Connect with us

Africa & Middle East

အစ္စရေး-အီရန် အပြန်အလှန် လက်တုံ့ပြန်တိုက်ခိုက်ခြင်းက “အတိုင်းအတာတစ်ခုတွင် ရပ်တန့်” နိုင်မည်လား

အီရန်ကို တိုက်ခိုက်စဉ်ကာလ အစ္စရေးကာကွယ်ရေးတပ် စစ်ဦးစီးချုပ် Herzi Halevi (ဝဲ) အား တဲလ်အဗစ်မြို့ရှိ ကာကွယ်ရေးတပ်ဌာနချုပ်တွင် ထိုင်နေသည်ကို အစ္စရေးအစိုးရ ပြန်ကြားရေးရုံးမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓါတ်ပုံ - အစ္စရေး အစိုးရ ပြန်ကြားရေးရုံး)

တီဟီရန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အီရန် စစ်ရေးပစ်မှတ်များကို အစ္စရေးတပ်က ပစ်မှတ်တိကျတိုက်ခိုက်များ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ပစ်မှတ်များတွင် အီရန်ဒုံးကျည်ထုတ်လုပ်ရေးအဆောက်အဦ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အခင်းအကျင်း စသည့် စစ်ရေးအဆောက်အဦများ ပါဝင်ကြောင်း အစ္စရေးတပ်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် အီရန်စစ်တပ်ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ရာ အစ္စရေးတပ်လှုပ်ရှားမှုကြောင့် ဖြစ်ပွားသည့် “ပျက်စီးဆုံးရှုံးမှု အကန့်အသတ်ရှိကြောင်း” ဖော်ပြခဲ့သည်။
ယခုအကြိမ်တိုက်ခိုက်မှုအတိုင်းအတာ မည်သို့ ရှိသနည်း။ အစ္စရေးက အဘယ်ကြောင့် ဤအချိန်တွင် စတင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သနည်း။ အတုံ့အလှည့် လက်စားချေသည့် သံသရာ ဖြစ်စေမည်လား။

တိုက်ခိုက်မှု အတိုင်းအတာ မည်သို့ ရှိသနည်း

ယင်းမှာ ယခုနှစ်များအတွင်း အစ္စရေးက ပထမဆုံး အတိအလင်း ဝန်ခံခဲ့သည့် အီရန်နိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှု ဖြစ်သည်။ အစ္စရေး၏ ပြင်ပသို့ ထုတ်ပြန်သည့် ကြေညာချက်တွင် “အတိအကျ” နှင့် “ဦးတည်ချက်”ရှိစွာ တိုက်ခိုက်ခဲ့သည်ဟူသော စကားလုံး နှစ်ခုကို ကြိမ်ဖန်များစွာ အလေးထား ဖော်ပြထားသည်။ အစ္စရေး စစ်ထွက်ရာတွင် တိုက်လေယာဉ်၊ ဆီဖြည့်လေယာဉ်၊ ကင်းထောက်လေယာဉ်အပါအဝင် စစ်လေယာဉ် ဒါဇင်ချီပါဝင်သလို ၁,၆၀၀ ကီလိုမီတာခန့် အကွာအထိ ပျံသန်းပြီး ဒုံးကျည်ထုတ်လုပ်ရေးအဆောက်အဦ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အခင်းအကျင်း စသည့် အီရန် စစ်ရေးအဆောက်အဦများ ၂၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ “မစ်ရှင်များ ပြီးဆုံးပြီ” ဖြစ်ကြောင်း၊ “အခု အီရန်မှာ အစ္စရေး လွတ်လပ်စွာ လေကြောင်းသွားလာမှု အတိုင်းအတာ ပိုပြီး ကျယ်ပြန့်လာတယ်” ဟု ကြေညာခဲ့သည်။

အီရန်ဘက်ကမူ အစ္စရေးက ယင်းနေ့တွင် တီဟီရန်၊ Khuzestan နှင့် Ilam ပြည်နယ်ရှိ စစ်အခြေစိုက် စခန်းအချို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ အီရန်စစ်တပ်၏ “ပေါင်းစပ် လေကြောင်း ကာကွယ်ရေးစနစ် (IADS)” က အစ္စရေး၏ “ကျူးကျော်ရေး” လှုပ်ရှားမှုကို အောင်မြင်စွာ “ကြားဖြတ်ဟန့်တား” ခဲ့ကြောင်း၊ အစ္စရေး၏တိုက်ခိုက်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်ပွားသည့် “ပျက်စီးဆုံးရှုံးမှု အကန့်အသတ်” ရှိကြောင်း ပြောကြားခဲ့သည်။ အီရန်စစ်တပ်က အစ္စရေးတိုက်ခိုက်မှုအတွင်း စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်၏ရေနံ အဆောက်အဦစသည်တို့ တိုက်ခိုက်ခံရမှု မရှိကြောင်း သိရသည်။

“အီရန်ရဲ့ အင်အားက ရန်သူတွေကို ဆွံ့အသွားပြီး လုံးဝ အရှက်ရသွားစေတယ်” ဟု အီရန်နိုင်ငံ၏ ပထမ ဒု-သမ္မတ Mohammad Reza Aref က လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့သည်။ ကနဦး ခန့်မှန်းချက်များတွင် အစ္စရေး၏ ယခုအကြိမ် လှုပ်ရှားမှုမှာ “ပျော့ညံ့” ကြောင်း အီရန် Tasnim သတင်းအေဂျင်စီက သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

တိုက်ခိုက်မှုအပြီး တီဟီရန်မြို့တွင်းအခြေအနေ ပုံမှန်ရှိခဲ့သည်။ အီရန်၏ ရက်သတ္တပတ်အားလပ်ရက်မှာ ကြာသပတေးနေ့နှင့် သောကြာနေ့ဖြစ်ပြီး စနေနေ့ (၂၆ ရက်)က အီရန်၏ ရုံးတက်ရက် ဖြစ်ရာ အီရန်နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေး အဓိကလမ်းကြောင်းများ၊ မြို့တွင်း၊ မြို့ပြင်ဆင်ခြေဖုံးတို့ရှိ လမ်းများ၌ သွားလာမှုများ မည်သည့်ပြဿနာမျှ မရှိကြောင်း၊ စက်သုံးဆီ ပံ့ပိုးမှုနှင့် ဖြန့်ဝေမှု ပုံမှန်ရှိကြောင်း၊ “ဆီဆိုင်များမှာ အေးချမ်းတိတ်ဆိတ်တဲ့ ညတစ်ညကို ဖြတ်သန်းခဲ့တယ်” ဟု အီရန်မီဒီယာများက ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အဘယ့်ကြောင့် ဤအချိန်တွင် တိုက်ခိုက်ရပါသနည်း

ယခုနှစ် ဧပြီလက အီရန်မှ အစ္စရေး စစ်ရေးနေရာများကို “အကန့်အသတ်” ဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာမှ အစ္စရေး၏လက်တုံ့ပြန်တိုက်ခံမှု အီရန်ခံခဲ့ရသည် ဟူသော သံသယရှိသည်မှာ ၅ ရက်သာ အချိန်ခြားခဲ့သည်။

ယခုအကြိမ် အီရန်က အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာမှ အစ္စရေးက တန်ပြန်တိုက်ခိုက်ခဲ့သည့် အချိန်မှာ ၂၅ ရက် ခြားခဲ့သည်။ သုံးသပ်သူများက အကြောင်းအမျိုးမျိုးကြောင့် ယခုအကြိမ် အစ္စရေး၏လက်တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်သည့်အချိန် ပိုကြာစေခြင်း ဖြစ်သည်ဟု ယူဆကြသည်။

ပထမအနေဖြင့် အစ္စရေး လက်တုံ့ပြန်လှုပ်ရှားမှုအပေါ် အမေရိကန်နှင့် အစ္စရေး အကြား ညှိနှိုင်းနေရခြင်း ဖြစ်သည်။ အီရန်၏ ရေနံလုပ်ကွက် သို့မဟုတ် နျူကလီးယား အဆောက်အဦများကို တိုက်ခိုက်မည်ဟု အစ္စရေးဘက်က အစပိုင်းတွင် လေသံလွှင့်ခဲ့သော်လည်း မကြာမီမှာပင် ဘိုင်ဒန်အစိုးရက သဘောမတူကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပြီး အီရန်၏ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန် တောင်းဆိုခဲ့သည်။ ”အမေရိကန်ရဲ့ ဩဇာက နောက်ဆုံးမှာတော့ အကျိုးသက်ရောက်မှု အချို့ရှိလာပြီ ၊ ဘာဖြစ်လို့လဲ ဆိုတော့ အစ္စရေးက တကယ်ပဲ လူတွေကြိုတင်ခန့်မှန်းထားသလို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လှုပ်ရှားခဲ့လို့ပါပဲ” ဟု CNN သတင်းဌာနက ပညာရှင်၏ပြောကြားချက်ကို ကိုးကား၍ သုံးသပ်ဖော်ပြခဲ့သည်။

ဒုတိယအနေဖြင့် အစ္စရေးက ဒုံးခွင်းဒုံးစနစ်၏ မပြည့်စုံမှုကို ပြန်လည်ဖြည့်တင်းရမည် ဖြစ်သည်။ အစ္စရေး၏ “Iron Dome” စသည့် ဒုံးခွင်းဒုံးစနစ်သည် ကမ္ဘာ့နာမည်ကျော်ဖြစ်သော်လည်း အောက်တိုဘာ ၁ ရက်က အီရန်ပစ်ခတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် ၂၀၀ ခန့်သည် အစ္စရေး ကာကွယ်ရေး ကွန်ရက်ကို ဆုတ်ပြဲစေသည်ဟု ယူဆရသည်။ ဤသို့သော အခြေအနေမျိုးတွင် အမေရိကန်က အစ္စရေးကို “THAAD” ဒုံးခွင်းဒုံးစနစ် အရေးပေါ် ပံ့ပိုးခဲ့ရာ ယင်းစနစ်မှာ မကြာမီရက်ပိုင်းကမျှ ဖြန့်ကြက်ပြီးဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလတွင် မကြာမီ ကျင်းပတော့မည့် အမေရိကန် ရွေးကောက်ပွဲနှင့် အစ္စရေး ပြည်တွင်းအားလပ်ရက်များကလည်း ယခုအကြိမ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှု အချိန်ကို သက်ရောက်သည့် အကြောင်းရင်းများ ဖြစ်သည်။ အစ္စရေးက တိုက်ခိုက်မှုအချိန်ကို အမေရိကန် ရွေးကောက်ပွဲမတိုင်မီ လုပ်နိုင်သည်ဟု အီရန် ပညာရှင်နှင့် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန်ခန့်မှန်းကြသည်။ အမေရိကန် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးအနေဖြင့် အီရန်ကို မတိုက်ခိုက်မီ အမေရိကန်ကို ကြိုတင်အသိပေးခဲ့သလို “တတိယပါတီ အများအပြား”မှတစ်ဆင့် အီရန်ကို အကြောင်းကြားခဲ့ရာ “အစ္စရေးဘက်က တိုက်ခိုက်မည့် ခန့်မှန်းခြေ ပစ်မှတ်များနှင့် မတိုက်ခိုက်မည့် ပစ်မှတ်များကို အစ္စရေးက အီရန်ကို ကြိုတင် အကြောင်းကြားခဲ့တယ်” ဟု သိရသည်။ ၎င်းတို့အနက် “တတိယပါတီ” တစ်ဦးမှာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Caspar Veldkamp ဖြစ်ပေသည်။ Caspar Veldkamp သည် အောက်တိုဘာ ၂၅ ရက်က အီရန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဆက်သွယ်ပြောကြားခဲ့ရာ သက်ဆိုင်ရာ ဘက်အသီသီးက “ထိန်းထိန်းသိမ်းသိမ်း” ရှိကြရန် တိုက်တွန်းခဲ့သည်။

အစ္စရေး တိုက်ခိုက်မှုမပြုမီ အီရန်၏ စစ်ရေးနှင့် ကာကွယ်ရေး အဆောက်အဦများက လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီဖြစ်ပြီး အချက်အချာကျသည့် နေရာများ၏ လေကြောင်းရန်ကာကွယ်ရေးအင်အားကို အီရန်လက်နက်ကိုင်တပ်ဖွဲ့က ဖြည့်တင်းကြောင်း အီရန် အနောက်အာရှရေးရာ အကြီးတန်း ပညာရှင် Seyed Reza Sadr al-Hosseini က ဆင်ဟွာကို ပြောကြားခဲ့သည်။

အတုံ့အလှည့် လက်စားချေသည့် သံသရာ ဖြစ်စေမည်လား

အစ္စရေးနှင့် အီရန် နှစ်ပေါင်းများစွာ ပဋိပက္ခသည် အသစ်ဖြစ်သော၊ ပွင့်လင်းသော၊ ပို၍ အန္တရာယ်များသော အဆင့်ကို ဝင်ရောက်နေပြီ ဖြစ်သော်လည်း ယခုအကြိမ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုက “တော်ရုံတန်ရုံ” သာ ဆောင်ရွက်ခဲ့ရာ နှစ်ဖက်စလုံးက တင်းမာမှုအခြေအနေများ တစ်ဆင့်တိုး အရှိန်မြင့်တက်သွားလိုခြင်းမရှိကြကြောင်း၊ လက်ရှိ အရိပ်လက္ခဏာကို ကြည့်လျှင် အနည်းဆုံးတော့ လတ်တလောတွင် ဘက်စုံစစ်ပွဲဖြစ်ပွားနိုင်ခြေ သိပ်မရှိကြောင်း သုံးသပ်သူများက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။

ယခုအကြိမ် အစ္စရေး၏ တိုက်ခိုက်မှုတိုင်းက စစ်ရေးပစ်မှတ်များကို တင်းကြပ်စွာ ပစ်မှတ်ထားဦးတည်ခြင်းဖြစ်ပြီး ပဋိပက္ခ အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်မည့်အန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချခဲ့ကြောင်းThe Jerusalem Post က အစ္စရေးစစ်တပ်၏ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။
အီရန်က အစ္စရေး၏ ယခုအကြိမ် တိုက်ခိုက်မှုအပေါ် တုံ့ပြန်မည့် အစီအစဉ်မရှိကြောင်း ပြင်ပလမ်းကြောင်းမှတစ်ဆင့် အစ္စရေးကို အီရန် အသိပေးပြီး ဖြစ်သည်ဟု Sky News အာရပ်ဘာသာစကားချယ်နယ်က အောက်တိုဘာ ၂၆ ရက်တွင် သတင်းအရင်းအမြစ်ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

Quincy Institute နိုင်ငံအုပ်ချုပ်မှု အတတ်ပညာ (Statecraft) သုတေသနဌာန အမှုဆောင် ဒု ဥက္ကဋ္ဌ Trita Parsi က အစ္စရေး၏ တိုက်ခိုက်ရေးလှုပ်ရှားမှုများ ပြီးဆုံးပြီ ဖြစ်သော်လည်း ရလဒ်က အတိအလင်းမရှိကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။ အီရန်ဘက်က ယခုအကြိမ်တိုက်ခိုက်မှုနောက်ဆက်တွဲကို ပေါ့ပေါ့ပါးပါးသာ သဘောထားရာ ယင်းမှာ အီရန်ဘက်က အခြေအနေများ ပြေလျော့ရန် မျှော်လင့်သည့် သဘော ဖြစ်နိုင်ကြောင်း၊ “အကယ်၍ အီရန်အနေနဲ့ ယခုအကြိမ်မှာ ထိန်းထိန်းသိမ်းသိမ်းနေဖို့ ရွေးချယ်လိုက်ပြီဆိုရင် ဒီတစ်ခေါက်တိုက်ခိုက်မှုတွေက တစ်ဖြတ်အဆုံးသတ်ပြီပေါ့၊ ဒါပေမဲ့ (နှစ်ဖက်) ပဋိပက္ခကတော့ ဆက်ရှိနေဦးမှာပဲ…အပြန်အလှန်ပစ်ခတ်မှုအသစ် ဘယ်တော့ဖြစ်မလဲဆိုတာပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

“အီရန်-အီရတ် စစ်ပွဲမှစပြီး တီဟီရန်မှာ ဒီလိုတိုက်ခိုက်မှုမျိုး မကြုံခဲ့ရဖူးဘူး။ ဒါက ကျယ်ကျယ်ပြန့်ပြန် သဘောလောက်သာ တိုက်ခိုက်တာမျိုး လုံးဝ မဟုတ်ပါဘူး”၊ “ကျွန်မတို့အနေနဲ့ ဘယ်အချိန်ကထက်မဆို အစ္စရေး-အီရန် တိုက်ရိုက်စစ်ပွဲ ဖြစ်ပွားမယ့် အခြေအနေနဲ့ နီးကပ်နေတယ်၊ ဒီတစ်ကြိမ်တိုက်ခိုက်မှုအပေါ် အီရန် ခေါင်းဆောင်တွေရဲ့ တရားဝင် တုံ့ပြန်ချက်က လာမယ့်ရက်ပိုင်း ဖြစ်ပွားလာမယ့်အခြေအနေကို ပြသမှာ ဖြစ်တယ်” ဟု အမေရိကန် လူမျိုးရေး၊ အခွင့်အာဏာနှင့် နိုင်ငံရေး စီးပွားရေးဆိုင်ရာ သုတေသနဌာန သုတေသီ Nina Turner က လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားခဲ့သည်။( Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန် လမ်းမပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
热点问答丨以伊报复打击会否“点到为止”
新华社德黑兰10月26日电 热点问答丨以伊报复打击会否“点到为止”
新华社记者陈霄 沙达提 姚兵   以色列军方26日说,以军对伊朗军事目标实施一系列精准打击,目标包括伊朗导弹制造设施和地对空导弹阵列等军事设施。伊朗军方同日发布公告说,以军行动造成的“损失有限”。此次打击力度如何?以色列为何选择此时动手?会否引发循环报复?

打击力度如何
这是近年来以色列首次公开承认在伊朗境内实施军事行动。以方对外声明中,反复强调两个词“精准”和“有针对性”。以军出动包括战斗机、加油机和侦察机在内的数十架军机,奔袭约1600公里,打击导弹制造设施和地对空导弹阵列等约20个伊朗军事目标,并宣称“任务已经完成”,“现在,以色列在伊朗拥有更广泛的空中行动自由”。   伊朗方面表示,以色列当天袭击了德黑兰、胡齐斯坦和伊拉姆省的部分军事基地,伊军“集成防空系统”成功“拦截”以色列的“侵略”行动,以色列打击行动造成的“损失有限”。伊朗军方还表示,两名士兵在以色列袭击中丧生。不过,伊朗石油设施等未受到攻击。
伊朗第一副总统穆罕默德·礼萨·阿雷夫在社交媒体上发文说:“伊朗的力量让敌人哑口无言、备受羞辱。”伊朗塔斯尼姆通讯社援引消息人士的话报道,初步估计表明,以色列此次行动是“软弱”的。
袭击后,德黑兰市内局势正常。伊朗的周末是周四和周五,周六(26日)是伊朗的工作日,伊朗媒体援引警方等消息源报道,伊朗全国交通干线以及市区和郊区的道路通行没有出现任何问题,汽油供应和分配如常,“加油站度过了一个平静的夜晚”。       为何此时动手
今年4月,从伊朗对以色列军事地点进行“有限”报复打击,到伊朗疑遭以色列报复,间隔5天。此次从伊朗10月1日对以发动导弹袭击,到以色列再回击,间隔25天。分析人士认为,多重因素决定此次以色列报复打击准备时间更长。
首先,美以之间要就以色列报复行动进行协调。以色列方面一开始放风要打击伊朗油田或核设施,但拜登政府随即公开表示不赞同,要求以色列只打击伊朗军事目标。美国有线电视新闻网援引专家的话评论说:“美国影响力终于产生了一些效果,因为以色列真的进行了人们预期中最有节制的行动。”
其次,以色列要弥补反导系统的不足。以色列“铁穹”等反导系统举世闻名,但伊朗10月1日发射约200枚弹道导弹,被认为撕破了以色列防御网络。在这种背景下,美国给以色列紧急提供一套“萨德”反导系统,这套系统日前刚刚部署就位。
此外,11月即将到来的美国大选和以色列国内假日也被认为是此次以色列军事行动时机的影响因素。伊朗专家和媒体此前普遍预测以色列会将袭击时间点放在美国大选前。   据美国媒体报道,以色列在打击伊朗前,不仅提前告知了美国,还通过“好几个第三方”提前告知了伊朗,“以色列提前向伊朗清楚地说明了以方要打击的大致目标,以及不会打击的目标”。其中一个“第三方”是荷兰外交大臣卡斯帕·费尔德坎普。费尔德坎普25日刚与伊朗外长通话,敦促相关各方“保持克制”。
伊朗西亚问题资深专家赛义德·礼萨·萨德尔·侯赛尼告诉新华社记者,以色列进行打击前,伊朗所有军事和国防设施都已做好必要准备,伊朗武装部队加强了关键区域的防空力量。
会否引发循环报复
分析人士普遍认为,以色列和伊朗多年的冲突正在进入新的、公开的、更危险的阶段,但此次以色列军事行动“适度”,双方似乎都没有意愿让局势进一步升级。从现有迹象看,至少暂时不太可能发生一场全面战争。
《耶路撒冷邮报》援引以军方消息源报道说,此次以方的每一轮打击均严格针对军事目标,以尽量降低冲突进一步升级的风险;英国天空新闻电视台阿拉伯语频道26日援引消息人士的话报道,伊朗已通过外方渠道告知以色列,伊朗没有对以色列此次打击进行回应的计划。
美国昆西治国方略研究所执行副总裁特里塔·帕尔西在社交媒体上说,以色列的打击行动已经结束,但结果仍不明朗。伊朗方面对此次打击的结果轻描淡写,这或许是伊朗希望缓和局势的表现。“如果伊朗此次选择克制,那么这一轮袭击应该已经告一段落,但(双方)冲突仍将持续存在……新的交火只是时间问题。”
“自两伊战争以来,德黑兰尚未遭受过此类袭击。这是一次广泛的、绝非象征性的袭击。”美国种族、权力与政治经济学研究所研究员尼娜·特纳在社交媒体上说,“我们比以往任何时候都更接近以伊直接战争。伊朗领导人对这次袭击的正式回应将向我们表明接下来几天的局势走向。”(完)

1. 这张10月26日发布的照片显示,在对伊朗袭击期间,以色列国防军总参谋长哈莱维(左)坐在位于特拉维夫的国防军总部内。新华社发(以色列政府新闻办公室供图)
2. 这是10月26日4点50分左右拍摄的德黑兰市区。当地时间26日凌晨,新华社记者在伊朗首都德黑兰多次听到爆炸声。(新华社记者姚兵摄)
3. 10月26日,车辆行驶在伊朗首都德黑兰街头。(新华社记者沙达提摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.