Connect with us

Media

တရုတ်နိုင်ငံအပေါ် ယူကရိန်းအရေးနှင့်ပတ်သက်သည့် မဟုတ်မမှန်သတင်းများ အမေရိကန် ဖြန့်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ဆို

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)
“ ယူကရိန်းအရေးမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး လမ်းကြောင်းလွှဲအပြစ်တင်ဖို့ ၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ဖို့နဲ့ အဲဒီအရေးအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်တွေနဲ့အတူ အမေရိကန်ဟာ သတင်းအမှားတွေကို ဖြန့်ဝေမှု ပြုလုပ်နေပါတယ်” ” ဒါဟာ စက်ဆုတ်ရွံရှာဖွယ် အကောက်ကြံတဲ့ အမူအကျင့်ပဲ” ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် ယူကရိန်းအရေးအပေါ် တရုတ်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ “ တရုတ်နှင့်ရုရှားကို တစ်ပြိုင်တည်း နှိပ်ကွပ်ရန် ချောင်းမြောင်းအကွက်ရှာနေခြင်းဖြစ်ကြောင်း” တရုတ်ပြောရေးဆိုခွင့်ရှိသူက မတ် ၉ ရက်တွင်ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးကို တရုတ်နိုင်ငံက ခပ်စောစောပိုင်းကတည်းက ကြိုတင်သိရှိနေပြီးသားဖြစ်သည် ဆိုသည့် နယူးယောက်တိုင်းသတင်းစာတွင် လိုရာဆွဲရေးသားထားသော ဆောင်းပါးနှစ်ပုဒ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း တုန့်ပြန်ဖြေကြားခဲ့ပြီး ယင်းဇာတ်လမ်းအားလုံး၏ နောက်ကွယ်တွင် အမေရိကန်အရာရှိတစ်ဦးရှိနေကြောင်း ၎င်းက ဆိုသည်။

“ ယူကရိန်းအရေးမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး လမ်းကြောင်းလွှဲအပြစ်တင်ဖို့ ၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ဖို့နဲ့ အဲဒီအရေးအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်တွေနဲ့အတူ အမေရိကန်ဟာ သတင်းအမှားတွေကို ဖြန့်ဝေမှု ပြုလုပ်နေပါတယ်” ဟု ကျောက် ကပြောကြားခဲ့ပြီး ” ဒါဟာ စက်ဆုတ်ရွံရှာဖွယ် အကောက်ကြံတဲ့ အမူအကျင့်ပဲ” ဟု ဆက်လက်ပြောကြားခဲ့သည်။
ယူကရိန်းအရေးနဲ့ပတ်သက်လို့ ဘယ်လို အဝင်အထွက်တွေရှိနေလဲဆိုတာ ဒီကနေ့မှာ သိပ်ကိုရှင်းနေပါတယ်၊ အဲဒီကိစ္စမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ရုရှား-ယူကရိန်း တင်းမာမှု စိုးရိမ်ရေမှတ်အမြင့်ဆုံးရောက်အောင် တွန်းပို့ခဲ့တာပဲလေ” ဟု ကျောက်ကပြောကြားခဲ့သည်။
မိမိကိုယ်တိုင်တာဝန်ယူတာဝန်ခံရမည့်အရာမှ ခပ်ဝေးဝေးသို့ရှောင်ထွက်နေစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသည် ၎င်း၏ ဗိုလ်ကျစိုးမိုးရေးဝါဒကိုဆက်လက်ထိန်းသိမ်းရေး အမြင်တစ်ခုနှင့်အတူ ယူကရိန်းအရေးအပေါ် တရုတ်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ဝေဖန်ခြင်းဖြင့်“ တရုတ်နဲ့ရုရှားကို တစ်ပြိုင်တည်း နှိပ်ကွပ်ဖို့ ချောင်းမြောင်းအကွက်ရှာနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ သူ့ရဲ့ဦးနှောက်က တရုတ်နဲ့ပတ်သက်ပြီး ပိုပြီး အလိမ်အညာဇာတ်လမ်းတွေနဲ့ဖောင်းထုလေလေ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သူ့အပေါ်ယုံကြည်မှုကျဆင်းအောင် သူဟာသူ ပိုပြီးဖော်ပြလေလေ ဖြစ်မှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)

……………………..
(English Version)

GLOBALink | U.S. disseminating disinformation about China on Ukraine: Chinese FM spokesperson

BEIJING, March 9 (Xinhua) — Lately, the U.S. has been disseminating disinformation about China on Ukraine issue with the attempt to shift blame, stir confrontation and profit from the issue, a Chinese Foreign Ministry spokesperson said Wednesday, adding that the practice is despicable and malicious. #GLOBALink

Produced by Xinhua Global Service