ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် ၁၀စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း...
ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်းများ၏စွမ်းရည်မြှင့်တင်လေ့ကျင့်ရေးပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့ရာ ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးဖြစ်ခဲ့သည်။ ပြိုင်ပွဲကျင်းပရာ အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင်၁ဝ ဦးစီပါဝင်သည့် အဖွဲ့ပေါင်း ၃၇ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ကုန်းလမ်းရေလမ်းတစ်လျှောက်အတားအဆီးများကို ဖြတ်ကျော်ခြင်း၊လက်နက်ကိုင်စွမ်းရည်များနှင့် လက်ဖြောင့်စွမ်းရည်တို့ကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်။ စစ်ဘက်ဆိုင်ရာစွမ်းရည်များမြင့်တက်စေရန်နှင့် တရုတ်စစ်သည်တို့၏ အရည်အသွေးများကို တိုးတက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံရှိ...
ရှန်းယန်၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းကိုပထမဆုံး ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီးနိုင်ငံ၏ ခရီးအရှည်ဆုံး အမြန်ရထားပြေးဆွဲသည့် ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အမြန်ရထားမှာ ရှန်းယန်မြို့နှင့် ချန်ဒူးမြို့တို့ကို ပြေးဆွဲပို့ဆောင်မည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက်ပြည်နယ်ပေါင်းများစွာကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ခရီးစဉ်တစ်လျှောက်မိုင်ပေါင်း ၂၅၅၆ ကီလိုမီတာရှည်လျားပြီး တရုတ်ပြည်တွင်း ပြေးဆွဲသည့်ရထားလမ်းများတွင် မိုင်နှုန်းအရှည်လျားဆုံးလည်းဖြစ်သည်။ ထို...
ကွေ့ကျိုး၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ်ရှိ ဖန်ကျင်းရှန်းတောင်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တွင် ယူနက်စကို (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့သည်။ ၎င်းမှာ အမြင့်ပေ ၂၅၇၂ မီတာမြင့်သည့် ဝူလင်းတောင်တန်း ၏ အမြင့်ဆုံးတောင်တစ်တောင်ဖြစ်ပြီး အပင်မျိုးစိတ်စုစုပေါင်း ၄၃၉၅...
မနီလာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းရှိ Batangas ပြည်နယ်တွင် ပြင်းအား ၅.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မီးတောင်ပညာနှင့် ငလျင်ပညာ အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။ Phivolcs အဆိုအရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန်...
နေပြည်တော်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် (၅၅) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် တင်ပြခဲ့သည့် ပုလဲ အတွဲပေါင်း ၃၆၀ တွင် နိုင်ငံပိုင် ပုလဲအတွဲ ၂၇၀ တွဲပါဝင်ရာ အဆိုပါ ပုလဲတွဲ ၂၇၀ လုံး...
ကူမင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်ရှိ ကူမင်းနှင့်တာ့လီကို မြန်နှုန်းမြင့်အမြန်ရထားလိုင်းသစ် စတင်ပြေးဆွဲပြီဖြစ်သည်။ ရထားလမ်းအရှည်မှာ ၃၂၈ ကီလိုမီတာရှိပြီး ရထားများက တစ်နာရီလျင် ၂ဝဝ ကီလိုမီတာနှုန်းဖြင့်ပြေးဆွဲနိုင်မည်ဖြစ်သည်။ ယူနန်ပြည်နယ်ရှိ တာ့လီမြို့မှာ ခရီးသွားများ အလွန်နှစ်ခြိုက်စွာလာရောက်လည်ပတ်ရန် စွဲဆောင်နိုင်သည့် လှပသောမြို့တစ်မြို့လည်း ဖြစ်သည်။ ယခုအသစ်ထပ်မံပြေးဆွဲသည့် အမြန်ရထားဖြင့်သွားလာမည်ဆိုပါက...
ဝူဟန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ယန်ဇီမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကမ္ဘာ့အရှည်ဆုံး ယင်းစီးကန်း ယန်ဇီ မြစ်ကူးနှစ်ထပ်ကြိုးတံတားကြီး ၏ ပင်မကေဘယ်လ်ကြိုးများတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ကေဘယ်လ်ကြိုးကြီးတစ်ချောင်းမှာ ၂၆၃ဝ မီတာ အထူရှိပြီး ကေဘယ်ကြိုးမျှင်ပေါင်း၂၄ဝဝဝ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းမှာတန်ချိန် ၆၅ဝဝဝ (အလယ်အလတ်အရွယ်အစားလေယာဉ်တစ်စီး) ကို ဆွဲတင်ထားနိုင်သည့်အလေးချိန်ခံနိုင်ရည်ရှိသည်။...