Connect with us

Videos

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ၌ အံအားသင့်ဖွယ် ဆီးနှင်းမုန်တိုင်း တိုက်ခတ် 

ရှင်းကျန်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ၌ နွေရာသီအလယ် ဇူလိုင်လတွင် ဆောင်းရာသီအလား အံအားသင့်ဖွယ် ဆီးနှင်းမုန်တိုင်း တိုက်ခတ်မှုအား ရိုက်ကူးထားသော ရုပ်သံဖိုင် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဒေသများစွာသည် ပူနွေးစိုစွတ်သော ရာသီဥတုအား ရင်ဆိုင်ကျော်လွှားရန် ရုန်းကန်နေကြစဉ်တွင် Bayanbulak မြက်ခင်းလွင်ပြင်ဒေသ၌ မကြာသေးမီက ဆောင်းရာသီ မုန်တိုင်း တိုက်ခတ်ခဲ့ရာ ဇွန် ၂၈ ရက် နှင့် ၃၀ ရက်အကြားတွင် မြေပြင်ပေါ်၌ ဆီးနှင်းထုသည် ပျမ်းမျှ ၃၀ စင်တီမီတာ အထူ ရှိခဲ့ပြီး အချို့နေရာများတွင် အထူ ၇၀ စင်တီမီတာထိ ရှိခဲ့သည်။ 

Bayanbulak မြက်ခင်းလွင်ပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၀၀ မီတာအမြင့်တွင် တည်ရှိပြီး ယခင်ကလည်း နွေရာသီအလယ်တွင် ဆီးနှင်းများ ကျရောက်မှုများ ရှိခဲ့သည်။သို့သော် ထိုကဲ့သို့ အင်အားကြီးသော နှင်းမုန်တိုင်းသည် ယင်းဒေသအတွက် မကြုံစဖူးအခြေအနေ တစ်ခု ဖြစ်သည်။

ဒေသတာဝန်ရှိသူများက မမျှော်လင့်ထားသော ရာသီဥတုအခြေအနေများကို လျှင်လျှင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းတို့သည် တိရိစ္ဆာန်မွေးမြူထိန်းကျောင်းသူများအား ခြံမွေးတိရိစ္ဆာန်များကို အစာကျွေးရန် မြက်ခြောက်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ဆီးနှင်းကျရောက်မှုသည် ဇွန် ၃၀ ရက်တွင် ရပ်တန့်သွားခဲ့ပြီး သေဆုံးသူ ၊ ဒဏ်ရာရသူ နှင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.