Connect with us

Africa & Middle East

လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) စခန်းအား အစ္စရေး တိုက်ခိုက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းထန်စွာ ရှုတ်ချ

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြင်သစ်နိုင်ငံ၏ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ဘနွန်နှင့် အစ္စရေး အခြေအနေ ပြန်လည်သုံးသပ်သည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) စခန်း ၃ ခုကို အစ္စရေးက အောက်တိုဘာ ၁၀ ရက်တွင် တိုက်ခိုက်ခဲ့ရာ ၎င်းတို့အနက် နေရာနှစ်ခုမှာ အီတလီ စခန်းနှစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ပြည်ပအခြေစိုက်သတင်းထောက်များက ဖော်ပြခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဤလုပ်ရပ်သည် တုန်လှုပ်ခြောက်ခြားစေသလို နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ၏ ဘေးကင်းရေးအတွက် အာမခံပေးရမည်ဖြစ်ကြောင်း ယူဆကြသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လက်ဘနွန်-အစ္စရေး အခြေအနေကို ပြန်လည်သုံးသပ်သော အရေးပေါ်အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သည်။ အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့များသည် UNIFIL စခန်းနှင့် ကင်းစောင့်မျှော်စင်ကို တိုက်ခိုက်ခဲ့ပြီး UNIFIL တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ကြောင်း အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယင်းနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြသည်။ UNIFIL သည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၏ တရားဝင်လုပ်ပိုင်ခွင့်နှင့်အညီ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ မစ်ရှင်များကို ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးထိန်းသိမ်းသူများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သည့် မည်သည့်လုပ်ရပ်မဆို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဤဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှုပြုလုပ်ပြီး ထပ်မံဖြစ်ပွားမှုကို တားဆီးရန် အစီအမံများ ပြုလုပ်ရန် တောင်းဆိုကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသည့် အင်အားစုအားလုံးအနေဖြင့် UNIFIL အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်များနှင့် ပိုင်ဆိုင်မှုအားလုံး၏ ဘေးကင်းရေးကို လက်တွေ့အာမခံပေးရမည်ဟု တရုတ်နိုင်ငံက ထပ်လောင်း ပြောကြားပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီတလီအစိုးရသည် အစ္စရေးအာဏာပိုင်များထံ UNIFIL စခန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို လက်မခံကြောင်း ထပ်မံပြောဆိုခဲ့ပြီး တရားဝင်ကန့်ကွက်ကြောင်း အဆိုပြုခဲ့သည်ဟု အီတလီ ဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အီတလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Guido Crosetto က အီတလီနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်အား အရေးပေါ်ဆင့်ခေါ်ခဲ့ပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အစ္စရေးစစ်တပ်က ငြိမ်းချမ်းရေး ထိန်းသိမ်းသူများအား တိုက်ခိုက်မှုသည် “အမှားအယွင်း သို့မဟုတ် မတော်တဆ ပြုမိခြင်း မဟုတ်ကြောင်း”၊ “အစ္စရေးစစ်တပ်ရဲ့ ထပ်ခါတလဲလဲ ပြုလုပ်နေတဲ့ ရန်လိုတဲ့လုပ်ရပ်တွေက စစ်ရာဇ၀တ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
UNIFIL စခန်းကို အစ္စရေး၏ တိုက်ခိုက်မှုသည် စစ်ရာဇ၀တ်မှုဖြစ်ပြီး အားလုံးအနေဖြင့် အပြင်းထန်ဆုံး တုံ့ပြန်မှုလုပ်သင့်သည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Vasily Nebenzya က ပြောကြားခဲ့သည်။ ရုရှားသည် လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ကို အပြည့်အဝ ထောက်ခံပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကို တစ်သဝေမတိမ်း အာမခံရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
UNIFIL စခန်းအား အစ္စရေး၏တိုက်ခိုက်မှုအပေါ် ပြင်သစ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်းနှင့် UNIFIL လုံခြုံရေးကို ချိုးဖောက်သည့် မည်သည့်တိုက်ခိုက်မှုကိုမဆို ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အစ္စရေးအစိုးရ၏ ဖြေရှင်းချက်ကို ပြင်သစ်က စောင့်နေကြောင်း၊ ပဋိပက္ခတွင် ပါဝင်သော အင်အားစုအားလုံးအနေဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား အကာအကွယ်ပေးရမည့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန်၊ UNIFIL ၏ မစ်ရှင် ဆက်လက် ထမ်းဆောင်ခြင်းကို ခွင့်ပြုရန်နှင့် ၎င်း၏ လွတ်လပ်စွာ သွားလာခွင့်ကို လေးစားရန် ပြင်သစ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အပြည့်အဝအကောင်အထည် ဖော်နိုင်ရန် လက်ဘနွန်တွင် ချက်ချင်းနှင့် ရေရှည်အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ပြင်သစ်က ထပ်လောင်းပြောကြားခဲ့သည်။
UNIFIL စခန်းများကို အစ္စရေးက ပစ်ခတ်ခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် “အလွန်စိုးရိမ်မိကြောင်း” ၊ အစ္စရေးစစ်တပ်သည် စစ်ရေးလှုပ်ရှားမှုများအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကို ခြိမ်းခြောက်ခွင့် မရှိကြောင်း အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၀ ရက်တွင် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။
Naqoura ဒေသဌာနချုပ်၏ ကင်းစောင့်မျှော်စင်ရှိ UNIFIL ကို အစ္စရေးက ပစ်ခတ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ဒဏ်ရာရခဲ့ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း စပိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ UNIFIL အဖွဲ့ကို လေးစားရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ဝင်များ၏ လုံခြုံရေးကို အာမခံရန် အင်အားစုအားလုံးကို စပိန်က တောင်းဆိုထားသည်။
ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့ဝင်များအပေါ် ပစ်ခတ်ခြင်းမှာ လုံးဝ သည်းခံနိုင်ဖွယ်၊ လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့ဝင်များသည် မြင့်မြတ်ရာ ထိပါးကျူးလွန်၍ မရကြောင်း အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် Simon Harris က ပြောဆိုခဲ့သည်။ ဒဏ်ရာရစစ်သားများကိုလည်း ၎င်းက အားပေးစကားပြောကြားခဲ့သည်။ အင်အားစုအားလုံးအနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ အစ္စရေးနှင့် လက်ဘနွန်အရပ်သားများ၏ လုံခြုံရေးကို အာမခံရန် Harris က တောင်းဆိုခဲ့သည်။
လက်ဘနွန်နယ်နိမိတ်အတွင်းရှိ UNIFIL ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့ဝင်များကို အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ခြင်းမှာ “တုန်လှုပ်ခြောက်ခြားပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း”၊ ကနေဒါသည် UNIFIL ကို အပြည့်အဝ ထောက်ခံပါကြောင်း ကနေဒါနိုင်ငံခြားရေးဌာနက အောက်တိုဘာလည်း ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် အင်အားစုအားလုံးကို တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်သည် UNIFIL စခန်းနှင့် ကပ်လျက်ရှိသော လက်ဘနွန် တောင်ပိုင်း Naqoura ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုမစတင်မီ UNIFIL အဖွဲ့များအား အကာအကွယ်ရရှိသောနယ်မြေများတွင် နေကြရန် သတိပေးခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်၌ လူမှုမီဒီယာ၌ ဖော်ပြခဲ့သည်။ (Xinhua)

လက်ဘနွန်နိုင်ငံ Ansariyah တွင် အစ္စရေးစစ်တပ်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသော အပျက်အစီးများကို အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………….
(Chinese Version)
综合消息|国际社会强烈谴责以色列袭击联黎部队营地
新华社北京10月11日电 综合新华社驻外记者报道:以色列10日袭击黎巴嫩南部三处联合国驻黎巴嫩临时部队(联黎部队)营地,其中两处为意大利营地,造成两名印度尼西亚籍维和人员受伤。国际社会对此予以强烈谴责,认为这一行径令人震惊,违反国际法,必须确保维和人员的安全。
联合国安理会10日召开紧急会议审议黎以局势。中国常驻联合国代表傅聪在会上说,以色列国防军袭击联黎部队阵地和哨塔,并造成联黎部队人员受伤。中方对此表示严重关切和强烈谴责。联黎部队根据安理会决议的授权执行维和任务,任何蓄意攻击维和人员的行为都严重违反国际人道法和安理会第1701号决议,必须立即停止。中方要求对事件进行调查、追责,并采取措施,杜绝再次发生。中方重申,冲突各方都必须切实保障包括联黎部队在内的全部联合国人员和资产的安全。
意大利总理府10日发表声明说,意大利政府向以色列当局提出正式抗议,重申联黎部队营地发生的事件不可接受。袭击事件发生后,意大利国防部长圭多·克罗塞托紧急召见以色列驻意大利大使,表达强烈抗议,并在随后召开的记者会上说,以军袭击维和人员“不是一个错误或意外”,“以军实施且重复实施的敌对行为可能构成战争罪”。
俄罗斯常驻联合国代表瓦西里·涅边贾在联合国安理会会议上表示,以色列袭击联黎部队营地是战争罪,值得大家作出最强烈的反应。俄罗斯全力支持联合国驻黎巴嫩临时部队,必须严格确保维和人员的安全。
法国外交部10日发表声明说,法国对以色列袭击联黎部队营地表示强烈关切,并谴责任何侵害联黎部队安全的袭击。法国等待以色列政府的解释。法国呼吁冲突各方履行保护维和人员的义务,允许联黎部队继续执行其任务,并尊重其行动自由。法国重申在黎巴嫩需要立即和持久地实现停火,以便全面执行安理会第1701号决议。
美国国家安全委员会发言人10日在一份声明中说,美方对以色列向联黎部队营地开火的报道“深表关切”。以军在行动过程中不能威胁联合国维和人员的安全。
西班牙外交部10日发表声明说,西班牙政府强烈谴责以色列向联黎部队位于纳古拉地区司令部的一座哨塔开火,造成维和人员受伤。袭击严重违反国际人道主义法和安理会第1701号决议。西班牙要求各方尊重联黎部队,并保证维和人员的安全。
爱尔兰总理西蒙·哈里斯10日发表声明说,向维和人员开火是绝对不能容忍和接受的,联合国维和人员神圣不可侵犯。他向受伤的军人表示慰问。哈里斯呼吁各方立即停火,全面执行联合国安理会第1701号决议,并为以色列和黎巴嫩平民提供安全保障。
加拿大外交部10日发表声明说,以色列国防军向黎巴嫩境内的联黎部队维和人员开火“令人震惊和不可接受”。加拿大全力支持联黎部队。声明呼吁各方遵守国际人道主义法,保护维和人员和人道主义工作者的安全。
以色列国防军11日在社交媒体上称,以军在邻近联黎部队营地的黎南部纳古拉地区开展行动前,曾提示联黎部队待在受保护区域。(完)
图说1:2024年10月10日,在位于纽约的联合国总部,联合国安理会应法国要求召开紧急会议审议黎以局势。新华社发(联合国供图/埃瑟金德尔·德贝贝摄)
图说2:这是10月8日在黎巴嫩安萨里亚拍摄的以军袭击造成的破坏。新华社发(阿里·哈希绍摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.