင့်ဖိန်က ဆန်းရ မြို့ရှိ သီးနှံမျိုးစေ့ဓါတ်ခွဲခန်းသို့သွားရောက်လေ့လာခဲ့သည်။ရှီကျင့်ဖိန်က နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရန် “တရုတ်နိုင်ငံထွက် သီးနှံမျိုးစေ့များ” ၏ အရေးပါသည့်အခန်းကဏ္ဍများအားအလေးထားမှာကြားခဲ့သည်။
သီးနှံမျိုးစေ့ အရင်းအမြစ်များအားမိမိတို့ ကောင်းမွန်မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ပါမှ တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအပေါ် အာမခံချက်ရှိလာမည်ဖြစ်ကြောင်းရှီကဆိုသည်။

Yazhou Bay Seed Laboratory မှ သုတေသီတစ်ဦးဖြစ်သူ CAO XUESONG“အထွေထွေအတွင်းရေးမှူးချုပ်ရှီကျင့်ဖိန်က ဒီကိုလာပြီးတော့ သုတေသီတွေနဲ့နှုတ်ဆက်ခဲ့ပါတယ်၊ ကျွန်တော် လည်းသူ့ကို လုပ်ငန်းတွေအကြောင်းရှင်းပြပြီး လက်တွေ့လုပ်ဆောင်ပြသခဲ့ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်က မေးခွန်းအချို့ကိုမေးခဲ့ပါတယ်၊ အထွေထွေအတွင်းရေးမှူးချုပ်ဟာ သီးနှံမျိုးစေ့ ကဏ္ဍ ကိုရော လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကိုပါ သိပ်ကို အလေးထားတယ်လို့ကျွန်တော်ခံစားမိပါတယ်” ဟုဆိုသည်။

Yazhou Bay Seed Laboratory မှ ညွှန်ကြားရေးမှူးဖြစ်သူ YANG WEICAI က“အထွေထွေအတွင်းရေးမှူးချုပ်က ကျွန်တော်တို့ ရဲ့ ဓါတ်ခွဲခန်းအကြောင်းကိုသိတယ်ဆိုတော့သိပ်ကို လေးစားအထင်ကြီးမိပါတယ်၊ သူက သီးနှံမျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက်ကြိုးပမ်းဖို့မှာကြားခဲ့ပါတယ်၊ ဒါဟာကျွန်တော်တို့ အဖို့ကြီးမားတဲ့ အားပေးထောက်ပံ့မှုဖြစ်ခဲ့ပါတယ်” ဟုဆိုသည်။

Yazhou Bay Seed Laboratoryမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး CHEN FAN က
“အထွေထွေအတွင်းရေးမှူးချုပ်လာရောက်လည်ပတ်တာကျွန်တော်တို့အဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်၊ ဒီမှာ ရှေ့ဆက်ပြီး ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတာကိုသူက ရှင်းလင်းပြသခဲ့ပါတယ် ကျွန်တော်တို့ဟာ ဒီဓါတ်ခွဲခန်းကို သီးနှံမျိုးစေ့ ကဏ္ဍမှာ မြင့်မားတဲ့ အုတ်မြစ်တစ်ခုသဖွယ် ပြောင်းလဲနိုင်မယ်လို့မျှော်လင့်မိပါတယ်” ဟုဆိုသည်။

ဆင်ဟွာသတင်းထောက်များက တရုတ်နိုင်ငံ ဆန်းရမြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)
#xijinping #chineseseeds #foodsecurity #sanya#hainan#visit#xinhua #xinhuamyanmar #ရှီကျင့်ဖိန်#သီးနှံမျိုးစေ့များ #စားနပ်ရိက္ခာဖူလုံ #ဆန်းရ #ဟိုင်နန် #အလည်အပတ်ခရီးစဉ် #ဆင်ဟွာ #ဆင်ဟွာမြန်မာ

———————
(English Version)
Xi stresses role of “Chinese seeds” in ensuring food security
Sanya

Xi Jinping inspected a seed laboratory in Sanya

Xi Jinping stressed the crucial role of “Chinese seeds”
in ensuring the country’s food security

Xi said China’s food security can only be safeguarded
when seed resources are firmly held in our own hands

SOUNDBITE 1 (Chinese): CAO XUESONG, Researcher, Yazhou Bay Seed Laboratory
“General Secretary Xi Jinping came here and waved to researchers. I gave him a briefing and showed him an experiment. The general secretary also asked some questions. I felt that the general secretary is very concerned about the development of seed industry, as well as agricultural development.”

SOUNDBITE 2 (Chinese): YANG WEICAI, Director, Yazhou Bay Seed Laboratory
“What impressed me most is that the general secretary said he knew about our laboratory, calling for sustained efforts in developing the seed industry. It’s a great encouragement and support for us.”

SOUNDBITE 3 (Chinese): CHEN FAN, Executive director, Yazhou Bay Seed Laboratory
“The visit of the general secretary is an encouragement for us. He clearly shows the way forward for development here, in hopes that we’ll turn the lab into a high ground in the seed industry.”

Xinhua News Agency correspondents reporting from Sanya, China.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.