Connect with us

Videos

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Premium Service Lounge ၂၄ နာရီ ဝန်ဆောင်မှု စတင် ဖွင့်လှစ်

ရန်ကုန် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အသုံးပြုသူ ခရီးသည်များ ခရီးသွားလာရာတွင် လွယ်ကူ မြန်ဆန် ချောမွေ့စေရန် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ပေးသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Mingalar Sky Premium Lounge ကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ သြဂုတ် ၂၁ ရက်တွင် စတင် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

Mingalar Sky Premium Lounge ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် အပါအဝင် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန နှင့် လေကြောင်းလိုင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mingalar Sky Lounge သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် တည်ရှိကြောင်း ၊ Terminal 1 တွင် အခြား Lounge နှစ်ခု နှင့် Terminal 3 တွင် Lounge တစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ရာ ယခု ဖွင့်လှစ်သည့် Mingalar Sky Premium Lounge သည် လေးခုမြောက် ဖြစ်ကြောင်း သိရသည်။

Mingalar Sky ကုမ္ပဏီလီမီတက်မှ စီမံခန့်ခွဲသွားမည့် အဆိုပါ Lounge တွင် ခရီးစဉ် ကူးပြောင်း စီးနင်းမည့် ခရီးသည်များ နှင့် အခြား ခရီးသည်များ အတွက် Free Seating Area တွင် ခရီးသည် အများဆုံး ၈၀ ဦး နှင့် လူဆယ်ဦး အထိ လက်ခံ ဝန်ဆောင်မှု ပေးသွားနိုင်မည့် သီးသန့်နားနေခန်း ခြောက်ခန်းတို့ဖြင့် ၂၄ နာရီပတ်လုံး ဖွင့်လှစ် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးသည် သုံးဦး အထိ အသုံးပြုနိုင်မည့် “Departure Service Package”ကို အမေရိကန် ဒေါ်လာ ၂၀၀ သို့မဟုတ် ၎င်းနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် ဝယ်ယူပြီး ဝန်ဆောင်မှု ရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.