Connect with us

Videos

အမေရိကန်စစ်တပ်၏ဇီဝဓာတုစမ်းသပ်မှုများသည် ကိုရီးယားနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးကို ဆိုးဝါးစွာခြိမ်းခြောက်လျက်ရှိ

ဆိုးလ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံရှိ U.S. Forces Korea (USFK) အမေရိကန် စစ်တပ် ဇီဝစက်ရုံများ၌ အမေရိကန်တပ်ဖွဲ့ဝင်များသည် သက်ရှိ အဆိပ် နမူနာများနှင့်ပါဝင်ပတ်သက်သည့် ဘေးသင့်စေသော စမ်းသပ်မှုများကိုလုပ်ဆောင်နေဆဲ ဖြစ်သောကြောင့် ဒေသခံများ၏ လုံခြုံရေးကိုဆိုးဝါးစွာထိခိုက်စေကြောင်း တောင်ကိုရီးယား နိုင်ငံမှ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

College of Veterinary Medicine at Seoul National University မှ ပါမောက္ခဖြစ်သူ WOO HEE-JONG က
“အဲဒီ ဇီဝလက်နက်စက်ရုံတွေ မှာ ဇီဝနမူနာပစ္စည်းတွေကိုသယ်ယူတာတွေ သိုလှောင်ထားတာတွေက ဇီဝလက်နက်များတားဆီးပိတ်ပင်ရေးသဘောတူညီချက် အရ လုံးဝတားဆီးပိတ်ပင်ထားတဲ့ အရာတွေဖြစ်ပါတယ်၊ တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဇီဝလက်နက်ဘေးသင့်ခံနေရတာကြာပါပြီ” ဟုဆိုသည်။

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်တပ်၏ ဇီဝ ဓါတု စမ်းသပ်မှု အပေါ် စိုးရိမ်ပူပန်မှုများသည် မကြာသေးမီက တိုးမြင့်လာခဲ့သည်။
U.S. Forces Korea (USFK) နှင့် Jupitr ဟုအမည်ရသည့် Integrated Threat Recognitionတို့ ပူးပေါင်းကာစမ်းသပ်မှုများလုပ်ဆောင်ခြင်းကို ၂၀၁၅ ခုနှစ်တွင် ကြေညာခဲ့ပြီး ၂၀၁၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ဖွယ်ရသည်။
ဒေသတွင်းမီဒီယာ၏ အဆိုအရ Jupitr စီမံကိန်းတွင် သက်ရှိ အဆိပ်သင့် နမူနာများဖြင့် စမ်းသပ်မှုလုပ်ဆောင်ခြင်းများပါဝင်ကြောင်းထုတ်ပြန်ထားသည်။

တောင်ကိုရီးယားလူမျိုးများ က အဆိုပါ စီမံကိန်းဖျက်သိမ်းရန် ကြိမ်ဖန်များစွာဆန့်ကျင်ဆန္ဒပြမှုများပြုလုပ် သော်လည်း အဆိုပါ စီမံကိန်းမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ယူဆရသည်။

College of Veterinary Medicine at Seoul National University မှ ပါမောက္ခဖြစ်သူ WOO HEE-JONG က
“တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ဇီဝ စမ်းသပ်ရေးစက်ရုံတွေအားလုံးကို Jupitr ပင်မ စီမံကိန်းအစီအစဉ်အရ လည်ပတ်တာဖြစ်ပါတယ်၊ အမေရိကန်စစ်တပ်နဲ့ လေတပ်တို့နဲ့ ဆက်စပ်တဲ့ ပစ္စည်း တွေဟာ Pyeongtaek မှာရှိတဲ့ Humphrey နဲ့ Osan မှာရှိတဲ့အမေရိကန်တပ်တွေတည်ရှိတဲ့နေရာမှာဖြစ်ပါတယ်။

အမေရိကန် ရေတပ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကတော့ ဘူဆန်ဆိပ်ကမ်းမှာရှိတဲ့ အမေရိကန်စစ်တပ်မှာပေါ့ ၊ ဒါ့အပြင် Jupitr အစီအစဉ်ရဲ့ ဖြည့်စွက်ချက်အဖြစ် တောင်ကိုရီးယားနိုင်ငံရဲ့အဓိကမြို့ကြီးတွေမှာ အခြေစိုက်ထားတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေမှာလည်ပတ်နေတဲ့ အရန် အေဂျင်စီ peripheral agencies တွေလည်းအများကြီးရှိပါသေးတယ်” ဟုဆိုသည်။

USFK ၏ စမ်းသပ်သုတေသနလုပ်ဆောင်မှုများသည် သက်ရှိ အဆိပ်နမူနာအကြွင်းအကျန်များဖြင့် လုပ်ဆောင်နေသည်ဟူသည့် ကိစ္စမှာ အငြင်းပွားဖွယ်ဖြစ်လာပြီး အထူးသဖြင့် အမေရိကန် တို့၏ စမ်းသပ်မှုများပြုလုပ်သည့် ဓါတ်ခွဲခန်းများတည်ရှိရာမြို့များတွင် တောင်ကိုရီးယား ဒေသခံများနှင့် အရပ်သားအဖွဲ့အစည်းများအကြား စိုးရိမ်းထိတ်လန့်မှုများကြီးထွားသထက်ကြီးထွားလာခဲ့သည်။
College of Veterinary Medicine at Seoul National University မှ ပါမောက္ခဖြစ်သူ WOO HEE-JONG က
“အမေရိကန်တွေရဲ့ ဇီဝ ဓါတ်ခွဲခန်းတွေရှိတဲ့နေရာက ဘူဆန်ဆိပ်ကမ်းလိုမျိုး လူဦးရေ ထူထပ်တဲ့ နေရာတွေမှာတည်ရှိနေတာဖြစ်ပါတယ်၊အဲဒီမှာ သာမန်တွေးကြည့်ရင်တောင်မှ ဒေသခံတွေရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဟာ ဘယ်လောက်အထိ ဆိုးဝါးတယ်ဆိုတာသိနိုင်မှာပါ၊ ခင်ဗျားကို မကြာသေးမီက ဖြစ်သွားခဲ့တဲ့ ဥပမာတစ်ခုပြောပြပါမယ်၊ သိပ်မကြာသေးတဲ့ ညတစ်ညက အမေရိကန်စစ်တပ်ရဲ့ ဇီဝ ဓါတ်ခွဲခန်းတစ်ခုကနေ အချက်ပေးဥသြ သံကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ဒေသခံတွေဟာ အဲဒီမှာဘာတွေဖြစ်ခဲ့တယ် နောက်ပြီး ဘယ်လိုဖြေရှင်းလိုက်တယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ Jupitr အစီအစဉ်ရဲ့ တာဝန်ခံလည်းဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့ ကူးစက်ရောဂါ သုတေသီတစ်ဦးဖြစ်တဲ့ Peter Emanuel ဆိုသူက အင်တာဗျုးထဲမှာ ဇီဝလက်နက်သုတေသနလုပ်ဆောင်မှုတွေကို အမေရိကန်ပြည်ထောင်စု နဲ့ ဝေးလံတဲ့ ဒေသမှာ ထားရှိပါမှ အန္တရာယ်ကင်းရှင်းနိုင်မှာ ဖြစ်ကြောင်းနဲ့ အမေရိကန် စစ်တပ်အနေနဲ့ သက်ဆိုင်ရာအဆောက်အဦတွေကို နိုင်ငံရပ်ခြားတွင်တည်ဆောက်ဖို့လိုအပ်ကြောင်း၊နောက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ စမ်းသပ်မှုတွေလုပ်ဆောင်ဖို့အနေအထားလည်း အခွင့်အလမ်းအသာဆုံးဖြစ်တာကြောင့် အဲဒီမှာ အခြေစိုက်ဖို့ သူတို့ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်၊ ဇီဝလက်နက်များတားဆီးပိတ်ပင်ရေးဆိုင်ရာ သဘောတူညီချက်အရ အမေရိကန် စစ်တပ်ရဲ့ဇီဝ စမ်းသပ်မှုတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်၊ တောင်ကိုရီးယား- အမေရိကန်စစ်တပ်သဘောတူညီချက် (SOFA) ဟာ လည်း တောင်ကိုရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် လေးစားမှုလုံးဝမရှိပါဘူး။တောင်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန် နဲ့ ညှိနှိုင်းသင့်ပြီး အဲဒီ မျှတမှုမရှိတဲ့ သဘောတူညီချက်ကို ရပ်ဆိုင်ပြီး ဇီဝနမူနာတွေရဲ့ ထိခိုက်မှုဘေးကနေ အမြန်ဆုံးတားဆီးကာကွယ်ပေးသင့်ပါတယ်၊ တောင်ကိုရီးယား အစိုးရဟာ အမေရိကန် စစ်တပ်က ဘာတွေယူဆောင်လာတယ်ဆိုတာကိုသိခွင့်လည်းမရှိပါဘူး၊ အဲဒီလိုသိရှိခွင့်ကိုတိုးမြှင့်ရရှိဖို့ လိုအပ်ပါတယ်” ဟုဆိုသည်။ဆင်ဟွာသတင်းထောက်များက ဆိုးလ်မြို့မှသတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)

—————————-
(English Version)
U.S. military’s biochemical experiment serious threat to Koreans’ safety: expert
SEOUL, April 12 (Xinhua) — U.S. military biological facilities in South Korea are serious threats to local residents’ safety, said a South Korean expert, as the U.S. Forces Korea (USFK) continues with a scandalous program involving experiments with living toxic samples. #GLOBALink
SOUNDBITE 1 (Korean): WOO HEE-JONG, Professor at the College of Veterinary Medicine at Seoul National University
“These biological weapons-related facilities, as well as the transportation and storage of biological samples, are completely prohibited in accordance with the Biological Weapons Convention. South Koreans have long been exposed to the danger of being harmed by biological weapons.”

Worries over the U.S. military’s biochemical experiment in South Korea have recently deepened.

The Joint U.S. Forces Korea (USFK) Portal and Integrated Threat Recognition, known as Jupitr, was made known here in 2015 and believed to have been launched in 2013.

Local media reported that the Jupitr project involved the experiment with living toxic samples.

Though South Koreans have repeatedly protested against the project and demanded its closure, this project is believed to be still ongoing.

SOUNDBITE 2 (Korean): WOO HEE-JONG, Professor at the College of Veterinary Medicine at Seoul National University
“The U.S. military’s biological experimental facilities in South Korea are all operated under its ‘Jupitr’ core project plan. Facilities related to the U.S. Army and Air Force are located in the U.S. Camp Humphrey in Pyeongtaek and the U.S. military Osan Base. Facilities related to the U.S. Navy are located at the U.S. military base in Busan Port. In addition, as a supplement to the ‘Jupitr’ plan there are many peripheral agencies operating in the U.S. military bases in major South Korean cities.”

The controversy over the USFK’s experimentation research with live toxic samples remains, as concerns and fears are growing among civic groups and local residents in South Korea, especially in cities where U.S. experiment labs are located.

SOUNDBITE 3 (Korean): WOO HEE-JONG, Professor at the College of Veterinary Medicine at Seoul National University
“U.S. military biological facilities are located in densely populated areas like the Port of Busan. Even if you think about it with common sense you can know how serious the threat is to the safety of local residents. I’ll give an example that happened recently. Sirens have been blaring in a U.S. military biological laboratory on a recent night. But local residents have no idea what happened there and how it was dealt with in the end. Peter Emanuel, an infectious disease researcher of the U.S. Army, who was in charge of the “Jupitr” program, said in an interview that to keep the risks posed by biological weapons research away from the continental United States, the U.S. military needs to build relevant facilities overseas. And South Korea’s experimental environment is the most friendly, so we chose to set them there. Under the Biological Weapons Convention, U.S. military biological facilities should be investigated by the UN Security Council. The South Korea-U.S. Status of Forces Agreement (SOFA) completely disrespects South Korean sovereignty. The South Korean government should negotiate with the U.S. to amend this unequal agreement as soon as possible to prevent the secret entry of such harmful biological samples. The South Korean government has no way of knowing what the U.S. military is bringing in. This situation needs to be improved.”

Xinhua News Agency correspondents reporting from Seoul.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.