Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရန် အကူအညီဖြစ်လာသည့် တရုတ်နိုင်ငံက ဆောက်လုပ်ပေးသည့် ဆေးဘက်ဆိုင်ရာ အဆောက်အဦ

ဖနွမ်းပင်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်တွင်တည်ရှိသည့် တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုဖြင့် အသစ်တည်ဆောက်ထားသော ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံသည် အရှေ့တောင်အာရှ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုများ အပေါ် မြင့်မားသော အရည်အသွေးကိုဖော်ဆောင်ရာ၌ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုဖြင့် အသစ်တည်ဆောက်ထားသော ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံသည် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖနွမ်းပင်တွင်တည်ရှိသည်

အသစ်တည်ဆောက်ထားသည့် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံ ကို ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖနွမ်းပင် တွင် မတ် ၂၁ ရက် နေ့က ဖွင့်လှစ်ခဲ့သည်။

အထပ်ပေါင်း ၁၁ ထပ်ရှိသည့်အဆိုပါအဆောက်အဦ ၏ အမိုးပေါ်တွင် ရဟတ်ယာဉ်တစ်စင်းရပ်နားရန်နေရာတစ်ခုပါဝင်သည့် အပြင် ကုတင်ပေါင်း ၄၀၀ နှင့် အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ကိရိယာပစ္စည်းများကို ကောင်းမွန်စွာဖြည့်ဆည်းထားကြောင်းသိရသည်

အဆောက်အဦကို တရုတ်နိုင်ငံ အစိုးရ၏ ပံ့ပိုးငွေဖြင့် China State Construction Engineering Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံ မှ ဆရာဝန်တစ်ဦးဖြစ်သူ TRY LIMTYTY က“ ဒီ ဆေးဘက်ဆိုင်ရာအဆောက်အဦဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုမှာ အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်တဲ့အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ အစပျိုးဖော်ဆောင်မှုနှင့် ဘက်စုံ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးရဲ့မူဘောင်အောက်မှာ ပူးပေါင်းဆောင်ရွက်မှု ကနေ ရရှိလာတဲ့ အသီးအပွင့်တွေဖြစ်ပါတယ်။ ဒါဟာတရုတ်နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် ပေးလိုက်တဲ့ ကြီးမားတဲ့လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။ ဒီဆေးရုံအသစ်မှာ ခေတ်မီ ဆေးဘက်ဆိုင်ရာနည်းပညာတွေနဲ့ ကောင်းစွာ ဖြည့်ဆည်းပေးထားတာကြောင့် ပြည်သူတွေကို ပိုမိုကောင်းမွန်စွာဝန်ဆောင်မှုပေးနိုင်မှာပါ” ဟုဆိုသည်။

ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံ မှ ဆရာဝန်တစ်ဦးဖြစ်သူ TIM VUOCHNY က

“တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာအဆောက်အဦကို တည်ဆောက်ပေးပြီး ကိရိယာတွေကို ဖြည့်ဆည်းပေးထားပါတယ်၊ နောက်ပြီး ကမ္ဘောဒီးယား ဆရာဝန်တွေကိုလေ့ကျင့်ပေးရာမှာကူညီပေးဖို့ ကျွမ်းကျင်သူတွေကိုလည်းစေလွှတ်ပေးခဲ့ပါတယ်” ဟုဆိုသည်။

အဆိုပါဆေးရုံသည် ဒေသတွင်းကျန်းမာရေးဝန်ဆောင်မှုအရည်အသွေး တိုးတက်စေရန် အရေးပါသည့် အခန်းကဏ္ဍ မှ ပါဝင်လာမည်ဟု ဒေသခံများက ယုံကြည်သည်။

ဖနွမ်းပင် ဒေသခံတစ်ဦးဖြစ်သည့် Pech Eang က “

ဖနွမ်းပင်မြို့လယ်မှာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ကြီးမား၊ လှပပြီး ခေတ်မီတဲ့ဆေးရုံတစ်ရုံကိုမြင်တွေ့ရလို့ သိပ်ပြီးဝမ်းသာပါတယ်၊ အဲဒီဆေးရုံက ဖနွမ်းပင်မြို့နဲ့အခြားပြည်နယ်တွေမှာရှိတဲ့ပြည်သူတွေအတွက် ပိုမိုအဆင်ပြေပြီး အရည်အသွေးမြင့်မားတဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။

ဖနွမ်းပင်မြို့ခံတစ်ဦးဖြစ်သူ SAR SREY VIRAK က

“ဒီဆေးရုံက ကမ္ဘောဒီးယား ပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်၊ ဒီဆေးရုံက ကမ္ဘောဒီးယားပြည်သူတွေ ရဲ့ ဘဝ တိုးတက်ကောင်းမွန်ရေးကိုကာကွယ်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်၊ ဘာလို့လည်းဆိုတော့ ဆေးရုံမှာ ကမ္ဘောဒီးယား နှင့် တရုတ်နိုင်ငံက ဝါရင့်ဆရာဝန်တွေအပြင် ခေတ်မီဆေးဝါးကိရိယာတွေဖြည့်ဆည်းပေးထားလို့ပါပဲ” ဟုဆိုသည်။

ဖနွမ်းပင် ဒေသခံတစ်ဦး ဖြစ်သူ YIN

“ကမ္ဘောဒီးယား နိုင်ငံသူတစ်ဦးအနေနဲ့ ကျွန်မဟာ တရုတ်နိုင်ငံ က ဒီဆေးရုံကို တည်ဆောက်ပေးတာအပါအဝင် ကမ္ဘောဒီးယား နိုင်ငံကို လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့တွေ ကြီးမားစွာပံ့ပိုးပေးတဲ့အပေါ် သိပ်ကို ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။ (Xinhua)

…………………….
(English Version)

China-aided medical building to help improve Cambodia’s healthcare quality

PHNOM PENH, March 22 (Xinhua) — Situated in the capital of Cambodia, the newly-established Cambodia-China Friendship Preah Kossamak Hospital will play an important role in improving the quality of healthcare services in the southeast Asian nation.
Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.