Connect with us

Europe

ယူကရိန်းအကျပ်အတည်း၏ တွန်းအားကြောင့် ဥရောပနိုင်ငံ အများအပြား ကာကွယ်ရေးမှုဝါဒ ချိန်ညှိလာ

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်တွင် စစ်ရေးပြချီတက်ပွဲ၌ တန်းစီမောင်းနှင်လာသည့် တင့်ကားများကို ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

ယူကရိန်း အကျပ်အတည်း အရှိန်မြင့်တက်လာမှုနှင့်အတူ ဥရောပနိုင်ငံအများအပြားတွင် ကာကွယ်ရေးမူဝါဒ ယခုကာလများတွင် ကြီးမားသည့် ချိန်ညှိပြောင်းလဲမှုများ ဖြစ်လာသည်။ ဂျာမနီပြန်လည်ပေါင်းစည်း(German reunification)ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကာကွယ်ရေး ဘတ်ဂျက် များစွာ တိုးမြှင့်ခဲ့သလို ပထဝီနိုင်ငံရေး ဆက်ဆံမှုတွင် ဘက်မလိုက်ကြားနေမူဝါဒကို ရေရှည်ထိန်းသိမ်းထားသည့် ဆွီဒင်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ဩစတြီးယားစသည့်နိုင်ငံများကလည်း ကာကွယ်ရေးရပ်တည်ချက် သိသာထင်ရှားစွာ ပြောင်းလဲမှုရှိလာသည်။

သုံးသပ်လေ့လာသူများက အမေရိကန်မဟာဗျူဟာ ဗဟိုချက် ရွေ့လျားခြင်း၊ ဒေသတွင်းလုံခြုံရေးအခြေအနေ ပြောင်းလဲမှုတို့၏ နောက်ခံအကြောင်းတရားတွင် ဥရောပတိုက် နိုင်ငံများက မိမိကိုယ်၌၏ကာကွယ်ရေးအင်အား အရေးတကြီးလိုအပ်မှုအသိ ပိုရှိလာကြကြောင်း၊ ကာကွယ်ရေးမူဝါဒ၏ ပြောင်းလဲချိန်ညှိမှုသည် ဥရောပတိုက် ပထဝီနိုင်ငံရေးအခင်းအကျင်းအပေါ် ရေရှည်နက်ရှိုင်းသည့် သက်ရောက်မှုရှိစေနိုင်ကြောင်း ယူဆကြသည်။

စစ်အသုံးစရိတ် တိုးမြှင့်ခြင်း

ဂျာမနီ၏ကာကွယ်ရေးအသုံးစရိတ်ကို များစွာ ထပ်တိုးသွားမည်ဖြစ်ပြီး ယူရိုငွေ ဘီလီယံ ၁၀၀ သီးခြားရန်ပုံငွေ့ ခွင့်ပြုခြင်းအပါအဝင် ယနေ့မှစ၍ နောက်နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို GDP၏ ၂ ရာခိုင်နှုန်းနှင့်အထက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က ဖေဖော်ဝါရီ လကုန်တွင် ကြေညာခဲ့သည်။

ဂျာမနီပြန်လည်ပေါင်းစည်းပြီးနောက်ပိုင်း ဂျာမနီနိုင်ငံအတွင်း ပြင်ပလုံခြုံရေးခြိမ်းခြောက်မှုများ ပျောက်ကွယ်သွားကာ ပြည်တွင်းငြိမ်းချမ်းရေးဝါဒီ အတွေးအခေါ်များ အဓိက ဦးဆောင်နေရာယူလာခဲ့သည်။ ဂျာမနီဖက်ဒရယ်ကာကွယ်ရေးတပ်ကို ၁၉၉၀ ခုနှစ်က စစ်သည်အင်အား ၅ သိန်းခန့်မှ လက်ရှိ ၁၈၀,၀၀၀ ခန့်အထိ လျှော့ချပြီး ၂၀၁၁ ခုနှစ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းခဲ့သည်။

ဂျာမနီ၏ ကာကွယ်ရေးဘတ်ဂျက်သည် ၁၉၉၀ ခုနှစ်က GDP၏ ၂.၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၆ ခုနှစ်တွင် ၁.၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ယခင်သမ္မတ ထရမ့် လက်ထက်တွင် ဂျာမနီ၏ကာကွယ်ရေးဘတ်ဂျက်သည် နေတိုးကာကွယ်ရေး အသုံးစရိတ်စံနှုန်းကို မပြည့်မီကြောင်း ကြိမ်ဖန်များစွာ ပြစ်တင်ပြောကြားခံခဲ့ရသည်။ ထိုဖိအားကြောင့် နောက်ပိုင်းတွင် ဂျာမနီက ၎င်း၏ကာကွယ်ရေးဘတ်ချက်ကို တစ်စတစ်စ တိုးမြှင့်လာခဲ့ရာ ၂၀၂၁ ခုနှစ်မှသာ ၁.၅၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာစစ်နှစ်ကြိမ်ဖြစ်ပွားသည့် သမိုင်းအကြောင်းအရင်းကြောင့် ဂျာမနီနိုင်ငံရေးလောက လူပုဂ္ဂိုလ်များအတွက်ဆိုရလျှင် စစ်အင်အား ဖြည့်တင်းခြင်းသည် အလွန်ထိလွယ်ရှလွယ်သည့် ကိစ္စဖြစ်ရာ ကာကွယ်ရေးဘတ်ဂျက်ထပ်တိုးရန်သဘောထားကို လက်ကိုင်ထားခြင်း ၊ စစ်အာဏာရှင်ဝါဒကို ပြန်လည်နှိုးဆွခြင်းဟူသည့် ဝေဖန်မှုနှင့်ရင်ဆိုင်ရမည် ဖြစ်သည်။ Olaf Scholz၏ ယခုအကြိမ်လုပ်ဆောင်မှုက ဂျာမနီပြည်တွင်း နယ်ပယ်အသီးသီး၏ မူလကာကွယ်ရေးကိစ္စအပေါ်ထားရှိသည့် သဘောတူညီချက်နှင့်မူဝါဒကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ယူဆခံရရာ အချို့ပညာရှင်များက ဂျာမနီလုံခြုံရေးမူဝါဒ၏ “တော်လှန်ရေး”တစ်ရပ်ဖြစ်သည်ဟု ဆိုကြသည်။

ရပ်တည်ချက်များ ပြောင်းလဲလာ

ဂျာမနီသည် ပဋိပက္ခဖြစ်ပွားရာဒေသသို့ လက်နက်တင်ပို့ခြင်း တားမြစ်ချက် ရေရှည်မူဝါဒကို ပြုပြင်ပြောင်းလဲပြီး ယူကရိန်းသို့ တင့်ဖျက်လက်နက် ၁,၀၀၀ ကျော်နှင့် “Stinger”ပုံစံ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် အလုံး ၅၀၀ ပေးပို့မည်ဟု ကတိပြုခဲ့သည်။

နေတိုး လျင်မြန်စွာ တုန့်ပြန်ရေးတပ်ဖွဲ့သို့ တပ်ဖွဲ့ဝင် ၁၃၇,၀၀၀ စေလွှတ်ရန် စီစဉ်ထားကြောင်း၊ တစ်ချိန်တည်းမှာပင် ရိုမေးနီးယား၌ တိုက်လေယာဉ်ဖြန့်ကျက်မှု၊ လစ်သူယေးနီးယား၌ သံချပ်ကာယာဉ် ဖြန့်ကျက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျာမနီက ကြေညာခဲ့သည်။

ယူကရိန်းအကျပ်အတည်း အရှိန်အဟုန် မြင့်တက်လာပြီးနောက် ဆွီဒင်နှင့်ဖင်လန် စစ်ရေးမဟာမိတ်မဖွဲ့ခြင်းမူဝါဒ ရေရှည်လက်ကိုင်ထားသည့် နိုင်ငံများ၏ ရပ်တည်ချက် သိသာထင်ရှားစွာ အသွင်ပြောင်းလာခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်တွင် ဆွီဒင်က ယူကရိန်းသို့ တင့်ဖျက်လက်နက် ၅,၀၀၀ ပေးပို့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖင်လန်က ယူကရိန်းသို့ ချေမှုန်းရေးရိုင်ဖယ်သေနတ် ၂,၅၀၀ နှင့် ကျည်ဆန် ၁၅၀,၀၀၀ စသည်တို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ကြေညာခဲ့သည်။

သမိုင်းကြောင်းအရ ကြည့်မည်ဆိုလျှင် ဆွီဒင်သည် ဆိုဗီယက်-ဖင်လန်စစ်ပွဲအပြီး ပထမဆုံးအကြိမ် စစ်ဖြစ်ပွားနိုင်ချေရှိသည့် နိုင်ငံများသို့ လက်နက် ပံ့ပိုးပေးခြင်း ဖြစ်သည်။ ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း နေတိုးအဖွဲ့က ဆွီဒင်နှင့်ဖင်လန်ကို အဖွဲ့ဝင်ရန် စည်းရုံးခဲ့သော်လည်း မအောင်မြင်ဖြစ်ခဲ့သည်။ သို့သော် ယခုကာလများ၏ ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူမှုများတွင် ဖင်လန်နိုင်ငံသား တစ်ဝက်ကျော်က နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ထောက်ခံကြကြောင်း ဖော်ပြထားပြီး ဆွီဒင်တွင်မူ နေတိုးအဖွဲ့သို့ ပါဝင်ရေး ထောက်ခံသူနှင့်ဆန့်ကျင်သူ ရာခိုင်နှုန်းက မတိမ်းမယိမ်းရှိကြသော်လည်း ထောက်ခံသူလူဦးရေမှာ ယခင်ကနှင့်နှိုင်းယှဉ်လျှင် မြင့်တက်လာကြောင်း ဖော်ပြထားသည်။

တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ (CASS) ရုရှား၊အရှေ့ဥရောပ၊ အလယ်အာရှရေးရာ သုတေသနဌာန သုတေသီ ကျူးရှောင်ကျုံးက ဆွီဒင်နှင့်ဖင်လန် နေတိုးအဖွဲ့ဝင်နိုင်ငံများ ဖြစ်သွားပါက ရုရှား၏မလုံခြုံမှုခံစားချက်ကို ပို၍တိုးလာစေနိုင်ကြောင်း ဆိုသည်။

ထို့အပြင် အမြဲတမ်းဘက်မလိုက်ကြားနေနိုင်ငံများဟု အစဉ်ယူဆထားကြသည့် ဩစတြီးယားနှင့်ဆွစ်ဇာလန်တို့ကလည်း ပုံမှန်မဟုတ်သည့်လှုပ်ရှားမှုအချို့ ရှိလာသည်။ ဩစတြီးယားက ယခုကာလအတွင်းမှာပင် ယူကရိန်းသို့ ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးမည်ဖြစ်ပြီး ရုရှားကို လေကြောင်းပိတ်ပစ်မည်ဟု ကြေညာခဲ့သည်။ ဆွစ်ဇာလန်ကလည်း ဥရောပသမဂ္ဂ၏ ရုရှားအပေါ် ပိတ်ဆို့ရေးအစီအစဉ်တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ထုံကျိ တက္ကသိုလ် ဂျာမနီ သုတေသနစင်တာ ဒုတိယညွှန်ကြားရေးမှူး ဝူဟွေ့ဖိန်က ထရမ့်လက်ထက်တွင် ဂျာမနီကို စစ်အသုံးစရိတ် ထပ်တိုးရန် တောင်းဆိုခဲ့ပြီး ပြင်သစ် သမ္မတ မိုက်ခရွန်က “ဥရောပစစ်တပ်”တည်ဆောက်ရန် အဆိုပြုခဲ့ကြောင်း၊ ထို့အပေါ် ဂျာမနီက ထောက်ခံသည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့လှုပ်ရှားမှု အများအပြားမတွေ့ခဲ့ရကြောင်း ၊ အကယ်၍ ယခုအကြိမ် ယူကရိန်းအကျပ်အတည်းကြောင့် မဟုတ်ပါက ဂျာမနီ၏ကာကွယ်ရေးမူဝါဒ ယခုကဲ့သို့ ရုတ်ခြည်းပြောင်းလဲမည်ဟု တွေးရခက်လိမ့်မည် ဖြစ်ကြောင်း ဆိုသည်။

သုံးသပ်သူများက ဘက်မလိုက်ကြားနေ နိုင်ငံများ ရပ်တည်ချက် ပြောင်းလဲလာမှု၊ ဂျာမနီ ကာကွယ်ရေးဘတ်ဂျတ် များစွာ တိုးမြှင့်လာမှု၊ ဥရောပတိုက် နိုင်ငံအများအပြား ကာကွယ်ရေးကဏ္ဍ လှုပ်ရှားမှုသစ်များသည် ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်လာခြင်းက ၎င်းတို့အပေါ် နက်ရှိုင်းသည့် သက်ရောက်မှုရှိကြောင်းကို ဖော်ပြရာ ယင်းနိုင်ငံများ မိမိ၏ကာကွယ်ရေးစွမ်းရည် အားဖြည့်ရေး ဆုံးဖြတ်ချက်ချသည့် အကြောင်းတရား ဖြစ်စေကြောင်း၊ အဆိုပါလုပ်ဆောင်ချက်များက ဥရောပ ပထဝီနိုင်ငံရေးအခင်းအကျင်းအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို စောင့်ကြည့်လေ့လာရမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

………………………………..
(Chinese Version)
(国际观察)乌危机推动欧洲多国防务政策调整
2022-03-03 13:00:26 分类: 政治法律
新华社北京3月3日电(国际观察)乌危机推动欧洲多国防务政策调整
新华社记者张远 丁宜 韩梁
随着乌克兰危机持续发酵,欧洲多国防务政策近来出现重大调整:德国自两德统一后首次大幅追加国防预算;瑞典、芬兰、瑞士、奥地利等长期在地缘政治关系中保持中立的国家,防务立场也出现明显转变。
分析人士认为,在美国战略重心转移、地区安全形势发生变化的背景下,欧洲诸国愈发意识到构建自身防务力量的紧迫性,而防务政策的调整或会对欧洲地缘政治格局产生深远影响。
(小标题)增加军费
德国总理朔尔茨2月底宣布大幅增加国防开支,包括批准1000亿欧元专项资金,并将今后每年德国国防开支占GDP的比重提高到2%以上。
自两德统一后,德国外部安全威胁消弭,国内和平主义思潮占据主导。德国联邦国防军从1990年的约50万人缩减至眼下的18万左右,2011年更是取消了义务兵役制。
德国1990年国防预算占GDP的2.52%;2016年,这一数字缩减至1.15%。美国前总统特朗普执政期间,多次指责德国国防预算未达到北约防务支出标准。迫于压力,德国此后逐步增加国防预算,其占比才在2021年提升至1.53%。
因为两次世界大战等历史原因,对于德国政界人士而言,加强军力历来属于极度敏感话题,主张增加国防预算甚至会招致复苏军国主义的批评。因此朔尔茨政府此次的举措被认为是打破了德国国内各界原先在防务问题上的不少共识和原则,一些专家甚至称之为德国安全政策的一场“革命”。
(小标题)转变立场
德国还改变禁止向冲突地区出口武器的长期政策,承诺向乌克兰提供1000件反坦克武器和500枚“毒刺”式防空导弹。德方宣布,计划投入1.37万人加入北约快速反应部队,同时将在罗马尼亚部署战机,在立陶宛部署装甲车。
乌克兰危机升级以来,瑞典和芬兰这两个长期奉行军事不结盟政策的国家的立场发生明显变化。1月27日,瑞典宣布将向乌克兰运送5000件反坦克武器。芬兰则于1月28日宣布将向乌克兰运送2500件突击步枪和15万发子弹等装备。
从历史来看,这是瑞典自苏芬战争后首次向处于交战状态的国家提供武器。苏联解体后,北约多次拉拢瑞典和芬兰加入未果。不过,近期民意调查显示,已有超过半数的芬兰人支持加入北约;瑞典支持和反对加入北约的比率大致相当,但支持加入北约的人数较以往有所上升。
中国社会科学院俄罗斯东欧中亚研究所研究员朱晓中说,如瑞典和芬兰成为北约国家,将加大俄的不安全感。
此外,向来被认为是永久中立国的奥地利和瑞士也有一些不同寻常的举动。奥地利近期宣布向乌克兰提供防护装备,对俄关闭领空。瑞士也决定参与欧盟对俄罗斯的制裁计划。
同济大学德国研究中心副主任伍慧萍说,特朗普执政时期要求德国增加军费,法国总统马克龙提出构建“欧洲军”,德国虽然表示支持,但并没有太多实际行动。如果不是这次乌克兰危机,难以想象德国防务政策会有如此骤变。
分析人士指出,中立国转变立场、德国大幅增加国防预算,欧洲多国在防务上的新动向表明乌克兰危机升级对其触动之深,令这些国家下决心增强自身防务能力,此举将对欧洲地缘政治格局产生怎样的影响有待观察。(完)

图说1:2021年8月24日,在乌克兰首都基辅,坦克在阅兵式上列队行进。(新华社发,谢尔盖·斯塔拉斯坚科 摄)