Connect with us

Videos

အီရန်နိုင်ငံက ပြည်တွင်းဖြစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်ပစ်ခွင်း

တီဟီရန်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံက ပြည်တွင်းဖြစ် ကာကွယ်ရေးစနစ်သုံးဒုံးကျည်စနစ်ကို သြဂုတ် ၂၂ ရက်က စမ်းသပ်ပစ်ခွင်း ခဲ့ကြောင်း သိရသည်။။

Bavar-373 ဟု အမည်ပေးထားသည့် မြေပြင်မှ ဝေဟင်သို့ ပစ်လွှတ်သည့် အဆိုပါ ဒုံးကျည်စနစ်ကို အီရန် ကျွမ်းကျင်သူပညာရှင်များက ဒီဇိုင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အီရန်နိုင်ငံသမ္မတ Hassan Rouhani၊ ကာကွယ်ရေးဝန်ကြီး Amir Hatami နှင့် အဆင့်မြင့် တပ်မတော် အရာရှိကြီးများတက်ရောက်သည့် အမျိုးသားကာကွယ်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည်စနစ်မှာ အမြင့် ၆၅ ကီလိုမီတာတွင် ပျံသန်းနေသည့် ပစ်မှတ်များကို ကြားဖြတ်ဟန့်တားနိုင်ပြီး ထိမှန်အောင်ပစ်ချနိုင်စွမ်းရှိသည့် ရွှေ့ပြောင်းပစ်ခွင်းသည့်ကာကွယ်ရေးဒုံးကျည်တစ်မျိုးဖြစ်ကြောင်းသိရသည်။

ထို့အပြင် အမြင့် ၃ဝဝ ကီလိုမီတာ အထိ ဒုံးကျည်ကို ပစ်လွှတ်နိုင်စွမ်းရှိပြီး ပစ်မှတ်ပေါင်း ၁ဝဝ ကို တစ်ချိန်တည်းထောက်လှမ်းနိုင်စွမ်းရှိကာ တစ်ချိန်တည်းတွင် ပစ်မှတ် ၆ ခုအထိကို ပစ်လွှတ်နိုင်စွမ်းရှိသည်။

Bavar -371 ဒုံးကျည်စနစ်မှာ ရုရှားနိုင်ငံက ထုတ်လုပ်သည့် S-300 ဒုံးကျည်စနစ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရုရှားဒုံးကျည်စနစ်ထက် နည်းပညာပိုင်း အနည်းငယ် သာလွန်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.