ဟူပေ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ကောင်းကင်ဒိုင်ဗင်သမားပေါင်း ၄၅ ဦးက တရုတ်နိုင်ငံ ၏ အရှည်ဆုံးမြစ်တစ်ခုဖြစ်သည့် ယန်စီမြစ် ပေါ်ရှိ ဝေဟင် မီတာ ၃၅ဝဝ မှ ခုန်ချကာ ၅ထောင့်ကြယ်ပုံသဏ္ဍာန်သရုပ်ဖော်ခဲ့ကြသည်။တရုတ်နိုင်ငံအလယ်ပိုင်းဟူပေပြည်နယ်ရှိ World Fly-in Expo အတွင်း ထိုသို့ စုပေါင်းခုန်ချကာ ပုံဖော်စတန့်ပြခြင်းဖြစ်သည်။ (Xinhua)
ရှန်းယန်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်းယန်တွင် ၏ ပထမဆုံး အဆင့်မြှင့်တင်ထားသော လျှပ်စစ်လေယာဉ်စမ်းသပ်ပျံသန်း ခဲ့ကြောင်းသိရသည်။ လူ၂ ဦးလိုက်ပါစီးနင်းနိုင်သည့် RX1E-A ဟုအမည်ရသည့် အဆိုပါလျှပ်စစ်လေယာဉ်ကို ရှန်းယန်အာကာသတက္ကသိုလ် က တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တစ်နာရီလျင် ၁၆ဝ ကီလိုမီတာ အထိပျံသန်းနိုင်ပြီး လေထီးစနစ်များကိုလည်းမွမ်းမံတပ်ဆင်ထားသောကြောင့် လေယာဉ်မောင်းနှင်သူနှင့် လေယာဉ်ဆင်းသက်ရာတွင်ဘေးကင်းလုံခြုံစေမည်ဖြစ်သည်။...
ဝူဟန်၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝူဟန်ပြည်နယ် ရှိအင်ဂျင်နီယာများက အဝေးပြေးလမ်း၏အဓိကအစိတ်အပိုင်းတံတားပိုင်းများကို ဆုံလည် စနစ်ဖြင့်တပ်ဆင်ခဲ့ကြသည်။တန်ပေါင်း ၃၃၅ဝ တန်ရှိသည့် တံတားအစိတ်အပိုင်းကို မိနစ် ၁ဝဝ အတွင်း ၁ဝဝ ဒီဂရီလှည့်ပတ်ကာ တပ်ဆင်ခြင်းဖြစ်သည်။ ထိုတံတားအောက်ရှိရထားလမ်းများကို ထိခိုက်ခြင်းမရှိဘဲ တံတားကိုတည်ဆောက်နိုင်ရန်အတွက်ထိုသို့တံတားလမ်းပိုင်းများကိုလှည့်ပတ်သည့် ဆုံလည်စနစ်ဖြင့်တပ်ဆင်တည်ဆောက်ခြင်းဖြစ်သည်။(Xinhua)
ထျန်ကျင်း၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်ကျင်းမြို့ ရှိ ၃၃,၇၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ထျန်ကျင်း ပင်းဟိုင် စာကြည့်တိုက်၌ စာအုပ်ပေါင်း ၁.၂ သန်းကို စုဆောင်းထားသည်။ စာအုပ်စင်အဆင့်ဆင့် ဖြင့် လှပ စွာ တည်ဆောက်ထားကာ စာပေချစ်သူပေါင်းများစွာ နှစ်ခြိုက်စွာလာရောက်လည်ပတ်သည့်နေရာတစ်ခုဖြစ် ကြောင်း...
တာ့နန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် အာရှ ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေး လက်ခံကျင်းပမည့် Vietnam နိုင်ငံ Da Nang မြို့၏ လှပမှုပုံရိပ်များကို ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ APEC အစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၁...
မော်စကို၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တွင် Rostec Corporation နှင့် TSNIITOCHMASH သုတေသနစင်တာတို့ပူးပေါင်းကာ ပေါက်ကွဲမှုများကိုခံနိုင်ရည်ရှိသည့်ဝတ်စုံတစ်မျိုးကို စမ်းသိပ်တီထွင်ထားကြောင်းသိရသည်။ ထိုဝတ်စုံကို အလွန်ပြင်းထန်သည့်အပူဒဏ်ကိုခံနိုင်ရည်ရှိကာအလွန်ခိုင်ခံ့မှုရှိသည့် aramid အစဖြင့် ချုပ်လုပ်ထားသည်။ မီးကူးစက်မှုမရှိစေရန်ဆောင်ရွက်ထားပြီးဝတ်ဆင်သူအားသက်တောင့်သက်သာဖြစ်စေရန် အထူးဒီဇိုင်းထုတ်လုပ်ထားကာ ၂ဝ၂ဝ ခုနှစ်အရောက်တွင် တွင်ကျယ်စွာသုံးစွဲနိုင်မည်ဖြစ်ကြောင်းမျှော်လင့်ထားသည်။ (Xinhua)
ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ယခုလက်ရှိအချိန်အထိရရှိထားသော သတင်းများအရ လူပေါင်း ၂၇ ဦးအထိသေဆုံးသွားပြီဖြစ်ကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က...
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” ဟု ဆိုသကဲ့သို့ တန်ဆောင်မုန်းလတွင် ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှူသည့် ကထိန်ပွဲများအား နိုင်ငံ အနှံ ၊ မြို့အနှံ ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပ...
ရန်ကုန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) “မြန်မာ့စပါးအုံး”ခေါ် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံေ အာင်လအန်ဆန်း နှင့် စိန်ခေါ်သူ ဟဲဗီးဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ အာလိန်းဂလားနီး “ကျားသစ်နက်” တို့ယနေ့နိုဝင်ဘာ ၃ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်ကြရာ အောင်လအန်ဆန်းက အာလိန်းဂလားနီး အား ပထမအချီတွင်ပင် အနိုင်ယူထိုးသတ်နိုင်ခဲ့ကြောင်းသိရသည်။
လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ်ရှိ Long beach တွင် ၁၇ကြိမ်မြောက် Haute Dog Howl’oween Parade အချစ်တော်ခွေးလေးများရဲ့ ဟောလိုးဝင်းလမ်းလျှောက်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ထိုပွဲတော်တွင် ယခုနှစ်၌ ခွေးအကောင်ရေ ၅ဝဝ ခန့်ပါဝင်ဆင်နွှဲခဲ့သည်။ အကောင်းဆုံးဝတ်စားဆင်ယင်နိုင်သည့်ခွေးအတွက်...