Connect with us

International Organizations

တွန်ဂါ ပင်လယ်အောက် မီးတောင် ပေါက်ကွဲမှုကြောင့် ဆူနာမီသတိပေးချက် နိုင်ငံအများအပြားတွင် ထုတ်ပြန်ခဲ့ရ

တွန်ဂါနိုင်ငံ မြို့တော်နူကူးအလိုဟာ အနောက်မြောက်ဘက် ၆၅ ကီလိုမီတာအကွာရှိ မီးတောင်ပေါက်ကွဲမှု မြင်ကွင်းအား ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်ကျွန်းနိုင်ငံ တွန်ဂါ၏ Hunga Ha’apai ကျွန်းတွင် ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မြို့တော်နူကူးအလိုဟာ၌ ဆူနာမီဖြစ်ပွားသည့် တိုင်းတာချက်ရှိခဲ့သည်။ ထို့ကြောင့် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဖီဂျီ၊ ဆမိုးအား၊ ဗနွားတူ၊ ဩစတြေးလျနှင့် ချီလီနိုင်ငံများတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ ပညာရှင်များက အချင်းဖြစ်ပွားသည့်နေရာ မီးတောင်ဝ နိုးထလာပြီဖြစ်ရာ ပေါက်ကွဲမှုများသည့်ကာလသည် ရက်သတ္တပတ်ချီကြာမြင့်ရာမှ နှစ်နှင့်ချီကြာမြင့်နိုင်ကြောင်း၊ လက်ရှိ မီးတောင်ပေါက်ကွဲမှုသည် အဆုံးစွန်အတိုင်းအတာ ရောက်ရှိပြီလားဆိုသည်မှာ မသိရှိရကြောင်း ဆိုသည်။

တွန်ဂါ မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား

တွန်ဂါနိုင်ငံ မြို့တော် နူကူးအလိုဟာ မြောက်ဘက် ၆၅ ကီလိုမီတာအကွာရှိ Hunga Ha’apai ကျွန်းတွင် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက စတင်ပြီး မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၁၅ ရက်တွင် နောက်ထပ်တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။မီးတောင်ပေါက်ကွဲမှုကြောင့် မှုတ်ထုတ်လိုက်သည့်ပြာမှုန့်၊ ဓါတ်ငွေ့နှင့်ရေငွေ့အများအပြား ဧရာမတိမ်လိပ်ပမာ အထက်ကောင်းကင် ၂၀ ကီလိုမီတာ အမြင့်ထိရောက်ရှိခဲ့သည်။ ယင်းမီးတောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသလို ၂၀၁၅ ခုနှစ်တွင်လည်း Hunga Ha’apai ကျွန်း မီးတောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်တွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွန်ဂါအစိုးရ ဌာနများအားလုံး ရပ်နားပိတ်သိမ်းထားသလို တွန်ဂါနိုင်ငံ ဆူနာမီသတိပေးချက်ဆိုင်ရာ စင်တာက တစ်နိုင်ငံလုံးအတိုင်းအတာ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၁ ရက် မီးတောင် နောက်တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းစင်တာက ဆူနာမီသတိပေးချက် ထပ်မံထုတ်ပြန်ခဲ့ပြီး ပင်လယ်ကမ်းခြေနှင့် ကမ်းရိုးတန်းတစ်လျှောက်မြေနိမ့်ဒေသများမှ ထွက်ခွာကြရန် လူထုကို နှိုးဆော်တိုက်တွန်းခဲ့သည်။

တစ်နိုင်ငံလုံး ဆူနာမီ၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့်လေပြင်းမုန်တိုင်း၏ အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း တွန်ဂါမိုးဇလဌာန ဆိုသည်။ ဇန်နဝါရီ ၁၅ ရက် မီးတောင်ပေါက်ကွဲပြီးနောက် ပင်လယ်ရေပြောင်းပြန်ရိုက်ခတ်မှုများကြောင့် မြို့တော် နူကူးအလိုဟာ၏ အဓိကလမ်းများတွင် ရေကြီးရေလျှံ ရေလွှမ်းမှုဒဏ်ကို ခံခဲ့ရရာ အဆောက်အအုံများအပြား နစ်မြုပ်ခဲ့သည်။ ညနေပိုင်းတွင် မြို့တော်နူကူးအလိုဟာတါင် မီးများပြတ်တောက်ကုန်ရာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုနည်းပါးခဲ့ကြောင်း ၊ ပြည်တွင်း လေကြောင်းပြေးဆွဲမှုအားလုံးကို ယင်းနေ့တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Iwateစီရင်စု Rikuzentakataမြို့တွင် ဆူနာမီတိုက်ခတ်မှုကြောင့် အဆောက်အအုံတစ်ချို့ ပျက်စီးခဲ့သည်ကို ၂၀၁၁ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံအများအပြားတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဇန်နဝါရီ ၁၅ ရက် မီးတောင် ပြင်းပြင်းထန်ထန်ပေါက်ကွဲပြီးနောက် ဖီဂျီ၊ ဆမိုးအား၊ ဗနွားတူစသည့် နိုင်ငံများ၏ အချို့ဒေသများရှိ ပင်လယ်ရေလှုပ်ရှားပုံမှန်မဟုတ်ပြောင်းလဲခဲ့ရာ ယင်းနိုင်ငံများက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

နယူးဇီလန် အမျိုးသား အရေးပေါ်စီမံခန့်ခွဲ့ရေးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့ရာ ယင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းကမ်းရိုးတန်းဒေသများနှင့် တောင်ဘက်ကျွန်း အနောက်ကမ်းရိုးတန်းတွင် ဧရာမလှိုင်းလုံးကြီးများ၏ တိုက်ခတ်မှုကို ခံရနိုင်သဖြင့် ဆိပ်ကမ်း၊ မြစ်ချောင်းနှင့် မြစ်ဝကျွန်းပေါ်တို့တွင် ခပ်ဝေးဝေး နေကြရန် အကြံပေးတိုက်တွန်းခဲ့သည်။

တွန်ဂါ မီးတောင်ပေါက်ကွဲမှုအပြီး ဩစတြေးလျ မိုးဇလဌာနက ဆူနာမီသတိပေးချက် ချက်ခြင်းထုတ်ပြန်ခဲ့ရာ နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်နှင့်ကျွန်းများကို သက်ရောက်နိုင်ကြောင်း ဆိုသည်။ ယခုအကြိမ် မီးတောင် ပေါက်ကွဲမှု၏ လှိုင်းပုတ်ခတ်နှုန်းသည် တစ်နာရီလျှင် ၁,၀၀၀ ကီလိုမီတာကျော် ရှိပြီး လေထုဖိအား သိသိသာသာ ပြောင်းလဲမှုရှိကြောင်း ဩစတြေးလျ မိုးဇလဌာနက ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။ ကိန်းဂဏန်းအချက်အလက်များတွင် ယင်းနိုင်ငံ နော်ဖောကျွန်းအနီး ရေလှိုင်းအမြင့် ၁.၇၂ မီတာ ထိရှိခဲ့ပြီး ဂိုးလ်ကို့စ် ကမ်းရိုးတန်းတွင် လှိုင်းအမြင့်သည် ၀.၈၂ မီတာ ရှိကြောင်း ဖော်ပြထားသည်။

ဂျပန်မိုးဇလဌာနကလည်း ဇန်နဝါရီ ၁၆ ရက်တွင် Amamiကျွန်းစုစသည့် ဒေသအချို့အတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းအထိ ယခုတစ်ကြိမ် ဆူနာမီကြောင့် ဂျပန်ကမ်းရိုးတန်းတွင် တွေ့ရှိရသည့် အကြီးမားဆုံးရေလှိုင်းသည် Kagoshimaစီရင်စု Amamiမြို့အနီးတွင် ဖြစ်ပြီး လှိုင်း၏အမြင့် ၁.၂ မီတာခန့်ရှိကြောင်း ၊ အခြားသော ပစိဖိတ်ကမ်းရိုးတန်းဒေသများတွင်ဖြစ်ပွားသည့်ရေလှိုင်းအမြင့်သည် ၁ မီတာ မရှိကြောင်း ဆိုသည်။ ယခုအကြိမ် ဆူနာမီသည် ဂျပန်နိုင်ငံတွက် အလွန်ကြီးမားသည့် သက်ရောက်မရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁၆ နံနက်ပိုင်းအထိ ယင်းနိုင်ငံ စီရင်စု ၈ ခုတွင် လူပေါင်း ၂၃,၀၀၀ ကို ဘေးလွတ်ရာရှောင်သိမ်းရန် သတိပေးချက် ထုတ်ပြန်ခဲ့ရာ တိမ်းရှောင်စဉ် လူ ၁ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး Kochi ၊ Tokushima စီရင်စုများတွင် ရေယာဉ် ၁၀ စီးနှင့် ငါးဖမ်းရေယာဉ် ၅ စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အမေရိကန် အနောက်ဘက် ကမ်းရိုးတန်း ဒေသအချို့တွင် ဇန်နဝါရီ ၁၅ ရက်က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရာ ဟာဝိုင်ယီ၊ ဝါရှင်တန်၊ အိုရီဂွန် ကမ်းရိုးတန်းဒေသများ ပါဝင်ကြောင်း သိရသည်။ အမေရိကန် မိုးဇလဌာန ပစိဖိတ် ဆူနာမီသတိပေးစင်တာ အရာရှိတစ်ဦးက ဟာဝိုင်ယီ ကျွန်းအားလုံးတွင် လက်ရှိ ဆူနာမီကြောင့် ရေကြီးရေလျှံမှုအနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအစီရင်ခံစာ မရရှိကြောင်း ၊ ပင်လယ်ရေပြင်အနည်းငယ်အပြောင်းအလဲရှိပြီး ကမ်းရိုးတန်းဒေသအချို့တွင် ပြင်းထန်သည့် ပင်လယ်ရေစီးကြောင်းအနေအထားက နာရီနှင့်ချီ ဆက်တိုက်ရှိနိုင်ရာ သင်္ဘောသားနှင့်ရေကူးသူများ အထူးဂရုပြုရန် လိုအပ်ကြောင်း တွစ်တာတွင် ပြောကြားခဲ့သည်။ အမေရိကန် အမျိုးသား မိုးဇလဌာနက ဝါရှင်တန်နှင့် အိုရီဂွန်ပြည်နယ် ကမ်းရိုးတန်းဒေသအချို့တွင် ပြင်းထန်သည့်ရေစီးကြောင်း ဆက်ရှိနိုင်ကြောင်း ဆိုသည်။

ချီလီနိုင်ငံ ပြည်ထဲရေးဌာန အမျိုးသား အရေးပေါ်စီမံခန့်ခွဲရေးရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပစိဖိတ်ကမ်းရိုးတန်းဒေသအချို့နှင့် ပစိဖိတ်ကျွန်းအချို့အတွက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ပင်လယ်ကမ်းခြေနှင့်ကမ်းစပ်ရှိ လူစုဝေးမှုအား ရှင်းလင်းခဲ့သည်။ ချီလီ ရေတပ် ဇလဗေဒနှင့်အဏ္ဏဝါဗေဒဌာနက ထုတ်ပြန်သည့် သတင်းတွင် ယင်းနိုင်ငံမြောက်ပိုင်း အီကီကေး စသည့် နေရာများတွင် အမြင့် ၂ မီတာရှိသည့် ပင်လယ်ရေလှိုင်းတိုက်ခတ်မှုကို ခံခဲ့ရကြောင်း၊ လက်ရှိတွင် ကြီးကြီးမားမားသက်ရောက်မှုမရှိသေးကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ဆမိုးဝါးကျွန်းတွင် ဆူနာမီတိုက်ခတ်မှုခံခဲ့ရသည့် ကျေးရွာတစ်ရွာ၏ မြင်ကွင်းအား ၂၀၀၉ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးတောင်ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားနိုင်

တွန်ဂါ ဘူမိဗေဒဌာန ထိပ်တန်း ဘူမိသိပ္ပံပညာရှင် Taaniela Kulaက ဇန်နဝါရီ ၁၄ ရက် မီးတောင်ပေါက်ကွဲမှုအားသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၏ ၁၇ ဆ ဖြစ်ကြောင်း ဆိုသည် ။ ဇန်နဝါရီ ၁၅ ရက်တွင် ထပ်မံဖြစ်ပွားသည့် ပေါက်ကွဲမှုအားကလည်း ဧရာမကြီးမာကြောင်း၊ များပြားလှစွာသော မီးတောင်ပြာများသည် မြည်ဟိန်းနေသည့်အသံနှင့်အတူ ကောင်းကင်ကို မှုတ်ထုတ်လိုက်ခြင်းဖြစ်ရာ တွန်ဂါတစ်နိုင်ငံလုံးအတိုင်းအတာက မီးတောင်ပြာများ ဖုံးလွှမ်းနေကြောင်း ၊ ယင်းနေ့ ၁၇ နာရီတွင် မိုးက မည်းမှောင်နေပြီး (အမြင်စွမ်းရည်)တွေ့နိုင်မြင်နိုင်ချေနည်းပါးကြောင်း ဆိုသည်။

နယူးဇီလန်နိုင်ငံ အော့ကလန်တက္ကသိုလ် ပါမောက္ခ Shane Croninက ဇန်နဝါရီ ၁၅ ရက် မီးတောင်ပေါက်ကွဲသည့် ပမာဏသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်ကထက် ပိုပြင်းထန်ကြောင်း ၊ ဓါတ်ငွေ့ပါဝင်သည့် မဂ္ဂမာများ မီးတောင်ဝက မှုတ်ထုတ်မှုများကြောင့် ပုတ်ခတ်သည့် လှိုင်းသည် ကီလိုမီတာထောင်ချီထိ ရိုက်ခတ်နိုင်ကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ မီးတောင်ပေါက်ကွဲမှုကြောင့် တွန်ဂါနိုင်ငံနီးရှိ ဖီဂျီနှင့်ဆမိုးအားတွင် ဆူနာမီဖြစ်ပွားခဲ့သေးကြောင်း၊ ယင်းအခြေအနေက အချင်းဖြစ်နေရာ မီးတောင်ဝ နိုးထလာပြီဖြစ်ပြီး ပေါက်ကွဲမှုအများဆုံးအချိန်သည် ရက်သတ္တပတ်နှင့်ချီ သို့မဟုတ် နှစ်နှင့်ချီ ဆက်တိုက်ရှိနိုင်ရာ ယခုအခါ ပေါက်ကွဲမှုအများဆုံးအမှတ်သို့ ရောက်ရှိပြီလားဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးကြောင်း ဆိုသည်။

ဂျပန်Yomiuri Shinbun သတင်းဖော်ပြချက်များအရ ဂျပန်ကမ်းရိုးတန်း၏ လှိုင်းလုံးအမြင့်အပြောင်းအလဲသည် တွန်ဂါမီးတောင်ပေါက်ကွဲမှု၏ ရိုက်ခတ်မှုနှင့်သက်ဆိုင်နိုင်သည်ဟု Tohoku တက္ကသိုလ်ပါမောက္ခ Imamura Fumihikoက ယူဆကြောင်း ဖော်ပြထားသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် လေဖိအားပြောင်းလဲမှုကြီးများ ဖြစ်ပွားခြင်းက ဒီရေလှိုင်အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း ၊ ယခုအကြိမ် ဆူနာမီသည် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပြီး ငလျင်ကြောင့် ဖြစ်ပွားခြင်းမဟုတ်ခြင်းကြောင့် ဆူနာမီ ယန္တရားကို ရှင်းလင်းစွာမသိရရာ ကြိုတင်ခန့်မှန်းရန် ပို၍ ခက်ခဲကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
汤加海底火山喷发 多国发布海啸预警
2022-01-16 20:14:14
2015年1月17日从一艘海上船只拍摄的位于汤加首都努库阿洛法西北65公里的火山正在喷发的图像。(新华社/法新)  新华社北京1月16日电南太平洋岛国汤加的洪阿哈阿帕伊岛14日和15日发生火山喷发,首都努库阿洛法观测到海啸。日本、美国、加拿大、新西兰、斐济、萨摩亚、瓦努阿图、澳大利亚和智利均发布海啸预警。专家指出,事发地火山口已苏醒,喷发活跃期可持续数周甚至数年,尚不清楚目前是否已达喷发的峰值。
汤加火山喷发
汤加首都努库阿洛法以北约65公里处的洪阿哈阿帕伊岛14日上午开始发生火山喷发,15日下午再次喷发。火山喷发致使大量火山灰、气体与水蒸气进入高空形成巨大云团,喷发至高空20千米处。这座火山曾于2021年12月20日开始,连续喷发数日。2015年,洪阿哈阿帕伊岛火山也曾喷发过。
火山14日喷发后,汤加政府部门全部关闭,汤加国家海啸预警中心发布全国海啸预警。火山15日再次喷发后,汤加国家海啸预警中心再次发布海啸预警,并呼吁民众远离海滩及海岸线低洼地带。
汤加气象局说,汤加全境面临海啸、暴雨、洪水和强风威胁。火山15日喷发造成海水倒灌。首都努库阿洛法的主要街道都被洪水淹没,不少建筑物被淹。傍晚时分,首都努库阿洛法停电,与外界联系减少。汤加国内航班15日全部取消。
2011年3月15日,日本岩手县陆前高田市部分建筑遭受海啸袭击后变为瓦砾堆。(新华社记者蓝建中摄)
多国海啸预警
火山15日喷发威力巨大,斐济、萨摩亚、瓦努阿图等国部分地区的海水活动异常,这些国家都紧急发布了海啸预警。新西兰国家紧急事务管理局15日发布警告,其北部、东部沿海地区及南岛西海岸可能受到巨浪袭击,建议人们远离港口、河流和河口。
澳大利亚气象局在汤加火山喷发后随即发布海啸预警,范围覆盖澳大利亚东部沿海多州和多个岛屿。澳气象局16日表示,此次火山喷发的冲击波传播速度超过每小时1000公里,澳大利亚的大气压力显著变化。数据显示,该国诺福克岛附近浪高达到1.72米,其黄金海岸地区浪高0.82米。
日本气象厅16日针对奄美群岛等部分地区发布海啸预警。截至16日上午,此次海啸在日本海岸引发的最大浪高出现在鹿儿岛县奄美市附近,其浪高约1.2米;在其他大部分太平洋沿海地区引发的浪高不到1米。此次海啸对日本总体影响不大,截至16日早,该国8个县共对23万人发出“避难指示”,只有1人在避难时受轻伤。高知县、德岛县分别有10艘和5艘渔船倾覆。
美国西海岸部分地区15日发布海啸预警,包括夏威夷地区及华盛顿州、俄勒冈州沿海地区。美国国家气象局太平洋海啸预警中心官方推特称,夏威夷所有岛屿目前只有海啸引发的轻微洪水,没有接到损坏报告,海平面有轻微变化,部分沿海地区的强海流可能持续数小时,船员和游泳者需格外小心。美国国家气象局表示,华盛顿州和俄勒冈州沿海一些地区可能继续有强海流。
智利内政部下属的国家紧急事务办公室15日向太平洋沿海大部分地区和太平洋岛屿发布海啸预警,疏散了海岸和沙滩上的人群。智利海军水文和海洋局发布消息称,该国北部伊基克等地遭遇近2米高的海浪,智利目前受影响面不大。智利有关部门将继续通过沿海47个监测站点监控海潮变化情况。
这是2009年10月3日从空中拍摄的美属萨摩亚群岛一个遭受海啸袭击的村庄。(新华社发)
喷发可能持续
汤加地质部门首席地质学家库拉介绍说,14日火山喷发释放的能量是2021年12月20日那次喷发的大约7倍。15日下午的喷发也威力巨大,大量火山灰等伴随着巨大轰响迅速升入高空,汤加全境迅速被火山灰等遮蔽,当天17时就已提前天黑,能见度非常低。
新西兰奥克兰大学教授沙恩•克罗宁16日表示,15日的火山喷发规模远超过2021年12月20日和2022年1月13日的两次较早喷发,含有气体的大量新鲜岩浆从火山口喷发,冲击波穿越数千公里。喷发还在汤加和邻近的斐济和萨摩亚引发海啸。这些迹象表明,事发地火山口已苏醒,喷发活跃期可持续数周甚至数年,尚不清楚目前是否已达喷发的峰值
据日本《读卖新闻》报道,该国东北大学教授今村文彦认为,日本海岸出现的大范围浪高变化可能由汤加火山大规模喷发产生的冲击波导致。火山喷发引起气压剧变,有可能影响潮位变化。本次海啸由火山喷发而非地震引发,引起海啸的机制不明,预测海啸就更为困难。(执笔记者:李雯;参与记者:张永兴、卢怀谦、郭磊、郝亚琳、华义、谭晶晶、尹南、张笑然、郝云甫、吴昊、朱雨博)