Connect with us

Videos

ရုရှား-ယူကရိန်း အကျပ်အတည်းကြောင့် ယူကရိန်းနိုင်ငံသားပေါင်း ၃ သန်းကျော် နိုင်ငံအတွင်းမှ တိမ်းရှောင်

ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း အကြပ်အတည်းဖြစ်ပွားစဉ်ကတည်းက ခန့်မှန်းခြေအားဖြင့် ယူကရိန်းနိုင်ငံသား ၃ သန်းကျော် သည် အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင်ကာ လုံခြုံရေး၊ အကာအကွယ်နှင့်အကူအညီများရှာဖွေခဲ့ကြရ ကြောင်းသိရသည်။ထိုသို့ စစ်ဘေးရှောင်ကြသူများထဲတွင် ၂ သန်းနီးပါးသည် ပိုလန်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်ကြခြင်းဖြစ်သည်။
ဆင်ဟွာသတင်းထောက် Ren Ke“ကျွန်တော်တို့အခုရောက်နေတာကတော့ ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောမြို့ရဲ့ ဗဟိုရထားဘူတာ မှာပါ၊ ရုရှားနိုင်ငံ နဲ့ ယူကရိန်းနိုင်ငံအကြားမှာ ပဋိပက္ခတွေဟာ လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက ဖြစ်ပွားနေခဲ့ရာမှာ ယူကရိန်းနိုင်ငံသားပေါင်း ၃ သန်းကျော် နိုင်ငံမှ တိမ်းရှောင်ခဲ့ကြပါတယ်၊ သူတို့အများစုကတော့ ပိုလန်နိုင်ငံကိုလာကြတာပါ”
ရထားဘူတာ၌ အမိုးအကာများ တည်ဆောက်ထားပြီး စေတနာ့ဝန်ထမ်းများက စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်များနှင့်ရေများကို ဝေငှပေးနေခဲ့ကြသည်။

ပဋိပက္ခစတင်ဖြစ်ပွားကတည်းက နယ်စပ်စစ်ဆေးရေးဂိတ်အမျိုးမျိုးမှ တစ်ဆင့် ရိုမေးနီးယားနိုင်ငံသို့ ယူကရိန်းနိုင်ငံသား ၅ သိန်းနီးပါးဝင်ရောက်လာခဲ့သည်။

နယ်စပ်တွင် ရိုမေးနီးယား စေတနာ့ဝန်ထမ်းများက ယူကရိန်း အိမ်နီးချင်းများကိုကြိုဆိုခဲ့ပြီး လက်ဖက်ရည်ပူပူ၊ ကော်ဖီနှင့် စားစရာများကို ဝေငှပေးသည့်အပြင် သွားလာနေထိုင်ရေးဆိုင်ရာ လမ်းညွှန်မှုများနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ရိုမေးနီးယန်း စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည့် STEFAN ROTARU ကအခုကျွန်တော်တို့က လာတဲ့သူတွေကို သူတို့ သွားချင်တဲ့ဆီ အသီးသီးကို လမ်းညွှန်ပေးနေပါတယ်၊ သူတို့ထဲက အများစုကတော့ ဒီမှာ တစ်ထောက်နားတဲ့သဘောဖြစ်ပြီး အနောက်ဘက် ဥရောပတိုက်နိုင်ငံတွေဆီကို ဆက်သွားကြမှာပါ။ ကျွန်တော်တို့က သူတို့ကို ဘတ်စ်ကားတွေ ရရှိရေးနဲ့ မသွားခင်နေရာထိုင်ခင်းရရှိရေး စီစဉ်ပေးဖို့ ကြိုးစားတာပါ” ဟုဆိုသည်။

ဟန်ဂေရီနိုင်ငံသည်လည်း ထွက်ပြေးတိမ်းရှောင်လာသော ယူကရိန်းနိုင်ငံသား အများအပြားကို လက်ခံထားရှိသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ဒေသတွင်းရထားဘူတာရုံတွင် သောင်တင်နေသည့်လူအုပ်စုအား နိုင်ငံတကာကြက်ခြေနီအဖွဲ့များကဲ့သို့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများက အစားအသောက်များ၊ အပူအအေးများနှင့် စောင်များကို ထောက်ပံ့ပေးခဲ့သည်။

ပဋိပက္ခကြောင့် စစ်ဘေးရှောင်သူအရေအတွက်များ ဆက်လက်မြင့်တက်လာလျက်ရှိပြီး ယူကရိန်းနှင့် ပတ်ဝန်းကျင်နိုင်ငံများအတွက် ကြီးမားသည့်အကျိုးသက်ရောက်မှုများဖြစ်စေခဲ့သည်။

ကုလသမဂ္ဂက ယူကရိန်း စစ်ဘေးရှောင်ပြည်သူများနှင့် ၎င်းတို့အား လက်ခံကြိုဆိုသည့် အိမ်နီးချင်းနိုင်ငံများအား အထောက်အပံ့ပေးရန် နှင့် ယူကရိန်း အတွက် အရေးပေါ် အကူအညီ ပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကို အရေးပေါ်ရန်ပုံငွေအဖြစ် ကြေညာခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်များက ဘေးသင့်သည့်ဒေသများတွင် ဘေးကင်းလုံခြုံမှုကိုအာမခံချက်ရှိစေရန်နှင့် လုံခြုံရေးခွင့်ပြုချက်များရှိသည့်နေရာများကို အကူအညီများပံ့ပိုးပေးရန် လုပ်ဆောင်နေပါကြောင်းပြောကြားခဲ့သည်။

ယနေ့အချိန်အထိ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုက ၄ ကြိမ် တိုင်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာသတင်းထောက်များက ပေကျင်းမြို့မှ သတင်းပေးပို့နေခြင်းဖြစ်သည်။

…………………………..
(English Version)
GLOBALink | Over 3 mln Ukrainians flee their country amid Russia-Ukraine crisis
LOCATION: Beijing
Since the outbreak of the Russia-Ukraine conflict, over three million Ukrainians are estimated to have fled to neighboring countries, seeking safety, protection and assistance.
Nearly two million of them are crossing the border to Poland.

STANDUP (English): REN KE, Xinhua correspondent
“We’re now at the central railway station of Warsaw, the capital city of Poland. Since the military conflict between Russia and Ukraine broke out some three weeks ago, more than three million Ukrainian people have fled their country. And most of them have come to Poland.”
Shelters have been set up at the railway station, where volunteers are handing out water and food to the displaced people.
Nearly 500,000 Ukrainians have entered Romania from different border checkpoints since the outbreak of the conflict.
Romanian volunteers greeted their Ukrainian neighbors on the border, offering them hot tea, coffee and food, providing them with guidance and services such as transport and accommodation.
SOUNDBITE (Romanian): STEFAN ROTARU, Romanian volunteer
“Now we guide people who come, according to the final destinations where they will go. Most of them just transit here and will go to western European countries. We try to help them with buses and accommodation until they leave.”
Hungary is also one of the countries that has received the largest number of Ukrainians fleeing their country.
At the local railway station, humanitarian organizations, such as the International Red Cross, have set up tents to provide food, hot or cold beverages, and blankets to the stranded crowds.

The number of displaced persons caused by the conflict is still on the rise, bringing a huge impact on Ukraine and the surrounding countries.
The UN has launched a $1.7 billion appeal to provide urgently-needed assistance in Ukraine and to support the displaced people and neighboring countries hosting them.

SOUNDBITE (English): ANTONIO GUTERRES, UN Secretary-General
“The United Nations and humanitarian partners are working to ensure safe passage from besieged areas and to provide aid where security permits. ”
To date, Russia and Ukraine have held four rounds of negotiations.
Xinhua News Agency correspondents reporting from Beijing.