ချုံကျင်း၊ နိုဝင်ဘာလ(၁) ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လုပ် Walker –I ဟု အမည်ရသော စက်ရုပ်သည် နာရီပေါင်း ၅၄ နာရီအတွင်း ကီလိုမီတာပေါင်း ၁၃၄.ဝ၃ ကီလိုမီတာအထိ လမ်းလျှောက်ပြခဲ့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကြောင်းနိုဝင်ဘာလ (၁)ရက်နေ့က သိရသည်။ ချုံကျင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် တက္ကသိုလ် မှ...
ချန်ဒေါင်း၊ နိုဝင်ဘာလ (၁) ရက်၊ (ဆင်ဟွာ) တရုတ်နိုင်ငံမှ ရေအောက်မီတာ ၁၁ဝဝဝ အထိငုပ်လျှိုးနိုင်သောပထမဆုံး မောင်းသူမဲ့ သုတေသနယာဉ် အား ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် အသုံးပြုနိုင်ရန်တီထွင်ထားပြီးဖြစ်ကြောင်း တရုတ်သိပ္ပံ ပညာရှင်တစ်ဦး ကအောက်တိုဘာလ ၃ဝ ရက်နေ့ကပြောကြားခဲ့သည်။ တရုတ်သိပ္ပံပညာရှင်များသည် ထိုသုတေသနယာဉ်အား တောင်တရုတ်ပင်လယ်ပြင် တွင် ရေအောက်...
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် တောင်ကိုရီးယားနိုင်ငံသို့ (၃) ရက်ကြာ တရားဝင်အလည် အပတ်ခရီးစဉ်အဖြစ် မနေ့က ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်လီကို တောင်ကိုရီးယား နိုင်ငံသမ္မတ ပတ်ဂွမ်ဟေးက ဆိုးလ်မြို့ ချွန်ဝါဒေးရှိ သမ္မတရုံးခန်းတွင် ဂုဏ်ပြုအခမ်းအနားဖြင့် ခမ်းနားထည်ဝါစွာ ကြိုဆို ဂုဏ်ပြုခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်လီသည်တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးနှင့် တစ်နာရီကြာတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။...
ဆိုးလ်၊ နိုဝင်ဘာလ (၁)ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး လည်ပတ်ရန်နှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကြား ပြုလုပ်မည့် ခြောက်ကြိမ်မြောက် ထိပ်သီး အစည်းအဝေးအား တက်ရောက်ရန် ဆိုးလ်မြို့သို့ အောက်တိုဘာ ၃၁ ရက်က ရောက်ရှိကြောင်း သိရသည်။...
ဘီဒါဟော ၊ အောက်တိုဘာလ (၃၁)ရက်၊ ဆင်ဟွာ တိတ်ဆိတ်ငြိမ်သက်သော ဆိတ်ငြိမ်အရပ်တွင်စာဖတ်ချင်သူများ သည် တရုတ်နိုင်ငံမြောက်ပိုင်း သမုဒ္ဒရာ ကမ်းရိုးတန်းမြို့ ဘီဒါဟော တွင် တည်ဆောက်ထားသော တစ်ခုတည်းသောစာကြည့်တိုက်သို့ သွားရောက်ကြသည်။ စာကြည့်တိုက်အား၂ထပ် ဆောက်လုပ်ပေးထားပြီး စာဖတ်သူများ အဆင်ပြေစေမည့် ဝန်ဆောင်မှုများပြည့်စုံစွာ ထားရှိပေးကြောင်းသိရသည်။ စာဖတ်သူများသည် စာကြည့်တိုက်မှ တစ်ဆင့် သမုဒ္ဒရာရှုခင်းကိုကြည့်ရှုခံစား...
ပေကျင်း၊ အောက်တိုဘာလ ၃ဝ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတွင် ဆယ်စုနှစ်များစွာ ပြဋ္ဌာန်းခဲ့သည့် ကလေးတစ်ယောက်သာ မွေးဖွားခွင့် ရှိသည့် မူဝါဒကို ပယ်ဖျက်၍ ဇနီးမောင်နှံ အားလုံး အတွက် ကလေးနှစ်ယောက် မွေးဖွားခွင့် ပြုခဲ့ကြောင်း တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ (CPC) က...
ချုံရှင်း၊ အောက်တိုဘာလ (၂၉) ရက်၊ ဆင်ဟွာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံရှင်း မြူနီစပယ်ဒေသတွင် အမျိုးသမီးတစ်ဦးသည် မသန်စွမ်း ကြောင်ကလေး တစ်ကောင်အား အကူကိရိယာဖြင့် လမ်းပြန်လျှောက်နိုင်ရန် ဆေးကုသပေး စောင့်ရှောက်ထားကြောင်းသိရသည်။ ကောင်လိုင်းဟု အမည်ရတဲ့ ကြောင်မလေးသည် လွန်ခဲ့သည့် (၂) နှစ်ခွဲ က မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသည်ဟုသိရသည်။ ၎င်းကြောင်လေးကို...
နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် မြို့နယ်အချို့၌ မကျင်းပနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေး အခြေအနေ ကောင်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ ဆင်ဟွာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းစဉ် ပြောကြားသည်။...
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပ ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် တာဝန်အရ ခရီးသွားလာရန် ရှိသောသူများ ကြိုတင် ဆန္ဒမဲပေးခြင်းအား သက်ဆိုင်ရာ မြို့နယ် ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ...
ဘရာဇီး၊ အောက်တိုဘာ (၂၉)ရက် (ဆင်ဟွာ) ပထမဆုံးအကြိမ် ကမ္ဘာ့တိုင်းရင်းသားရိုးရာကစားပွဲ အား ဘရာဇီးနိုင်ငံအလယ်ပိုင်းရှိ စိုက်ပျိုးရေးအဓိကပြုလုပ်သော ပယ်လ်မတ်စ် မြို့တွင်ကျင်းပလျက်ရှိသည်။ ဘရာဇီးနိုင်ငံရှိ လူမျိုးစု အများအပြား နှင့် အိမ်နီးချင်းနိုင်ငံ ပေါင်း ၂ဝကျော်တို့မှ စုစုပေါင်း တိုင်းရင်းသားများအပါအဝင် ၂ဝဝဝခန့် တို့သည် ၁ဝရက်ကျော်ကြာ ကျင်းပသည့် အဆိုပါတိုင်းရင်းသားရိုးရာ အိုလံပစ်...