ပေကျင်း၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထင်ကရ မဟာတံတိုင်းကြီးတွင် ဆောင်းရာသီ မြူနှင်းများကျဆင်းနေသည့် မြင်ကွင်းမှာ ပုံပြင်များထဲက wonderland သဖွယ်မျက်စိပသာဒဖြစ်ဖွယ်အလွန်လှပလျှက်ရှိသည်။(Xinhua)
အတွင်းမွန်ဂို၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းအတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Baotou မြို့ရှိ မြစ်ဝါမြစ် အပိုင်းတွင် ရေခဲများအရည်ပျော်ကာ မြစ်ရေမျက်နှာပြင်မြင့်တက်လာမှုများဖြင့် ရှုခင်းအသစ်တစ်ခုသဖွယ် မြင်တွေ့ရမည်ဖြစ်ပါသည်။(Xinhua)
ချင်းဟိုင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် Haidong မြို့တွင် တိဘက်လူမျိုးတို့၏ နာမည်ကျော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်သည့် Qutan ကျောင်းတည်ရှိသည်။ ဘုန်းတော်ကြီးကျောင်း ကို၁၃၉၂ ခုနှစ်ကတည်းက တည်ဆောက်ထားပြီး မင် မင်းဆက်၏ လက်ရာမြောက်လှပသည့် အနုပညာလက်ရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းထားရှိသည်။ ဘုရားကျောင်းတစ်ကျောင်းလုံးတွင် ဖန်တီးဖော်ညွှန်းထားသည့်လက်ရာများမှာ...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အနက် ၅ မီတာ အချင်း ၂၀ စင်တီမီတာရှိ ရေတွင်းတစ်ခုအတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြုတ်ကျသွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက ခက်ခဲစွာ ကြိုးစား ကယ်တင် နိုင်ခဲ့သည်။ ကယ်ဆယ်ရေးချိတ်ကို ကလေး၏ ဦးထုတ်နှင့်...
တိုင်ယွမ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း တိုင်ယွမ်မြို့တွင် Green light စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် သစ်တောဘတ်စ်ကားတစ်စင်းကို လူအများစိတ်ဝင်တစားစီးနင်းခဲ့ကြောင်းသိရသည်။ ဘတ်စ်ကားတစ်စင်းလုံး တွင် သစ်တောထဲကအတိုင်း သစ်ပင် ပန်းပင်များချုံနွယ်များဖုံးလွှမ်းနေသည့်ဟန် ဖန်တီးထားသောကြောင့် ဘတ်စ်ကားစီးနင်းရင်း တောအုပ်အတွင်းရောက်ရှိစေမည့် ခံစားချက်မျိုးရရှိနိုင်မည်ဖြစ်သည်။ ၎င်းဘတ်စ်ကားမှာ လျှပ်စစ်ဘတ်စ်ကား အမျိုးအစားဖြစ်ပြီးနေ့စဉ်ခရီးသွားများကိုပို့ဆောင်ပေးလျှက်ရှိသည်။(Xinhua)
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်လူမျိုးသုတေသီများဦးဆောင်သည့် အဖွဲ့သည် ကမ္ဘာမှ အလင်းနှစ်ပေါင်း ၁၄၀၀၀ ကျော် ရှိ တွင်းနက်ကြီး တစ်ခုကို အံ့ဖွယ် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြသည်။ တွင်းနက်ကြီးများသည် ထုထည်ကြီးမားသည့် ကြယ်စင် များ ပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာသော စကြာဝဠာရှိ အစိတ်အပိုင်းများဖြစ်သည်။ တွင်းနက်ကြီးများ မှာ...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရွှေဆိုင်းရွှေပြားများဖြင့် လက်ရာမြောက်သော ပန်းချီအနုပညာလက်ရာများကို ဖန်တီးသည့် ရုပ်သံမှတ်တမ်း video ကို ရိုက်ကူးထားပါသည်။(Xinhua)
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည့် တိုက်ကွမ်ဒို ပညာကို သင်ယူလေ့လာနေကြသည့်တရုတ်ကလေးငယ်များ၏ ရုပ်သံ မှတ်တမ်းဖိုင်ဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ ဆံသဆရာတစ်ဦး၏ တီထွင် ဖန်တီးပြုလုပ်ထားသော ထူးခြားဆန်းပြားသည့် ဆံပင်အလှ ပြင်ဆင်ခြင်းအနုပညာလက်ရာများဖြစ်ပါသည်။(Xinhua)
ကွေ့ကျိုး၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် Weng’an မြို့တွင် နှစ်သန်းပေါင်း ၆၁၀ နီးပါးသက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းရုပ်ကြွင်းသည် (Caveasphaera ) အခွံမာ ကမာကောင်တစ်မျိုး၏ သန္ဓေသားလောင်းရုပ်ကြွင်းများဖြစ်ပြီး ဘောလုံးသဏ္ဍာန်ရှိကာအချင်း၁ မီလီမီတာထက်သေးငယ်သည်။ ၎င်းတို့မှာ ကမ္ဘာ့အစောဆုံးကျောက်ဖြစ်ရုပ်ကြွင်းများဟု ယူဆနိုင်ဖွယ်ရှိသည်။ (Xinhua)